အကောင်းဆုံးရဲ့ အကောင်းဆုံးတွေကိုမှဖတ်ရှု မှတ်သားလိုသူများအတွက်ကာယဗလလော
ကရဲ့ အဆင့်အမြင့်ဆုံးသောပြိုင်ဖက်ကင်းမောင်အိုလံပီယာလီဟေးနီရဲ့ ရင်အုပ်ကစားနည်း
ကိုတင်ပြပေးပါ့မယ်။သူ့ ရဲ့ ကစားနည်းအယူအဆများဟာမျိုးဆက်သစ်ကာယဗလလောက
တစ်ခုလုံးကိုယနေ့ တိုင်လွမ်းမိုးနေဆဲပါ။သူဟာလေ့ကျင့်ရာမှာစက်ပစ္စည်းများကိုလုံးဝအား
မကိုးဘဲ၊သာမန်ဘားတိုး၊ဘားရှည်များဖြင့်သာလေ့ကျင့်သောကြောင့်၊စက်ပစ္စည်းမစုံလင်၍
စိတ်ဓါတ်ကျနေသောကျွန်တော်တို့ ကာယဗလသမားများအတွက်အတုယူစရာ၊အားတက်
စရာဖြစ်မည်ဟုထင်ပါသည်။သူဟာကာယဗလလောကကိုထုထည်နှင့်စတင်မိတ်ဆက်ပေးခဲ့
သူပါ။သူ့ အရင်မောင်အများစုဟာကိုအလေးချိန်ခပ်ပေါ့ပေါ့လေးများနဲ့ ပါ။ဥပမာ-ဖရင့်ဇိန်း၊
ခရစ်ဒစ်ကာဆင်၊ဆမ်မီယာဘန်းနူးတို့ ဖြစ်ပါတယ်။သူ့ ရဲ့ ရင်အုပ်ကစားနည်းအယူအဆက
တော့ ***ကျွန်တော်ရင်အုပ်လေ့ကျင့်ရာမှာဘယ်တော့မှစက်မသုံးပါဘူး။လိုလည်းမလိုအပ်
ပါဘူး။ရင်အုပ်ကစားရာမှာဘာဘယ်တွေ၊ဒမ်ဘယ်တွေနဲ့ နှစ်တန်းဘားလက်ထောက်တွန်းတင်
တွေသာအခြေခံကျတာပါ။အကယ်၍ကျွန်တော်စက်ကိုသုံးတဲ့အခါမှလည်း cable cross over
ကိုပဲသုံးပါတယ်။ရင်အုပ်ကြွက်သားတွေတည်ဆောက်ရင်ဘားရှည်တွန်း၊ဘားတိုတွန်းနဲ့ဒမ်
ဘယ်ဖလိုင်းတွေကသာကြွက်သားထုတက်စေတာပါ။အဲဒီ့အခြေခံလေ့ကျင့်ခန်းတွေမပါဘဲနဲ့
သင့်ရင်အုပ်ထုမတက်နိုင်ပါဘူး။***
လီဟေးနီ၏ရင်အုပ်ကစားနည်းပရိုဂရမ်
လေ့ကျင့်ခန်း အကျော့ အကြိမ်
ဘားရှည်ရင်အုပ်တွန်း 4-5 12-6
45ဒီဂရီဘားရှည်ရင်အုပ်အပေါ်တွန်း 4 10-6
ဒမ်ဘယ်ဖလိုင်း 4 12-15
နှစ်တန်းဘားလက်ထောက်တွန်းတင် 3 10-12
Cable crossovers 3 10-12
လေ့ကျင့်ခန်းတွေကိုလေ့ကျင့်ရမည့်ပုံမူရင်းတွေကိုဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။
သေသေချာချာကြည့်ရှုမှတ်သားပြီးလေ့ထိုပုံစံအတိုင်းရအောင်လေ့ကျင့်ကြည့်ပါလို့ တိုက်တွန်း
လိုက်ပါတယ်။
၁။ ။ ဘားရှည်ရင်အုပ်တွန်း
၂။ ။45ဒီဂရီဘားရှည်ရင်အုပ်အပေါ်တွန်း
၃။ ။ဒမ်ဘယ်ဖလိုင်း
၎။ ။နှစ်တန်းဘားလက်ထောက်တွန်းတင်
၅။ ။ Cable crossovers
နောက်ကိုလည်းကျွန်တော်တို့ နိုင်ငံကစားသမားများအတွက်သင့်လျော်သောလေ့ကျင့်နည်း
ဆောင်းပါးများနှင့်အာဟာရဆောင်းပါးများကိုတင်ဆက်ပေးသွားပါဦးမည်။
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com

တစ်ကယ် အကျိုးရှိစေမဲ့ ကစားနည်း ဖြစ်မယ် လို့ ယုံကြည်ပါတယ်။ ကျေးဇူးပါ ။
ReplyDelete