ယနေ့ ခေတ်တိုးတက်နေသောနည်းပညာခေတ်တွင်၊သိပ္ပံနည်းကျကြွက်သားကြီးထွားစေမည့်အီ
ကွေးရှင်းတစ်ခုကိုချပြပါဆိုလျင်၊အလေးဖြင့်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ကိုယ်တွင်းအင်အား(ကယ်လိုရီ)ညီမျှ
မှုနှင့်လုံလောက်သောပရိုတိန်းပမာဏတို့ ပင်အညီအမျှချပြရမည်ဖြစ်သည်။ကနေဒါ McMaster
University မှသုတေသီJason Tang and Stuart Phillips တို့ သည်ကြွက်သားကြီးထွားမှုသည်၊
အလေးများဖြင့်လေ့ကျင့်ခြင်းနှင့်အာဟာရဂရုပြုခြင်းတို့ သည်အပြန်အလှန်ဆက်စပ်နေကြောင်းကို
တင်ပြခဲ့ပြီးကာယဗလလေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင်ပရိုတိန်း(အသားဓါတ်)မှီဝဲခြင်းသည်ကာယ
ဗလကစားသမားများကိုတိုးတက်မှုအမြင့်ဆုံးရစေကြောင်းကိုပါတင်ပြခဲ့သည်။
ထိုမှီဝဲသောပရိုတိန်းအမျိုးအစားကွဲပြားသည်နှင့်အမျှကြွက်သားထုတက်စေရေးအတွက်သက်ရောက်မှု
အနည်းငယ်စီကွာခြားမှုရှိသည်။နို့ ပရိုတိန်းနှင့်ပဲနို့ ပရိုတိန်းတို့ သည်ကြွက်သားထုတက်စေရေးတွင်ကွဲ
ပြားမှုရှိသည်။နို့ ပရိုတိန်း(whey ,casein)သည်ပဲနို့ ပရိုတိန်းထက်ကြွက်သားထုကိုပို၍တက်စေသည်။
အသက်အရွယ်လွန်သောအားကစားသမားများတွင်မူ leucine ပါဝင်မှုများသောပရိုတိန်းမှုန့် များက
ကြွက်သားထုတက်စေရေးကိုအထူးအကျိုးပြုသည်။
အချုပ်ဆိုရသော်ကြွက်သားကြီးထွားလိုသောကာယဗလအားကစားသမားများသည်လေ့ကျင့်ခန်းများ
ကိုပြင်းပြင်းထန်ထန်ပြုလုပ်သင့်ပြီး၊ကယ်လိုရီများများစားသုံးသင့်ကာ၊ပရိုတိန်းကိုလေ့ကျင့်ပြီးပြီးချင်း
လုံလုံလောက်လောက်မှီဝဲသင့်ပါသည်။မိမိတို့ လိုအပ်သောပရိုတိန်းကိုရွေးချယ်ရာတွင်
အထက်တွင်တင်ပြခဲ့သောမိမိတို့ နှင့်သင့်လျော်မည့်ဖြည့်စွက်အာဟာရမှုန့် များကိုစနစ်တကျရွေးချယ်
အသုံးပြုပါ၏အကြံပြုပါသည်။
(Current Opinion in Clinical Nutrition and Metabolic Care, 12: 6671, 2009)
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

No comments:
Post a Comment