2006-ခုနှစ်ကတည်းကအာနိုးကလပ်စစ်ပြိုင်ပွဲတွင်ဒုတိယရပြီးနောက်ကမ္ဘာ့ပရော်ဖက်ရှင်နယ်
ကာယဗလပြိုင်ပွဲများတွင်နာမည်ရလာသောဘရန့် ခ်ျဝါရန်သည်နှစ်စဉ်အာနိုးကလပ်စစ်ပြိုင်
ပွဲနီးလာတိုင်းချန်ပီယံအဖြစ်အများကထင်ကြေးပေးခံရသူဖြစ်သော်လည်းလက်တစ်ကမ်းအလို
မှလှည့်ပြန်ခဲ့ရသည်ချည်းဖြစ်သည်။သူသည်အချိုးအစားမလှသော်လည်းအင်မတန်ကြီးသောထုထည်၊
အလွန်ကောင်းသောမာဆယ်ကွာလတီတို့ ကြောင့်လူသိများသော်လည်းလူအများ
မသိသည့်တစ်ချက်ကသူ့ ရဲ့ ပြင်းပြသောဇွဲနှင့်မဆုတ်မနစ်ကြိုးစားမှုပင်ဖြစ်သည်။ထိုဇွဲကြောင့်
ပင်သူသည်ယနေ့ အာနိုးကလပ်စစ်ပြိုင်ပွဲကဲ့သို့ သောကမ္ဘာအဆင့်အမြင့်ဆုံးသောကာယဗလ
ပြိုင်ပွဲကြီး၏ချန်ပီယံဖြစ်လာခြင်းပင်ဖြစ်သည်။သူသည်ကမ္ဘာပေါင်အကောင်းဆုံးမောင်ဆယ်ဦး
တွင်တစ်ဦးအပါအ၀င်ဖြစ်သည်။စင်ပေါ်တွင်သူ့ ၏အထင်ရှားဆုံးသောကြွက်သားတစ်ခုမှာခြေ
သလုံးကြွက်သားများဖြစ်သည်။အဆင့်ပေါင်းစုံမှကာယဗလသမားအများစုအားနည်းသည့်အ
စိတ်အပိုင်းတစ်ခုမှာထိုခြေသလုံးများပင်ဖြစ်သည်။ထို့ ကြောင့်ဘရန့် ခ်ျဝါရန်၏ခြေသလုံးက
စားနည်းများကိုတင်ပြလိုက်ပါသည်။
ဘရန့် ဝါရန့် ၏ခြေသလုံးလေ့ကျင့်နည်းအယူအဆမှာ----
---ခြေသလုံးတွေအတွက်ကျွန်တော်ကလေ့ကျင့်နည်းပရိုဂရမ်နှစ်ခုနှင့်လေ့ကျင့်ပါတယ်။တစ်
ပါတ်မှာပရိုဂရမ်တစ်မျိုးနဲ့ လေ့ကျင့်ပါတယ်။
---သင်ခြေသလုံးလေ့ကျင့်ရာမှာအကျော့တွေအများကြီးလေ့ကျင့်ဖို့ မလိုဘူးလို့ ထင်ပါတယ်။
သေသေချာချာညှစ်ကစားဖို့ ပဲလိုအပ်ပါတယ်။အကျော့များများလေ့ကျင့်ပြီဆိုရင်တော့သင်ဟာ
လူပျင်းကစားသလို ညှစ်ပြီးမကစားလို့ ပဲဖြစ်ပါလိမ့်မယ်။
---ခြေသလုံးများဟာ လမ်းလျောက်ခြင်းကဲ့သို့ သောသာမန်လှုရှားမှု့ များကြောင့်အသားသေ
နေသောကြောင့်ခြေသလုံးလေ့ကျင့်ရာတွင်တ၀က်တပျက်လှုပ်ရှားမှုများနှင့်မလေ့ကျင့်ပဲဖြေ
လျော့သည့်အချိန်မှာရောညှစ်တင်သည့်အချိန်မှာပါအစအဆုံးညှစ်ပြီးလေ့ကျင့်ပါ။
---ဘရန့် ဝါရန်၏ခြေသလုံးလေ့ကျင့်နည်းပရိုဂရမ်---1
လေ့ကျင့်ခန်း အကြိမ် အကျော့
မတ်တပ်ရပ်ခြေဖျားထောက်ကြွ 10-12 3
ထိုင်လျက်ခြေဖျားထောက်ကြွ 10 3
----ဘရန့် ဝါရန်၏ခြေသလုံးလေ့ကျင့်နည်းပရိုဂရမ်---2
လေ့ကျင့်ခန်း အကြိမ် အကျော့
ပက်လက်အိပ်ပေါင်ကန် 50 3
စက်တွက်ခြေသလုံးကစား
Calf press
စက်ဖြင့်မတ်တပ်ရပ်ခြေဖျား 50 3
ထောက်ကြွ
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

No comments:
Post a Comment