arial" action="like" colorscheme="light">

Sunday, December 8, 2013

အမျိုးသားများအတွက် လိင်စွမ်းဆောင်ရည် တိုးတက်စေသော လေ့ကျင့်ခန်းလေးမျိုး

ယနေ့ ခေတ် အမျိုးသားများ၏ လိင်စွမ်းဆောင်ရည်အကြောင်း ကိုပြောဆိုလျင် ဗီယာဂရာနှင့် အခြား
သော၊ လိင်အားဖြည့်ဆေးများ မပါလျင် အမျိုးသားတစ်ယောက်အတွက် စွမ်းဆောင်ရည် ဆိုသော
ဝေါဟာရမှာ ယုံတမ်းစကား လိုဖြစ်နေပေတော့သည်။ထိုဆေးများမပေါ်ခင် လူ့ သမိုင်းတစ်လျောက်
***ယောကျာ်းကောင်း မောင်းမတစ်ထောင်***ဟူသောဆိုရိုးပိုင်ရှင် ယောကျာ်းများအကြောင်းက
ပုံပြင်များမဟုတ်ပါ။ ယခုတင်ပြပေးမည့်ဆောင်းပါးလေးသည် သင့်ကိုယောကျာ်းကောင်း မောင်းမ
တစ်ထောင်အစွမ်းရမည်ဟု အပြည့်အ၀ အာမမခံသော်လည်း သင့်ချစ်သူအတွက်တော့ သင့်ကို ချစ်
လူစွမ်းကောင်းအဖြစ် လက်ခံသွားစေနိုင်သည့် အကောင်းဆုံးသော သဘာဝနည်းလမ်းများ ကိုတင်
ပြထားခြင်းဖြစ်ပါသည်။
ယနေ့ ခေတ်တွင် အမျိုးသားများ လိင်စွမ်းအင်တိုးစေရန် အတွက်ဖြည့်စွက်ဆေး၊(သောက်ဆေးများ၊ လိမ်းဆေးများ၊ စပရေးများ )အပြင် များစွာသော အထောက်အကူပြု ပစ္စည်းများပေါများလာသလို
တစ်ဖက်တွင်လည်း သဘာဝစွမ်းအင်ကို ကျော်လွန်ထားသည့်အတွက် ဘေးထွက်ဆိုးကျိုးများ အနည်း
နှင့်အများဆိုသလို ရှိတတ်သည်။ထို့ ကြောင့်ဘေးကင်းသော သဘာဝနည်းစနစ်များဖြင့် သင့်စွမ်းအင်
ကိုမြှင့်တင်ကြပါစို့ ။
 ၁-ကာယဗလ အားကစား
ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာသန်စွမ်း စေရန်အတွက် အလေးများဖြင့်လေ့ကျင့်သည့် ကာယဗလ လေကျင့်ခန်းများသည် ရုပ်၊နာမ် ကျန်းမာရေး အတွက်သာမက လိင်အတွက်လည်းများစွာ အကျိုးပြုလေသည်။အလေးများဖြင့် လေ့ကျင့်ခြင်းသည် ကိုယ်တွင်းမှတက်စတိုစတီရုန်းဟု ခေါ်သော၊အမျိုး
သားဟိုမုန်း ကိုသဘာဝအတိုင်း ထုတ်လွှတ်မှု အားကောင်းစေသည်။ထိုဟိုမုန်း ထွက်ရှိမှုများလေလေ
လိင်ကိစ္စတွင် သန်စွမ်းလေလေ ဖြစ်သည်။လေ့လာတွေ့ ရှိချက်များအရ ခက်ခဲပြင်းထန်သော လေ့ကျင့်ခန်းများ (ဥပမာ-အလေးများဖြင့်လေ့ကျင့်ခြင်း) သည်ကိုယ်တွင်းဟိုမုန်း ထွက်ရှိမှုကို  မြင့်မား စေနိုင်သည်။အကယ်၍ အလုပ်မအားလပ်၍ ဂျင်မ်သွားပြီး မလေ့ကျင့်နိုင်ပါက လက်ထောက်တွန်းတင် (ဒိုက်ထိုးခြင်း)၊ အိပ်ထမတင်ခြင်း စသောလေ့ကျင့်ခန်းများကိုပုံမှန်ပြုလုပ်
 ပေးသင့်ပါသည်။ဤကြွက်သားများသည် ရင်အုပ်၊ပခုံးနှင့် ၀မ်းဗိုက်ကြွက်သားများကို သန်စွမ်းစေနိုင်သည်။သန်မာသော ခန္ဓာကိုယ် အထက်ပိုင်းသည် လိင်ဆက်ဆံစဉ်တွင် ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်သလို မိမိ၏အဖော်ကိုလည်းစိတ်ကျေနပ်အောင် စွမ်းဆောင်ပေးနိုင်ပါသည်။
၂-ကီးဂဲလ်လေ့ကျင့်ခန်းများ
လော့စ်အိန်ဂျလိစ် မှဆေးပညာရှင် ဒေါက်တာအာနိုးကီးဂဲလ် ကစတင်ရှာဖွေတွေ့ ရှိ ခဲ့သောကြောင့်
ထိုပညာရှင်အား ဂုဏ်ပြုသောအားဖြင့် ဤလေ့ကျင့်ခန်းကို သူ၏အမည်ပေးခဲ့ကြခြင်းဖြစ်ပါသည်။ကီး
ဂဲလ်လေ့ကျင့်ခန်းသည် အဓိကအားဖြင့် pubococcygeus (PC) muscles ဟုခေါ်သော၊ သုတ်လွှတ်ခြင်းကို ထိန်းချုပ်နိုင်သည့် ကြွက်သားကိုသန်စွမ်းအောင် လေ့ကျင့်ခြင်းပင်ဖြစ်သည်။
ထို PC ကြွက်သားကို လေ့ကျင့်ရမည့် အလွယ်ဆုံးနည်းလမ်းမှာ ဆီးသွားနေစဉ်တွင် ရုတ်တရက်
ဆီးကိုရပ်တံ့လိုက်ပါ။ထိုအချိန်တွင်ဆီးကို ထွက်မကျအောင် ထိန်းပေးထားသော ကြွက်သားကို သင်ခံ
စားမိမည်ဖြစ်ပြီး ထိုကြွက်သားသည်ပင်လျင် PC muscles ဖြစ်သည်။ PC ကြွက်သားသန်စွမ်း လေလေ
သုတ်ထိန်းနိုင်စွမ်းပိုလေလေ ဖြစ်ပြီးသုတ်ထိန်းအား အလွန်ကောင်းလာမည်ဖြစ်သည်။ဤလေ့ကျင့်ခန်း
ကိုစွဲမြဲစွာပြုလုပ်ပါက သုတ်လွှတ်မြန်ဝေဒနာ ကိုအမြစ်ပြတ် ပျောက်ကင်းစေနိုင်မည်ဖြစ်သည်။ကီးဂဲလ်
လေ့ကျင့်ခန်းကို တစ်နေကုန် မည်သည့်အချိန်တွင်မဆို သင်လေ့ကျင့်နိုင်သည်။လေ့ကျင့်နေစဉ်တွင်
အနည်းဆုံးဆယ်စက္ကန့် လောက် PC  ကြွက်သားကိုညှစ်ထားပါ။ ပြီးမှပြန်ဖြေလျော့လိုက်ပါ။ သင့်PC ကြွက်သားများ ညောင်းသွားသည် အထိလေ့ကျင့်ပါ။
၃-ယောဂလေ့ကျင့်ခန်းများ
ယောဂလေ့ကျင့်ခန်းများ၏ ဆောင်ပုဒ်မှာ “Yoga will help your flexibility,”  ဖြစ်သည်။ယောဂ လေ့ကျင့်ခန်းများ သည်လိင်ဆက်ဆံမှုပုံစံ အမျိုးမျိုးကို ခံနိုင်ရည်အပြည့်ဖြင့် ပြုလုပ်နိုင်သည့် အပြင်
ကိုယ်ခန္ဓာအတွက် လိုအပ်သော အင်အား၊ယူနစ်ကို တိုးပွားစေသည်။လေ့ကျင့်သင့်သော ယောဂပုံစံ
များမှာ Bow Pose, Peacock Pose (also called the Forearm or Elbow Balance), and Shoulder Stand တို့ ဖြစ်သည်။အကျယ်တ၀င့် သိလိုပါက ထိုလေ့ကျင့်ခန်းများ၏ အမည်ကို ဂူဂဲလ်
တွင်ရှာဖွေကြပါကုန်။
၎-လမ်းခပ်သွက်သွက်လျောက်ခြင်း
ဟားဗတ်တက္ကသိုလ်မှ အသက်ငါးဆယ်အထက် အမျိုးသားပေါင်း ၃၁၀၀၀ ကိုလေ့လာရာ၊အေရိုးဗစ်
လေ့ကျင့်ခန်းများသည် ပန်းသေခြင်းကို ၃၀% ခန့် လျော့ချနိုင်ကြောင်းကို တွေ့ ရှိခဲ့ကြသည်။နောက်
ထပ်လေ့လာမှုတစ်ခုက တစ်နေ့ ကိုကယ်လိုရီ 200 လောင်ကျွမ်းအောင် နှစ်မိုင်ခန့် ကိုခပ်သွက်သွက်
လမ်းလျောက်ခြင်းက ပန်းသေခြင်းကို လျော့ချပေးနိုင်ကြောင်းကိုတင်ပြပေးခဲ့သည်။ခပ်သွက်သွက်
လမ်းလျောက်ခြင်း၊ ပြေးခြင်း စသောလေ့ကျင့်ခန်းများသည်၊ သွေးကြောများကို သန့် စင်သန်စွမ်း
စေနိုင်ပြီး၊ လိင်တံတောင့်တင်းမှုကို ပိုမိုစေကာ၊တောင့်တင်းချိန် ကိုလည်းကြာစေသည့် အတွက်လိင်
စွမ်းဆောင်ရည်ကို အထူးပဲမြင့်မားစေပါသည်။ထိုအေရိုးဗစ် လေ့ကျင့်ခန်းများက ကိုယ်တွင်းမှ အင်ဒရိုဖင်း ထွက်စေပြီး  စွမ်းဆောင်ရည်မြင့်စေပါသည်။။
မိတ်ဆွေ အထက်ပါ အချက်လေးများကို ဂရုတစိုက်လေ့ကျင့်ပေးပါ။ နောင်တွင်လည်း အလျင်းသင့် သလို လိင်ပညာပေး ဆောင်းပါးများကို တင်ဆက်ပေးသွားပါဦးမည်။နောက်တစ်ပါတ်တွင်လည်း၊
တစ်ကိုယ်ရေ လိင်စိတ်ဖြေဖျောက်ခြင်း (မာစတာဗေးရှင်း) အကြောင်း၊ အကျိုးကို တင်ဆက်ပေးသွား ပါဦးမည်။


 တင်ဆက်သူ-
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



No comments:

Post a Comment