arial" action="like" colorscheme="light">

Sunday, December 1, 2013

မှတ်သားစရာ Fitness သင်ခန်းစာငါးခု

ကျွန်တော်တို့ လူသားအားလုံး မည်သူမျှ မွေးလာကတည်းက ပြီးပြည့်စုံသော ကျန်းမာရေးနှင့် သန်စွမ်းသော ခန္ဓာကိုယ်ကို အမွေရလာကြသူများ မဟုတ်ကြပါ။ထို့ အတွက်ကြောင့်လည်း ကျန်းမာကြံ့ခိုင်ခြင်းသည် ဘ၀တစ်သက်တာ တန်ဖိုးထားရမည့် ရတနာတစ်ပါးဖြစ် သောကြောင့်
တန်ဖိုးထားအပ်ပေသည်။ဘ၀၏လိုအပ်ချက်များစွာ ကိုကျွန်တော်တို့  ကြိုးစားဖြည့်ဆည်းနေကြ သော်
လည်းကျွန်တော်တို့  အတွက်အရေးအပါဆုံးသော ကျန်းမာရေးကိုမေ့နေတတ် ကြသည်။
ဤမျှအရေးပါသော ကျန်းမာရေး ကိုဘ၀တစ်သက်တာ တန်ဖိုးထားလိုက်နာလိုသူ များအတွက် အထောက်အကူ ဖြစ်စေရန် ကျွန်တော်တို့  သူငယ်ချင်းသုံးယောက်မှ အင်ဖော်မေးရှင်းကောင်းများ
နှင့်အကြံဥာဏ်ကောင်း များစွာကိုအခမဲ့ တင်ဆက်ပေးနေ ကြခြင်းဖြစ်ပါသည်။သို့ သော်ယခုအချိန် အထိ မနာလိုသူများ၏ ကွယ်ရာတွင်တစ်မျိုး၊ မကြားတကြားတစ်ဖုံ ဝေဖန်ထိုးနှက်နေခြင်းကို စိတ်ရှည်
စွာနားလည်သည်းခံ ပေးနေနိုင်သော်လည်း သည်းခံနိုင်စွမ်းကုန်ခမ်းသောနေ့ တစ်နေ့ တွင်မူ ထိုဟောင်နေသော နှုတ်သီးများအားလုံးကို ရိုက်ချိုးပစ်မိပါလိမ့်မည်။
လိုရင်းဆက်ရသော်၊ ကျန်းမာကြံ့ခိုင်မှုကို လေ့လာလိုက်စား ကြသောညီငယ်များ မှားတတ်သည့် အမှားငါးခု ကိုစုစည်းတင်ပြပေးလိုက်ပါသည်။
၁-၀ါဝါမြင်တိုင်း ရွှေမထင်နှင့်
ကာယဗလ လေ့လာလိုက်စားကြသူ လူသစ်အားလုံးလိုလိုသည် မိမိတို့ ထက်ခန္ဓာကိုယ်ကြီးထွားသူ
များကိုအထင်ကြီးတတ်ကြပြီး ထိုသူတို့ ပြောသမျှကို ဘုရားဟောသဖွယ် လိုက်လံကျင့်ကြံတတ်ကြ
သည်။တစ်ခုမှတ်သားထားရမည်မှာ ခန္ဓာကိုယ်ကြီးထွားတိုင်း ဆရာတင်ရမည်ဆိုလျင် တစ်လောကလုံး
ကိုဆင်များကအုပ်ချုပ်နေပေလိမ့်မည်။ထိုအယူအဆဆိုးကြီးသည် မြန်မာ့ကာယဗလအားကစား နယ်ပယ်တွင်လွှမ်းမိုးနေဆဲ ဖြစ်သည်။လက်တွေ့ အသိမရှိ လေ့လာမှုလည်းမရှိ ကြိုးစားအားထုတ်မှု
သက်သက်ဖြင့်ခန္ဓာကိုယ်အနည်းငယ် ထွားကျိုင်းလာပြီး ကာယဗလပြိုင်ပွဲလေးများ ၀င်ပြိုင်ဖူးလျင်ပို
ဆိုးသေးသည်။ခန္ဓာကိုယ်ကြီးချင်ယင်ပဲစား၊ အလေးများများမ၊ တစ်ပါတ်ကို ခြောက်ကြိမ်ကစား၊တစ်ခါ
ကစားလျင် အနည်းဆုံးနှစ်နာရီ၊ ဗယ်လီပေါ်လိုလျင် ဗယ်လီငါးရာရိုက် စသည်ဖြင့်ေ-ာက်တလွဲပေါင်း များစွာကိုမရှက်မကြောက် ပြောတတ်ကြသည်။ပို၍ဆိုးသည်က ထိုသူများကို ဂျင်မ်များတွင်နည်းပြ
ခန့် လိုက်ခြင်းပင်ဖြစ်သည်။ မိမိလျောက်ရမည့်လမ်းကိုတောင် မသိသူကအခြားမည်သူ့ ကို လမ်းပြနိုင်
ပါသနည်း။ဤအချက်သည် မြန်မာ့ကာယဗလ အဖွဲ့ ချုပ်၏အားနည်းချက်တစ်ခု ဖြစ်သည်။အဆင့်မှီ နည်းပြသင်တန်းများကို ဖွင့်လှစ်ပြီး သေသေချာချာ ပို့ ချပြီးမှသာ ထိုသူများကို နည်းပြအဖြစ် အသက်
မွေးဝမ်းကျောင်းပြုခွင့် အသိအမှတ်ပြုကဒ်များ ထုတ်ပေးသင့်ပါသည်။သို့ မှသာ မျိုးဆက်သစ်အပေါ်
ကျေးဇူးပြုခြင်းမည်ပေမည်။ ထို့ အပြင်ယနေ့ အင်တာနက်ခေတ် တွင်သိလိုသမျှကို အွန်လိုင်းပေါ်
တက်ရှာဖွေကြသည့် ပြဿနာဖြစ်သည်။အင်တာနက်ပေါ်တွင် အသိပညာရှာခြင်းသည် အပြစ်မဟုတ်
ပါ။သို့ သော်မှန်ကန်သော သတင်းအချက်အလက်ကို ရွေးချယ်မလေ့လာနိုင်ခြင်းက ပြသနာဖြစ်သည်။
နောက်တစ်ချက်က ဆေးကုမ္ပဏီများက ထုတ်ဝေသော ကာယဗလမဂ္ဂဇင်းများမှပရော်ဖက်ရှင်နယ်
ကာယဗလမောင်များ၏ လေ့ကျင့်နည်းပရိုဂရမ်များကို လုံးဝရှောင်ပါ။သို့ သော်ထိုမဂ္ဂဇင်းများမှ တင်ဆက်သော သုတေသနပြုတင်ပြချက်များ နှင့်သီအိုရီများ အပြင်ပရောက်ဖက်ရှင်နယ်မောင်
များ၏ အချို့ သောအကြံပြုချက်များကိုမူ မိမိနှင့်သင့်လျော်သလို လက်ခံအသုံးပြုနိုင်ပါသည်။
၂-အောင်မြင်မှုတွင်ဖြတ်လမ်းမရှိ
ယနေ့ ခေတ်၊ အင်တာနက်ခေတ်ကြီးထဲတွင် နည်းပြအမည်ခံအမျိုးမျိုး၏ တစ်လအတွင်းပေါင်မည်မျှ
တက်စေမည်ဆိုသည့်  လေ့ကျင့်နည်းပရိုဂရမ်များ၊ တားမြစ်ဆေးဝါးများ၊ ဖြည့်စွက်ဆေးများ မရေမတွက်နိုင်အောင် ပေါများနေသည့်အတွက် ထိုဖြတ်လမ်းများကို လုံးဝမလိုက်ဘဲ၊ စနစ်တကျ အားသွန်ခွန်စိုက်ကြိုးစား သင့်ပါသည်။ ကျွန်တော့် အတွေ့ အကြုံအရ၊ ကာယဗလ စတင်လေ့ကျင့် သူလူငယ် အများစုသည် စတင်လေ့ကျင့်စ နှစ်နှစ်မှသုံးနှစ်အတွင်း တွင်တိုးတက်မှု အကောင်းဆုံး ဖြစ်သည့်အတွက် စတင်လေ့ကျင့်စ တွင်ဖြည့်စွက်ဆေးများ ကိုသိပ်အားမကိုးပါနှင့်။
၃-အဆီချလိုသူများ သတိ
ကျန်းမာကြံ့ခိုင်မှုနယ်ပယ်တွင် စီးပွားရေးသမားများ စိတ်အ၀င်စားဆုံးသော အုပ်စုကြီးတစ်ခုမှာ အဆီချလိုသူများ ပင်ဖြစ်သည်။အဆီချလိုဇောများလေလေ လုပ်စားလိုသူများအတွက် ပို၍ဂွင်ကောင်း
လေလေပင်ဖြစ်သည်။အချို့ သော အဆီချဆေး ကြော်ငြာများတွင် ဆေးမသုံးမှီနှင့် သုံးပြီးပုံများ ကိုနှိုင်း
ယှဉ်တင်ပြထားတတ်သည်။ထိုပုံများကိုသေချာစွာ လေ့လာပါ။သင်အဖြေတွေ့ ရမည်ဖြစ်သည်။ယနေ့ 
ခေတ်သည်နည်းပညာခေတ်၊ ဖိုတိုရှော့ပ်လုပ်ဆောင်ချက်များ ထွန်းကားသည့်ခေတ်ဖြစ်သည်။
ထို့ အပြင် မောင်မြန်မာချန်ပီယံ ခန္ဓာကိုယ်ပင်ရှိနေစေကာမူ ဓါတ်ပုံမရိုက်မှီ ရက်အနည်းငယ်အလိုတွင်
ဆိုဒီယမ်များများသုံးထားခြင်း၊ ဓါတ်ပုံရိုက်ချိန်တွင်အလင်းလျော့ထားခြင်းနှင့် ကိုယ်နေဟန်လျော့တိ၊
လျော့ရဲရှိနေစေခြင်းက ပင်အမြင်ကိုများစွာလှည့်စားတတ်ကြောင်း ကိုဂရုပြုရမည်ဖြစ်သည်။
၎-၀ဘ်ပေါ်ကမော်ဒယ်လ်၊ ဖြစ်ရန်မလွယ်
ကျွန်တော်အပါအ၀င် ကာယဗလ လေ့ကျင့်သူအားလုံး သည်မဂ္ဂဇင်းသို့ မဟုတ် ၀ဘ်ဆိုက်ပေါ်မှ ကြံ့ခိုင်မှုမော်ဒယ်လ်များနှင့် ကာယဗလမောင်များကို အားကျကာစတင်လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ အားကျခြင်းသည် ကောင်းသော်လည်း၊ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းဖြစ်သွားလျင် တော့မကောင်း
ပါ။ ကျွန်တော်တို့ မြင်ရသော၊ ထိုဓါတ်ပုံများထဲမှ မော်ဒယ်လ်အများစုသည် ကြော်ငြာတစ်ခုခုကို
တင်ဆက်ရင်း ကျွန်တော်တို့ မြင်ကွင်းထဲ ရောက်လာခြင်းဖြစ်ပါသည်။သတိပြုရမည်က ထိုမော်ဒယ်လ်
များသည် ကာယဗလ ဖြည့်စွက်ဆေးသို့ မဟုတ် အသုံးအဆောင်ပစ္စည်းများ သို့ မဟုတ် ပရိုဂ၇မ်များ
ရောင်းချခြင်းတို့ ကို ကြေငြာနေပါက မှတ်လိုက်ပါ သင့်ချွေးနည်းစာငွေ အကျိုးမဲ့ ကုန်ပေတော့မည်။
ဥပမာတစ်ခုတင်ပြရပါက အော်ရာမင်းဂျီ အားဆေးကို 2000 ခုနှစ်လောက်တွင် ကြေငြာခဲ့သော ကိုမင်း
ဇော်ဦးသည် ထိုဆေးကို ကြော်ငြာရိုက်မှသာ မြင်ဖူးခြင်းဖြစ်သည်။သို့ သော်သူ့ ကိုလေးစားသော လူငယ်အများစု ကထိုဆေးသောက်မှသာ သူ့ ကဲ့သို့ သောခန္ဓာကိုယ် ဖြစ်နိုင်မည်ဟုအထင်ရောက်ကာ
တရစပ်ဝယ်ယူသုံးစွဲ ခဲ့ဖူးကြသည်။အားကျတာနှင့် အတုယူတာကို ခွဲခြားအသုံးပြုနိုင်ရန်ဂရုပြုပါ။
၅-Train Insane ဆိုတာတွေကို နားခိုင်းလိုက်ပါ။
အင်တာနက်ပေါ်မှ ဗဟုသုတရှာသူများ အထူးဂရုပြုရမည့်အချက် တစ်ချက်မှာ ၀ဘ်ပေါ်တွင် လေဖမ်းဝရမ်းချည်နေသော** ဘူမသိ၊ကိုးမသိ ကီးဘုတ်နည်းပြကြီးများ*** ၏အာဘော်များကိုအထူး
သတိပြုရှောင်ကြဉ်ပါ။ထိုသူများက နားရက်မလို၊ ဇွဲသန်ဖို့ လိုသည် ဆိုတာမျိုးအပြင် Train Insane ၊
No Pain, No Gain စသည်ဖြင့် အလုံးကြီးများဖြင့် အာပေါင်အာရင်းသန်သန် ဖြီးဖြန်းထားခြင်းများကို
မေ့ထားလိုက်ပါ။ထိုအရာများသည် နားထောင်၍အလွန်ကောင်းသော်လည်း လက်တွေ့ အတွက်အကျိုး
နတ္တိပင်ဖြစ်သည်။ ဆေးသိပ္ပံကပြောသည်မှာ သင့်ကြွက်သားများသည် လေ့ကျင့်ချိန်တွင်မကြီးထွား၊
အနားယူချိန်မှာသာ ကြီးထွားသည်ဆိုသည်ကို လုံးဝမမေ့ပါလေနှင့်။အလယ်အလတ် လမ်းစဉ်သည်
သာအောင်မြင်မှု ရွှေရောင်တံခါးများဆီသို့  အရောက်ပို့ ပေးနိုင်သည်မဟုတ်ပါလား။
အလိမ်အညာ၊အကွေ့ အ၀ိုက်များသော၊ကိုယ်ကျိုးရှာသမားများ ၏လှည့်ကွက်များမှ ကျန်းမာရေးလိုက်
စားသူတိုင်း လွတ်ကင်းစေရန် ရည်သန်လျက်-------
စာဖတ်သူများကိုလေးစားသော----


တင်ဆက်သူ-
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com





No comments:

Post a Comment