arial" action="like" colorscheme="light">

Sunday, May 11, 2014

၈ ထပ်ကွန်း လီဟေနီ၏ ၀မ်းဗိုက်လေ့ကျင့်ခန်း

ကျွန်တော်တို. ဒီတစ်ခေါက် လေ.လာရမှာတော. မောင်အိုလံပီယာ ပြိုင်ပွဲမှာ (၈) ကြိမ် ဆက်တိုက်ဗိုလ်စွဲခဲ.တဲ. လီဟေနီ ရဲ. ၀မ်းဗိုက်သား ကစားနည်းလေးပါ။ လီဟေနီဟာ ဆိုရင် မောင်အိုလံပီယာဆု အပါအ၀င် အခြားကာယဗလနဲ. ပတ်သက်တဲ. ဆုပေါင်း (၂၀) ကျော်ဆွတ်ခူး ခဲ.သူပါ။ ဆုရရှိခဲ.တဲ.ပြိုင်ပွဲတိုင်းမှာလည်း အနိမ်.ဆုံး တတိယ အဆင်.ပါပဲ။ များသောအားဖြင်. ပထမဆု ချည်းပဲ ဆွတ်ခူးခဲ.သူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူဟာ ၀မ်းဗိုက် လေ.ကျင်.ခန်းနဲ. ပတ်သက်ပြီး ဘယ်လို ပြောထားသလဲ ဆိုတော. ကာယဗလ သမားတွေဟာ လက်မောင်းရှေ.သားကို ကြီးသည်ထက် ကြီးအောင် ကစားချင်ကြတယ်။ ဒါပေမယ်. ၀မ်းဗိုက်သားကိုကျတော. မေ.နေကြတယ်လို. ပြောကြားပါတယ်။ တစ်ချို.ကျ ပြန်တော.လည်း ၀မ်းဗိုက်သား ကို ဖြစ်ကတတ်ဆန်း နည်းနည်းပါးပါးပဲ အပေါ်ယံ ကစားတတ်ကြတယ်လို. သူက ပြောကြားပါတယ်။ ပြီးတော. တစ်ချို.ဆိုရင် ပြိုင်ပွဲနားနီးမှ ကစားတတ်ကြတယ်။ ဒီလို ကစားကြတာဟာ အမှားကြီး မှားနေတယ် လို.လည်း အကြံပေးထားပြီး သူအနေနဲ. ၀မ်းဗိုက်သားကို တစ်ပတ်မှာ သုံးကြိမ်ကစားဖို. တိုက်တွန်း ထားပါတယ်။ သူရဲ. ၀မ်းဗိုက် လေ.ကျင်.ခန်း ကိုတင်ပြပေးလိုက်ပါတယ်။
ဝမ်းဗိုက် လေ.ကျင်.မှု
ပြိုင်ပွဲဝေး။             ။တစ်ပတ် ၃-၄ကြိမ်
ပြိုင်ပွဲနီး။              ။တစ်ပတ်၅-၆ကြိမ်
လေ.ကျင်.ခန်းများ          အကြိမ်                          အကျော.
ရိုးရိုးအိပ်ထမတင်။           ။(၁၅-၂၅)                        (၄)
ခြေထောက်ထောင်ကြွ။     ။(၁၅-၂၅)                       (၃)
တန်းခိုခြေမြှောက်။            ။(၁၅-၂၅)                       (၄)
ဒူးခြေမြှောက်တင်။            ။(၁၅-၂၅)                       (၃)
ခါးလှည်.ခြင်း။                   ။(၁၅-၂၅)                       (၃)
ကျွန်တော် တင်ပြခဲ.တာလေး ကတော. လီဟေနီ၏ လေ.ကျင်.ခန်း ဇယားလေးပါ။ သူရဲ. လေ.ကျင်.ခန်းနဲ. ပတ်သက်ပြီး ဘယ်လို ပြောကြားထားသလဲ ဆိုရင် ကျွန်တော်ဟာ ၀မ်းဗိုက်လေ.ကျင်.ရာမှာ အကျော.တွေ အကြိမ်တွေ အများကြီး မကစားပါဘူး။ အဲဒီလို ကစားတာကိုလည်း အားမပေးဘူးတဲ.။ တစ်ချို. မောင်အိုလံပီယာ သမားတွေ အပါအ၀င် ကာယဗလ သမားအများစုဟာ ၀မ်းဗိုက်အတွက် တစ်နေ. အကြိမ် (၅၀၀) လောက် လေ.ကျင်.တယ်လို. ကျွန်တော်ရှေ.မှာ လာပြောရင် ကျွန်တော် ဟားတိုက် ရယ်မောလိုက်တယ်။ ဒီလူတွေ ဘယ်လိုလေ.ကျင်.လို ဒီလောက် အကြိမ် အများကြီး လေ.ကျင်.နိုင်ကြတာလည်း လို.လည်း သံသယ ၀င်မိတာ အမှန်ပဲလို. ပြောပါတယ်။ ကျွန်တော် ၀မ်းဗိုက်ကစားရင် အကြိမ်တိုင်းကို အစွမ်းကုန် ညှစ်ကစားတယ်။ ခေါင်းက အပေါ်မှာ ထောင်နေတဲ. အနေအထား ရောက်တာတောင် ၀မ်းဗိုက်ကို  ညှစ်ကစားတယ်။ ဒါက ဘာအတွက်လဲဆိုရင် ပိုမိုထိရောက်အောင် ညှစ်ကစားတာပေါ.ဗျာ။ ကျွန်တော်ပြောတာ မယုံရင် ခင်ဗျား ညှစ်ပြီး လေ.ကျင်.ကစားကြည်.ပါလား? အကြိမ် (၂၀-၂၅) ထက် မပိုစေရဘူးလို.လည်း ရဲရဲဝံ့ဝံ့ ပြောကြားထားပါတယ်။
ပြီးတော. သူရဲ. လေ.ကျင်.ခန်းမှာ အလေးဝန် အပိုဆောင်းပြီး မလေ.ကျင်.ဘူး။ အလေးနဲ. လေ.ကျင်.မဲ. အစား တန်းဘားမှာ တွဲလောင်းခိုပြီး သူရဲ.ပေါင်တွေကို ၀န်ဆောင်တဲ.အလေး အဖြစ်ကစားတယ်။ အလေ.အကျင်.မရှိရင် ၄-၅ကြိမ် ရဖို.တောင် မနည်းလို. ပြောသွားတယ်။ ဒါတွေကို လေ.လာကြည်.လိုက်ရင် ကျွန်တော်တို. တစ်တွေ ၀မ်းဗိုက်သားကို အကြိမ်ရေ ရာကျော် ကစားနေကြတာဟာ မှားယွင်းမှုတစ်ခုလို. ဆိုရမလိုပါပဲ။ သူပြောသလို ညှစ်ပြီး ကစားကြည်.တာ ကောင်းမယ်လို. ထင်တယ်လို. အကြံရမိပါတယ် ဆိုတာ တင်ပြရင်း အားလုံးကျန်းမာစွာနဲ. အားကစား လေ.ကျင်.ခန်းကို မပျက်မကွက် လေ.ကျင်.နိုင်ကြပါစေ။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com



No comments:

Post a Comment