2003-ခုနှစ်အမေရိကန် NPC NATIONALS ပြိုင်ပွဲတွင် Light Heavy Weight အတန်းချန်ပီ
ယံအာရှ(ကမ္ဘောဒီးယားနိုင်ငံ)သားခရစ်ဒင်းမ်ရဲ့ ဂုတ်ပိုးသားကစားနည်းကိုတင်ပြပေးလိုက်ပါ
တယ်။2007-ခုနှစ်မှာသူဟာနှလုံးရောဂါကြောင့်အနားယူခဲ့တာကြောင့်သူ့ ကိုအားလုံးကအ
ပြီးနားလိုက်ပြီလို့ ထင်နေခဲ့တာပါ။ဒါပေမဲ့သူဟာလူသားတစ်ယောက်ရဲ့ စွမ်းရည်ကိုပြသတဲ့
အနေနဲ့  2009-ခုနှစ်မှာ ပြိုင်ပွဲစင်ပေါ်ကိုတစ်ကျော့ပြန်တက်လာနိုင်ခဲ့ပါတယ်။အဓိကကတော့
စိတ်ပါပဲ။စိတ်ဆောင်လျင်အောင်တယ်ဆိုတဲ့စကားကိုသက်သေထူပြလိုက်တာပါ။2009-ခုနှစ်
Sacramento pro ပြိုင်ပွဲတွင်အဆင့်4-သာရခဲ့ခြင်းကြောင့်ထိုနှစ်အိုလံပီယာပြိုင်ခွင့်ကိုလွဲချော်
ခဲ့ရတာပါ။ဒါပေမဲ့ရောဂါတစ်ဖက်နှင့်အနားယူပြီးနောက်တစ်ကျော့ပြန်စပြိုင်လျင်ပြိုင်ချင်းထိုမျှ
အဆင့်သို့ ရောက်ခဲ့ခြင်းကလေးစားစရာပါ။နောင်နှစ်တွေမှာထိုထက်ပိုကောင်းတဲ့ရလာဒ်တွေ
ကိုပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ကာယဗလလောကမှာကျွန်တော်တို့ အာရှသားတွေ
လွမ်းမိုးနိုင်ပါစေ။အခုသူ့ ရဲ့ ဂုတ်သားကစားနည်းကိုမျှဝေပေးလိုက်ပါတယ်။
ခရစ်ဒင်းမ်ရဲ့ ဂုတ်သားကစားနည်းလျှို့ ဝှက်ချက်များ------
-ဂုတ်သားကိုတစ်ပါတ်လျင်တစ်ကြိမ်သာကစားပါ။
-box shrug (ံလေးထောင့်ပုံစံအလေးတုံး) ဖြင့်ကစားခြင်းကပိုထိရောက်ပါတယ်။အကယ်၍
သင်လေ့ကျင့်သောသင်တန်းမှာ ထိုအရာမရှိပါကဒမ်ဘယ်များဖြင့်အစားထိုးလေ့ကျင့်နိုင်ပါ
တယ်။
-စက်ဖြင့်လက်ဆန့် စုံကျုံကိုကစားပါတယ်။ထိုစက်မရှိသောနေရာများတွင်ဘာဘယ်ဘားရှည်
များဖြင့်အစားထိုးလေ့ကျင့်နိုင်ပါတယ်။
-စုံကျုံလေ့ကျင့်ခန်းများဟာလေ့ကျင့်ချိန်တိုတောင်းသောကြောင့်ဖြစ်သလိုမကစားပဲစနစ်တကျ
အာရုံစိုက်ကစားသင့်ပါတယ်။
-ခရစ်ဒင်းမ်ရဲ့ ဂုတ်သားကစားနည်းပရိုဂရမ်-----
လေ့ကျင်ခန်း အကြိမ် အကျော့
Box shrug 10-12 4
Meachine shrug 10-12 4
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

No comments:
Post a Comment