ဒီဆောင်းပါးလေးကိုရေးရတဲ့အဓိကအကြောင်းအရင်းကတော့မကြာသေးမှီကကျွန်တော်ရေးခဲ့တဲ့ကြက်သွန်ဖြူ
ရဲ့ အသုံးဝင်ပုံကိုတင်ပြခဲ့တဲ့ဆောင်းပါးလေးမှာမင်ဘာသူငယ်ချင်းတစ်ယောက်ကငှက်ပျောသီးရဲ့ အကျိုးကျေးဇူး
ကိုပါကော့မင့်အဖြစ်တင်ပြခဲ့လို့ ကျွန်တော်ကသိပ်သဘောကျပြီးထိုကော့မင့်ကိုဖြည့်စွက်သောအားဖြင့်ပိုတက်ဆီ
ယမ်အကြောင်းကိုအကျဉ်းတင်ပြပေးလိုက်ပါတယ်။အဲဒီဆောင်းပါးကိုကာယဗလဆောင်းပါးတစ်ခုဖြစ်တဲ့ Potassium Pump ဆိုတဲ့ဆောင်းပါးကိုဘာသာပြန်တင်ပြပေးလိုက်တာပါ။
အမျိုးသား၊အမျိုးသမီး 3000 ကျော်ကိုလေ့လာတွေ့ ရှိချက်အရ ဆိုဒီယမ်ထက်ပိုတက်ဆီယမ်ကိုပိုပြီးအသုံးပြုသူ
ငါးဆယ်ရာခိုင်နှုန်းဟာဆိုဒီယမ်ကိုပိုတက်ဆီယမ်ထက်ပိုသုံးသူများထက်နှလုံးရောဂါနှင့်အခြားသောရောဂါဆိုး
များမှပိုမိုကာကွယ်နိုင်စွမ်းရှိကြောင်းကိုတွေ့ ရှိရသည်။လူအတော်များများကတော့ငှက်ပျောသီးသည်ပိုတက်ဆီ
ယမ်ကြွယ်ဝသောအာဟာတစ်မျိုးဖြစ်ကြောင်းကိုသိကြပြီးဖြစ်သည်။သို့ သော်တစ်ကယ်တမ်းတွင်မူအသီးအနှံ
အားလုံးထဲတွင်အာလူးသည်ပိုတက်ဆီယမ်အကြွယ်အ၀ဆုံးသောအာဟာရဖြစ်သည်ကိုမှတ်သားထားရမည်
ဖြစ်သည်။နောက်တစ်ခုမှတ်သားထားရမည်မှာအာလူးထဲတွင်ပါဝင်သောပိုတက်ဆီယမ်သည်အခွံရော၊
အသားထဲတွင်သာပါသည်ကိုဂရုပြုသင့်ပါသည်။ထို့ ကြောင့်အာလူးမှပိုတက်ဆီယမ်ကိုအပြည့်အ၀ရယူလို
သူများသည်ဖြစ်နိုင်လျင်အခွံကိုပါစားသင့်ပါသည်။အကယ်၍သင်သည်ကာဗိုဟိုက်ဒရိတ်ကိုလျော့စားနေသူ
ဖြစ်ပါကအာလူးကိုသတိဖြင့်ချင့်ချိန်စားပါ။သာမန်အာလူးတစ်လုံးတွင် 125 ကယ်လိုရီ ပါဝင်ပြီး၊ကာဗိုဟိုက်
ဒရိတ် 28 ဂရမ်ပါဝင်သည်ကိုမှတ်သားထားပါ။
နောင်ကိုလည်းအာဟာရနှင့်ပါတ်သက်သောဆောင်းပါးများကိုလည်းတင်ဆက်ပေးသွားပါဦးမည်။
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

No comments:
Post a Comment