arial" action="like" colorscheme="light">

Sunday, May 4, 2014

ကမ္ဘာကျော်ကာယဗလဖြည့်စွက်ဆေးများနှင့်ဆိုးကျိုးများ

ကာယဗလလေ့ကျင့်သူတိုင်းသည်မိမိကိုယ်ခန္ဓာကြီးထွားသန်မာကျစ်လစ်စေရန်အတွက်ဖြည့်စွက်
ဆေးများသည်အရေးပါကြောင်းကိုသိထားပြီးဖြစ်သော်လည်းထိုဖြည့်စွက်ဆေးများ၏အခြားတစ်ဖက်
ဖြစ်သောဘေးထွက်ဆိုးကျိုးအချို့ ကိုလည်းသိထားကြစေရန်တင်ပြပေးလိုက်ပါသည်။ဤကဲ့သို့ 
ဘေးထွက်ဆိုးကျိုးများကိုတင်ပြနေ၍ကျွန်တော့်ကိုဖြည့်စွက်ဆေးများကိုဆန့် ကျင်သူဟုမထင်မှတ်
လိုက်ပါနှင့်။ကျွန်တော်ဤဆောင်းပါးကိုရေးရခြင်း၏အဓိကအချက်မှာဖြည့်စွက်ဆေးများကိုဒုတိယ
ဘုရားသခင်သဖွယ်ထင်မြင်နေသူများကိုအသိပေးလိုခြင်းဖြစ်ပါသည်။သို့ သော်အသေအချာမှတ်
သားထားရမည်မှာကာယဗလဖြည့်စွက်ဆေးများသည်အားကစားစွမ်းရည်ကိုတိုးတက်စေရန်နှင့်
ကြွက်သားထုထည်တက်လာစေရန်အတိုင်းအတာတစ်ခုအထိကိုအကူအညီအမှန်တစ်ကယ်ပေး
နိုင်ပါသည်။ထို့ အပြင်နောက်ထပ်မှတ်သားရမည်မှာဖြည့်စွက်ဆေးများမပါဘဲလည်းအာဟာရကိုမှန်
မှန်ကန်ကန်ရွေးချယ်စားသောက်ပြီး၊လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ကာပြည့်ပြည့်၀၀အနားယူတတ်မည်ဆို
ပါကလည်းကြွက်သားထုတက်နိုင်ပါသည်။ယခုတော့အများအသုံးများသည့်တစ်ကယ်အကျိုးပြုသည့်
ဖြည့်စွက်ဆေးများကိုများများသုံးမိပါကကြုံရနိုင်သည်ဘေးထွက်ဆိုးကျိုးများကိုအရင်လေ့လာလိုက်
ပါဦး။
 Creatine ၏ကောင်းကျိုး-
ယနေ့ ခေတ်တွင်လူသုံးအများဆုံးသောကာယဗလဖြည့်စွက်တစ်မျိုးမှာ၊
Creatine ဖြစ်ပြီးလွန်ခဲ့သောဆယ်စုနှစ်နှစ်ခုလောက်မှစ၍တွင်ကျယ်လွန်းစွာအသုံးပြုလာကြသည်။
Creatine ကိုအမှုန့် ရော၊ဆေးတောင့်ပုံစံပါရနိုင်ပါသည်။ကျန်းမာသန်စွမ်းသူတစ်ယောက်သည်တစ်
နေ့ ကို5 -ဂရမ်မှ 20 -ဂရမ်အထိအသုံးပြုနိုင်ပါသည်။
Creatine ၏ဘေးထွက်ဆိုးကျိုး-
            Creatine သည်ကျွန်တော်တို့ ၏ကြွက်သားဆဲလ်အတွင်းတွင်ရှိပြီးသားအော်ဂဲ
နစ်အက်ဆစ်တစ်မျိုးဖြစ်သည်။ Creatine သည်ခန္ဓာကိုယ်အတွင်းရှိအခြားသောကိုယ်တွင်းအင်္ဂါများအ
တွင်းမှရေကိုစုပ်ယူပြီးကြွက်သားဆဲလ်များအတွင်းသို့ ပို့ ဆောင်ပေးခြင်းကြောင့်ကျန်အင်္ဂါအစိတ်အပိုင်း
များသည်ရေဓါတ်ခန်းခြောက်ပြီးကြွက်တက်ခြင်းဖြစ်သည်။ Creatine သည်ကြွက်သားအင်အားကိုအ
ဆမတန်တိုးပွားစေပြီး၊ပုံမှန်မဟုတ်သောပမာဏလောက်ပင်ကိုယ်အလေးချိန်ကိုတိုးတက်စေသည်။ထို့ 
အပြင် Creatine ကိုကြာရှည်စွာသုံးခြင်းသည်ကျောက်ကပ်အတွင်းကျောက်တည်စေခြင်းအပြင်အခြား
သောပြသနာများကိုလည်းဖြစ်စေနိုင်သည်။ Creatine သည်အစာအိမ်ကိုပင်ကြွက်တက်စေနိုင်သော
ဆေးဖြစ်သည်။

Caffeine ၏ကောင်းကျိုး-
            Caffeine သည်လှုံဆော်ပေးသောဖြည့်စွက်ဆေးဖြစ်ပြီးလည်းကောင်းကိုတစ်
နေ့ လျင် 300 မီလီဂရမ်လောက်သုံးခြင်းသည်ပြသနာမရှိပေ။ကာယဗလဖြည့်စွက်ဆေးအနေနှင့်မူ
အင်အားနှင့်သက်လုံကိုတိုးတက်စေသည်။
Caffeine ၏ဘေးထွက်ဆိုးကျိုး-
            ကာယဗလသမားများသည်ပြင်းပြင်းထန်ထန်လေ့ကျင့်နိုင်ရန် Caffeine ကိုများ
များစားစားအသုံးပြုကြခြင်းကြောင့်ရင်တုန်မောပန်းခြင်း၊၀မ်းပျက်ခြင်းစသောပြသနာများကိုဖြစ်စေနိုင်
သည်။ကဖင်းများများအသုံးပြုလွန်းခြင်းကြောင့်ရေဓါတ်ခန်းခြောက်ခြင်းကိုဖြစ်စေနိုင်သည်။
Andro Supplements ၏ကောင်းကျိုး-
            Andro hormones များသည်ခန္ဓာကိုယ်အတွင်းတွင်တက်စတိုစတီရုန်းများအ
ဖြစ်ပြောင်းလဲသွားပြီး၊ကြွက်သားများကိုကြီးထွားစေသည်။ကြွက်သားကြီးထွားလိုသူများသည်တစ်နေ့ 
ကို 200-မီလီဂရမ်သာအသုံးပြုသင့်သည်။
Andro Supplements ၏ဘေးထွက်ဆိုးကျိုး-
            Andro Supplements များ၏အဓိကဘေးထွက်ဆိုးကျိုးများမှာ၊အမွှေးများ
သန်လာခြင်းနှင့်အထွက်များလာခြင်း၊တစ်ခါတစ်ရံရင်သားကင်ဆာနှင့်ပန်းသေပန်းညှိုးများပင်ဖြစ်
စေနိုင်သည်။ထို Andro ဟိုမုန်းများသည်အမျိုးသားများတွင်လိင်စိတ်ဆန္ဒနည်းပါးသွားစေပြီးအမျိုးသမီး
များတွင်မူလိင်ဟိုမုန်းများထကြွသောင်းကျန်းစေပြီးဓမ္မတာစက်ဝန်းများမမှန်မကန်ဖြစ်စေသည်။

Glutamine ၏ကောင်းကျိုး-
            Glutamine သည်ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းတွင်ရှိသောမရှိမဖြစ်လိုအပ်
သောအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီးကြွက်သားထုတက်စေရန်အထောက်အကူပြုသည့်ဖြည့်စွက်ဆေး
ဖြစ်ပြီးတစ်နေ့ ကို 5-ဂရမ်မှ 15-ဂရမ်အထိသုံးနိုင်သည်။
Glutamine ၏ဘေးထွက်ဆိုးကျိုး-
            Glutamine များများသုံးလွန်းလျင်စိတ်ကျခြင်း၊အစာအိမ်ပြသနာများနှင့်ခန္ဓာ
ကိုယ်နာကျင်ကိုက်ခဲစေပြီးအာရုံစူးစိုက်မှုလျော့ကျစေသည်။
Nitric Oxide ၏ကောင်းကျိုး-
            Nitric Oxide သည်ခန္ဓာကိုယ်အတွင်းတွင်သဘာဝအတိုင်းဖြစ်ပေါ်နေသော
ကွန်ပေါင်းဖြစ်ပြီး၊ကြွက်သားများအတွင်းသို့ အာဟာရများသယ်ယူပို့ ဆောင်ပေးသောကြောင့်ကြွက်
သားများကြီးထွားစေနိုင်သည်။လည်းကောင်းကိုပရော်ဖက်ရှင်နယ်ကာယဗလသမာများနှင့်အခြားသော
အားကစားနယ်ပယ်များမှအားကစားသမားများသုံးကြသော်လည်းယခုနောက်ပိုင်းလူတိုင်းလိုလိုသုံး
လာကြသည်။မိမိအတွက်သင့်လျော်သောအသုံးပြုရမည့်ပမာဏအတိအကျကိုမူဆရာဝန်များနှင့်တိုင်
ပင်သင့်ပါသည်။
Nitric Oxide ၏ဘေးထွက်ဆိုးကျိုး-
            များများစွဲသုံးပါကခေါင်းကိုက်ခြင်း၊အာရုံကြောများဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း
နှင့်အသက်ရှုခြင်းနှင့်ဆက်စပ်နေသောပန်းနာရင်ကျပ်စသည့်ရောဂါများဖြစ်စေနိုင်ပါသည်။နောက်ထပ်
ဆိုးကျိုးတစ်ခုမှာကိုယ်တွင်းအပူချိန်များလွန်းလာစေပြီးနှလုံးခုန်နှုန်းကိုများစွာပြောင်းလဲစေနိုင်ပါသည်။
ထို့ အပြင် Whey protein ,ဗိုက်တာမင်နှင့်သတ္တုဓါတ်များပါဝင်သောကာယဗ
လဖြည့်စွက်ဆေးများနှင့်အားဆေးများသည်ကိုယ်တွင်းအပူချိန်ကိုမြင့်တက်စေသောဆေးများဖြစ်
သည်။ Whey protein ၏ဘေးထွက်ဆိုးကျိုးများမှာအသည်းဒဏ်ပိစေခြင်း၊ကျောက်ကပ်ကိုထိစေ
ခြင်းတို့ နှင့်ဗိုက်တာမင်မျိုးစုံပါသောအားဆေးများကိုအလွန်အကျူးသုံးပါကခေါင်းကိုက်ခြင်း၊ကြွက်သား
များကိုက်ခဲခြင်းနှင့်ရေဓါတ်ခန်းခြောက်ခြင်းတို့ ဖြစ်စေသည်။သတ္တုဓါတ်များပါသောဆေးများအသုံးလွန်
ပါကအစာအိမ်ကိုဒုက္ခဖြစ်စေခြင်း၊ကြွက်သားများကိုအားယုတ်စေခြင်းစသည်တို့ ကိုဖြစ်စေနိုင်ပါသည်။
        အထက်ပါအချက်များနှင့်အားမရသေးပါကအနည်းငယ်တင်ပြလိုပါသေးသည်။
ယနေ့ ခေတ်ဈေးကွက်ထဲတွင်ရောင်းချနေသောပရိုတိန်းဆေးမှုန့် များကို aspartame, saccharin, fructose နှင့်အရောင်ဆိုးဆေးများအသုံးပြုပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ထို့ အပြင်ယနေ့ 
ခေတ်ကာယဗလဖြည့်စွက်ဆေးများအားလုံးသည်အရသာအမျိုးမျိုးအတွက်ဓါတုဆေးများဖြင့်သာပြု
လုပ်ထားကြပြီး၊သဘာဝမှရသောအရသာများမဟုတ်ခြင်းကြောင့်ဓါတုဆေးများ၏ဆိုးကျိုးသည်ကျွန်
တော်တို့ ၏ကျန်းမာရေးအတွက်ဘေးဖြစ်စေနိုင်သည်မဟုတ်ပါလား။ထို့ အပြင်ပရိုတိန်းဆေးများတွင်
ပါဝင်သော Aspartame သည် formic acid နှင့် formaldehyde တို့ ပါဝင်ပြီးထို formaldehyde
များသည်အာရုံကြောဆဲလ်များကိုပျက်ဆီးစေသည့်အတွက် whey protein ကိုကြာရှည်စွာစွဲသုံးပါက
အသည်းကိုပင်ပျက်ဆီးစေနိုင်သည်။
            ကျွန်တော်လက်လှမ်းမှီသလောက်လေးကိုစုစည်းတင်ပြထားခြင်းဖြစ်သည်။
ကာယဗလဖြည့်စွက်ဆေးများတွင်ပါဝင်သောဘေးထွက်ဆိုးကျိုးများသည်လူတိုင်းအပေါ်သက်ရောက်
မှုရှိမရှိဆိုသည့်အချက်သည်လူတစ်ဦးနှင့်တစ်ဦးခန္ဓာကိုယ်တည်ဆောက်ပုံခြင်းမတူညီသလိုသက်
ရောက်ပုံခြင်းလည်းမတူညီကြပါ။ထို့ ကြောင့်ဖြည့်စွက်ဆေးများကိုသုံးမည်ဆိုပါကလည်း၊အကောင်းဆုံး
အကြံပြုလိုသည်ကတော့ကောင်းကျိုးဆိုးကျိုးအားလုံးကိုသိအောင်လေ့လာထားသင့်ပြီးစတင်မသုံးစွဲမှီ
အလျင်ဆရာဝန်နှင့်တိုင်ပင်ပါကလည်းပို၍ကောင်းသည်။(ကျွန်တော်တို့ နိုင်ငံတွင်ဤအချက်သည်အ
တော်ပင်အားနည်းနေသောကြောင့်ဆေးပညာ၏အကျိုးကိုအပြည့်အ၀မခံစားကြရဘဲလက်မဲ့ဖြစ်နေကြ
ခြင်းဖြစ်သည်။)
            ဤဆောင်းပါးသည်ယနေ့ ခေတ်ဆေးဖက်ဆိုင်ရာကုမ္ပဏီများအင်မတန်များ
သော၊အလွန်တိုးတက်နေသော၊ကာယဗလဖြည့်စွက်ဆေးများကိုတံဆိပ်ပေါင်းရာနှင့်ချီပြီးထုတ်လုပ်
နေသောအိန္ဒိယမှဆောင်းပါးရှင် Suvamita Ghosh ၏ Bodybuilding Supplements Side Effects
ဟူသောဆောင်းပါးကိုဘာသာပြန်စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ဤဆောင်းပါးနှင့်ပါတ်သက်ပြီး
ရှင်းလင်းဝေဖန်လိုသူများသည်ကျွန်တော့်ထံတွင်မူရင်းအတိအကျပိုမိုစုံလင်စွာရှိပါသည်။အထောက်
အထားနှင့်တကွငြင်းလိုသူများလည်းငြင်းနိုင်ပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com







No comments:

Post a Comment