ယခုနှစ်မောင်အိုလံပီယာချန်ပီယံနှင့်သုံးထပ်ကွမ်းမောင်အိုလံပီယာချန်ပီယံဖီလ်းဟိသ်၏
့အားအသာဆုံးသောအစိတ်အပိုင်းဖြစ်သည့်လက်မောင်း
ရှေ့ သားကစားနည်းကိုဗဟုသုတရစေရန်အလို့ ငှာတင်ပြပေးလိုက်ပါတယ်။သူဟာနှစ်အနည်းငယ်
အတွင်းအောင်မြင်မှု့ ရလာတဲ့လူငယ်ချန်ပီယံသစ်တစ်ဦးပါ။သူ့ ကိုကာယဗလလောကတစ်ခုလုံးကဘု
ရားပေးသောဆု The Gift ဟုတင်စားကြပါသည်။ကာတွန်းထဲမှသူရဲ ကောင်းများကဲ့သို့ အင်မ
တန်ကြီးထွားသော၊မာဆယ်ကွာလတီအလွန်ကောင်းသောလက်မောင်းအရှေ့ သားပိုင်ရှင်လူငယ်ကာ
ယဗလသမားလေးရဲ့ မှတ်ကျောက်ကိုယခုနှစ်အိုလံပီယာပြိုင်ပွဲတွင်စစ်ကြည့်လိုက်ကြပါစို့ ။
ဖီလ်းဟိသ်ရဲ့ လူသစ်များသို့ အကြံပြုချက်---
သင့်ကိုယ်ရဲ့ လက်ခံနိုင်စွမ်းကိုသင်သိပါ။သင်ဟာဒဏ်ရာမရချင်ဘူး၊ဆိုရင်အလေးများများနဲ့ ကစားမဲ့
အစား8 ကြိမ်မှ 12 ကြိမ်ရလောက်ရမဲ့ အလေးနဲ့ သာကစားပါ။လူသစ်များဟာလက်မောင်းအရှေ့ သား
များအတွက် 9-ကျော့၊လက်မောင်းအနောက်သားများအတွက် 9-ကျော့အများဆုံးသာကစားပါ။သင်နှင့်
လိုက်ဖက်မည့်လေ့ကျင့်ခန်းကိုသာရွေးချယ်လေ့ကျင့်ပါ။ကျွန်တော့်အတွက်အကျိုးပြုတဲ့လေ့ကျင့်ခန်းကသင့်
အတွက်အကျိုးပြုချင်မှပြုမှာပါ။ဒါပေမဲ့ကျွန်တော်အချို့ သောလေ့ကျင့်ခန်းများကိုအကြံပြုလိုက်
ပါတယ်။
ဖီလ်းဟိသ်ရဲ့ လက်မောင်းအရှေ့ သာကစားနည်းပရိုဂရမ်-
လေ့ကျင့်ခန်း အကြိမ် အကျော့
ဘားရှည်ခုံစောင်းကွေး 10 3
ခုံစောင်းမှီဒမ်ဘယ်ကွေး 10 3
ကေဘယ်ကြိုးလက်နှစ်ဖက်ကွေး 10 3
တစ်ဖက်ချင်းကေဘယ်ကြိုးကွေး 10 1
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

No comments:
Post a Comment