ယောက်မှာလက်ရှိမောင်အိုလံပီယချန်ပီယံဂျေးကတ်လာဖြစ်သည်။သူသည်ပြိုင်ပွဲပေါင်းနှစ်
ဆယ်တစ်ပွဲယှဉ်ပြိုင်ခဲ့ရာ2000-ခုနှစ်မောင်အိုလံပီယာပြိုင်ပွဲမှအပသူရှုံးလျင်အမြဲတမ်းဒုတိယ
ထက်အောက်မရောက်ခဲ့ပေ။သူရှုံးခဲ့သောမောင်များမှာ-ရွန်နီကိုးလ်မင်းနှင့်ဒက်တာဂျက်ဆင်ဖြစ်
သည်။သူသည်မောင်အိုလံပီယာသုံးကြိမ်ချန်ပီယံနှင့်အာနိုးကလပ်စစ်သုံးကြိမ်ချန်ပီယံဖြစ်သည်။
ထိုမျှလောက်အောင်မြင်ခဲ့သည်မှာသူ၏ထုထည်၊မာဆယ်ကွဲပြားပေါ်လွင်မှု့ နှင့်တစ်ကိုယ်လုံး
အချိုးအစားမျှမျှကြီးထွားလှပမှု့ ကြောင့်ဖြစ်သည်။အထူးသဖြင့်ရွန်နီနှင့်ဒက်တာဂျက်ဆင်တို့ တွင်
ပင်မရှိသောခြေသလုံးများဖြစ်သည်။ယခုသူရဲ့ ခြေသလုံးကစားနည်းနှင့်အကြံပြုချက်များကိုတင်
ပြပေးလိုက်ပါသည်။
ဂျေးကတ်လာ၏ခြေသလုံကစားနည်းအကြံပြုချက်များ-----
-ခြေသလုံးကစားနည်းတွင်အဓိက ကတော့အလေးများရန်မဟုတ်ပါဘူး။တစ်ကြိမ်လုံ်းကိုအစ
အဆုံးအပြည့်အ၀ညှစ်ပြီး( full range of motion) ကစားရန်ဖြစ်ပါတယ်။
-ကျွန်တော်ခြေသလုံးကစားလျင်အာ်းအကုန်ကစားပြီးစက္ကန့် အနည်းငယ်နားကာနောက်ထပ်
အကြိမ်အနည်းငယ်ရအောင်ထပ်ကစားပါတယ်။ထိုသို့ နားလိုက်ကစားလိုက်( rest pause)
ကိုသုံးကြိမ်လောက်ကစားပါတယ်။
-တစ်ကဲ့ကိုကောင်းတဲ့ခြေသလုံးတွေအတွက်ကတော့ကစားနည်းသိပ်များများမရှိပါဘူး။
အခြေခံကစားနည်းတွေကိုပဲအစအဆုံးအပြည့်အ၀ညှစ်ကစားဖို့ ပဲလိုပါတယ်။
-ကျွန်တော်ကတော့ခြေသလုံးကိုသူများတွေပြောသလိုအကြိမ်များများမကစားပါဘူး။
ကျွန်တော်ကတော့10-ကြိမ် 12-ကြိမ်သာကစားခြင်းကအကောင်းဆုံးလို့ ထင်ပါတယ်။
တစ်ခါတစ်ရံမှာတော့15 ကြိမ် 20 ကြိမ်ကစားလျင်လည်းကစားပါတယ်။
ဂျေးကတ်လာ၏ခြေသလုံးကစားနည်းပရိုဂရမ်-----
-လေ့ကျင့်ခန်း အကြိမ် အကျော့
မတ်တပ်ရပ်ခြေဖျားထောက်ကြွ 10-12 3
ခါးကုန်းခြေဖျားထောက်ကြွ 10-12 3
ထိုင်လျက်ခြေဖျားထောက်ကြွ 10-12 3
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
No comments:
Post a Comment