ကာယဗလလေ့ကျင့်မှု တွင်အရေးအပါဆုံးသောအောက်ပိုင်းထိုင်ခြင်းနှင့်ပါတ်သက်ပြီးသင့်
ရဲ့ ဗဟုသုတလေးများကိုကျွန်တော်ကဥာဏ်စမ်းအနေနဲ့ မေးခွန်းလေးများမေးပြီးစမ်းသပ်ပါ့
မယ်။အဖြေကိုဒီဆောင်းပါးအောက်မှာ comment ရေးပြီးဖြေပေးကြပါ။
အမေး-၁။ ။သင်အောက်ပိုင်းထိုင်စဉ်မှာအလေးတန်းကိုဘယ်နားမှာထားသလဲ?
၁-ဆုံနောက်ပေါ်သို့ မဟုတ်ဂုတ်ပိုးသားအပေါ်ပိုင်း
၂-ဂုတ်ပိုးသားအလယ်ပိုင်း
၃-လည်ပင်းပေါ်
အမေး-၂။ ။သင်အောက်ပိုင်းစထိုင်ပြီဆိုလျင်သင့်ကိုယ်ရဲ့ ဘယ်အစိတ်အပိုင်း
ကိုစပြီးလှုပ်ရှားသလဲ?
၁-ဒူးများကိုစကွေးလား
၂-တင်ပါးများကိုအနောက်သို့ စပြီးကွေးလား
၃-ဦးခေါင်းကိုအသက်ရှုပြီးမော့ထားလား
အမေး-၃။ ။သင်စပြီးထိုင်ချိန်မှာသင့်ခြေထောက်များကိုဘယ်လိုပြုလုပ်ပါသလဲ?
၁-ခြေဖ၀ါးများကိုကြမ်းပြင်ထဲသို့ ပေါက်သွားမတတ်အားစိုက်ထားလား
၂-ဒူးနှစ်ဖက်ကိုဘေးသို့ ဆွဲတင်းထားလား
၃-သင့်ခြေဖနောက်တွေကိုဘေးကားထားလား
အမေး-၄။ ။သင်အောက်ပိုင်းထိုင်နေစဉ်မှာသင့်ခြေသလုံးရိုးများရဲ့ အနေအထား?
၁-ကြမ်းပြင်နှင့် 45ဒီဂရီ
၂-အနောက်ပို့ ထားလား
၃-ကြမ်းပြင်နှင့်ထောင့်မတ်
အမေး-၅။ ။သင်အောက်ပိုင်းထိုင်စဉ်မှာသင့်ကိုယ်အလေးချိန်ကသင့်ဖနောက်ပေါ်
မှာသာရှိသင့်တယ်ဆိုတာ?
၁-မှန်
၂-မှား
မေးခွန်းတစ်မှလေးအထိအဖြေကိုသုံးမျိုးထဲမှတစ်မျိုးသာရွေးပါ။မေးခွန်းငါး၏အဖြေကိုမှားသို့ 
မှန်တစ်ခုသာရွေးပါ။
အဖြေများ
1-a
2-b
3-b
4-c
5-a
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

No comments:
Post a Comment