စတင်ဝင်ရောက်ခဲ့ပြီး၁၉၉၃ခုနှစ်၌ Teenage and men's middle weight championship ဆုကို ပထမဦးဆုံးဆွတ်ခူးရရှိခဲ့သည်။ထို့နောက်ပြည်တွင်းပြိုင်ပွဲများ၊ဖိတ်ခေါ်ပြိုင်ပွဲများ၊ဆုကြေးစားပြိုင်ပွဲများမှ
တစ်ဆင့်ချင်းတိုးတက်မှုများရရှိသလိုဆုတံဆိပ်များလည်းဆွတ်ခူးနိုင်ခဲ့ပြီးမောင့်အိုလံပီယာပြိုင်ပွဲဝင်ထိပ်တန်း ကာယဗလမောင်တစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့သည်။၂၀၀၁ခုနှစ်မောင့်အိုလံပီယာပြိုင်ပွဲ၌တားမြစ်ဆီးဆေးသုံး
စွဲမှုစစ်ဆေးတွေ့ရှိခဲ့သဖြင့်ပြိုင်ပွဲဝင်ခွင့်ပယ်ချခံခဲ့ရသည်။၂၀၀၂ခုနှစ်မှစ၍၂၀၀၅ခုနှစ်အထိ(၈ထပ်ကွမ်းမောင့်
အိုလံပီယာနီကိုလ်းမင်း၏နောက်တွင်ဒုတိယနေရာမှလေးနှစ်ဆက်တိုက်ရပ်တည်ခဲ့သည်။၂၀၀၆ခုနှစ်တွင်
တော့(၈)ထပ်ကွမ်းချန်ပီယံကြီး၏မောင့်အိုလံပီယာဆုတံဆိပ်သည်ဂျေးကက်တလာအတွက်ဖြစ်လာခဲ့သည်။
၂၀၀၇ခုနှစ်တွင်လည်းဆက်လက်၍ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည်။၂၀၀၈ခုနှစ်တွင်တော့ The Blade ဟုနာ မည်ပြောင်ခေါ်ကြသည်။ဒတ်တာဂျက်ဆင်မှပထမနေရာကိုလုယူသွားခဲ့သည်။သို့သော်ထိုဆုသည်ဒတ်တာ ဂျက်ဆင်အတွက်ယနေ့အချိန်ထိတစ်ခုထဲသောအကြီးမားဆုံးအောင်မြင်မှုဖြစ်ခဲ့သည်။ထိုနောက်ပိုင်းမှစ၍ ဒတ်တာဂျက်ဆင်သည်ပထမနေရာနှင့်အလှမ်းဝေးခဲ့သည်မှာ၂၀၁၃ခုနှစ်မောင့်အိုလံပီယာပြိုင်ပွဲအထိပင်ဖြစ်
သည်။၂၀၀၉၊၂၀၁၀ခုနှစ်များတွင်လည်းဂျေးကတ်တလာသည်ပထမနေရာကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်
။အောင်မြင်မှုနှင့်ကျော်ကြားမှုသည်ရေရှည်မမြဲနိုင်ဆိုသကဲ့သို့ပင်၂၀၁၁ခုနှစ်မောင့်အိုလံပီယာပြိုင်ပွဲတွင်
သူငယ်ချင်းလည်းဖြစ်ကစားဖက်လည်းဖြစ်သူ
Philheathမောင့်အိုလံပီယာဆုတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့သည်မှာယ နေ့၂၀၁၃ခုနှစ်အထိဆိုလျှင်သုံးနှစ်ဆက်
တိုက်ပင်ဖြစ်သည်။ဂျေးကတ်တလာအတွက်ကတော့မောင့်အိုလံပီယာ(၄)ထပ်ကွမ်းဆိုသည်နှင့်ကျေနပ်
လိုက်ရသည်။အသက်(၁၆)နှစ်အရွယ်ကတည်းကကာယဗလမဂ္ဂဇင်းများ၊ကာယဗလလေ့ကျင့်ခန်းဗီဒီယို
အခွေများကိုကြည့်ရှုအားကျခဲ့သောဂျေးကတ်တလာသည်သူဖြစ်ချင် သောကာယဗလမောင်တစ်ဦး၏ဘဝ
ကိုပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။အောင်မြင်မှုများရရှိခဲ့သလိုကာယဗလမဂ္ဂဇင်းများတွင်မျက်နှာဖုံးရှင်အဖြစ်သာမ
ကကိုယ်တိုင်ရေးကာယဗလလေ့ကျင့်မှုလမ်းညွှန်စာအုပ်၊ဂျေးကတ်တလာကိုယ်တိုင်လေ့ကျင့်မှုဗီဒီယို
အခွေများဆက်တိုက်ထွက်ရှိခဲ့သည်။အောက်ဖော်ပြပါအချက်အလက်များသည် ဂျေးကတ်တလာနှင့်ပတ်
သက်သည့်ကိုယ်ရေးအချက်အလက်တစ်ချို့ကိုကော်နုတ်ဖော်ပြထားခြင်းဖြစ်သည်။
အမည်ရင်း Jason Isac Cutler
အမည်ပြောင် Cuts
မွေးသက္ကရာဇ် 1973, August 3
မွေးဖွားရာဒေသ Sterling, Worcester, Massachusetts, USA
နေရပ်လိပ်စာ လပ်(စ်)ဗီးဂတ်(စ်), USA
အရပ် ၅ ပေ ၉ လက်မ
ကိုယ်အလေးချိန် ပြိုင်ပွဲဝင် ၂၇၄ ပေါင်
ပြိုင်ပွဲဝေး ၃၁၀ ပေါင် (အတိုးအလျော့ရှိနိုင်သည်)
အိမ်ထောင်ဖက် Kerry Cutler
ဆံပင်အရောင် အနီဖျော့ဖျော့
မျက်လုံးအရောင် အပြာ
အတိုင်းအထွာများ
ရပ်အုပ် ၅၈ လက်မ
လက်မောင်း ၂၂ လက်မ
လည်ပင်း ၁၉ လက်မခွဲ
ခါး ၃၄ လက်မ
ခြေသလုံး ၂၀ လက်မ
ပေါင် ၃၃ လက်မ
ကိုးကွယ်သည့်ဘာသာ ခရစ်ယာန်
အောင်မြင်မှုပြိုင်ပွဲများ မောင့်အိုလံပီယာ(၄)ကြိမ် (၂၀၀၆၊၂၀၀၇၊၂၀၀၉၊၂၀၁၀)
အာနိုးကလပ်စစ် (၃)ကြိမ်
အကြိုက်ဆုံးစားစရာ အမဲကြော်၊ကျွဲသား
အကြိုက်ဆုံး TV Programs Crime Scene Investigation (2000)
အကြိုက်ဆုံးလေ့ကျင့်ခန်းအမျိုးအစား ဘားရှည်အလေးထမ်းလမ်းလျှောက်
လေ့ကျင့်မှုတွင်ကြိုက်နှစ်သက်သည့် အောက်ပိုင်းနှင့်ဆုံကြွက်သား
ကြွက်သားအုပ်စု
အကြိုက်ဆုံးရုပ်ရှင်နှင့်သရုပ်ဆောင်များ Die Hard Series (1988)
Robert De Niro and Bruce Willis
ကြိုက်နှစ်သက်သည့်အခြားအားကစားများ ဘတ်စကက်ဘောနှင့်ဘောလုံး
အကြိုက်ဆုံးဂီတအဆိုတော်များ The Cure, Tupac Shakur, Snoop Dogg.
ဖော်ပြပါအချက်အလက်များသည် ( ၄) ထပ်ကွမ်းချန်ပီယံဟောင်းတစ်ယောက်၏ကိုယ်ရေးအချက်အလက် အတိုအထွာများပင်ဖြစ်သည်။မြန်မာဖစ်တနက်စ်မှာဆောင်းပါးရေးစဉ်ကတည်းကကျွန်တော်သည်ဒိုရီယန်
ရိတ်စ်၏အကြောင်းများသာဦးစားပေးဖော်ပြခဲ့သည်မှာမှန်သည်။အဘယ်ကြောင့်ဆိုသော်သူ၏ခံယူ
ချက်ပြင်းထန်မှု၊သူ၏ဇွဲလုံ့လနှင့်ကာယဗလအားကစားအပေါ်ထားရှိသည့်စိတ်ဓာတ်နှင့်အပြောနှင့်လက်တွေ့
ကိုတူညီအောင်ဖော်ဆောင်နိုင်မှုတို့ကြောင့်ဖြစ်သည်။ကာယဗလလောကကိုစတင်ဝင်ရောက်စဉ်ကတည်း
ကအောင်မြင်မှုများနှင့်သာစတင်ခဲ့သူပီပီသူသည်ရှုံးနိမ့်မှုနှင့်ကာယဗလလောကမှဘယ်တော့မှအနားမယူဘူး
ဟုသည်ဆိုသည့်အတိုင်း၁၉၉၈တွင်သူ၏အခြေအနေသည်ယှဉ်ပြိုင်မှုနှင့်မထိုက်တန်ဟုခံယူထားသည့်အ
လားပြိုင်ပွဲမှအပြီ?အနားယူသွားခဲ့ပြီး(၈)ထပ်ကွမ်းချန်ပီယံဖြစ်လာမည့်ရွန်နီကိုးလ်မင်းပေါ်ထွက်လာခဲ့သည်။
အမှန်တော့ဒိုရီယန်သည်မောင်အိုလံပီယာဒုတိယရရှိခဲ့ပြီးသည့်နောက်ပိုင်းမှစ၍ဒဏ်ရာများနှင့်ပြိုင်ပွဲဝင်ခဲ့သူ
တစ်ဦးဖြစ်သည်။အမျိုးမျိုးသောဒဏ်ရာများသည်သူ့အတွက်စိန်ခေါ်မှုများကြားမှအောင်မြင်မှုအတွက်တွန်း
အားဖြစ်စေခဲ့သည်။ဒိုရီယန်သည်လွယ်လွယ်နှင့် ( ၆ထပ်ကွမ်းဖြစ်လာခြင်းတော့မဟုတ်ပေ။သူ၏ပြင်း
ထန်သောနည်းစနစ်သည်အောင်မြင်မှုကိုပေးစွမ်းနိုင်သလိုတစ်ဖက်မှလည်းဘေးထွက်ဆိုးကျိုးဟုခေါ်နိုင်မည်
့ဒဏ်ရာများသည်တစ်နှစ်ထက်တစ်နှစ်အောင်မြင်မှုနှင့်အတူဒွန်တွဲလာခဲ့သည်မှာအနားယူချိန်အထိပင်ဖြစ်
သည်။ယခုနောက်ပိုင်းမောင်အိုလံပီယာများသည်ဒိုရီယန်ရီတ်စ်ကိုအားကျသူများရှိသကဲ့သို့သူ၏လေ့ကျင့်
နည်းကိုကြိုက်နှစ်သက်သူများလည်းရှိသည်။သူအဆင့်နှင့်သူတော့ကောင်းပါလိမ့်မည်။လူသစ်တွေအတွက်
ကတော့ မလေ့ကျင့်တာအကောင်းဆုံးပါ။နောင်အလျဉ်းသင့်လျင်ယနေ့နာမည်ကျော်မောင်အိုလံပီယာ အချို့၏ကိုယ်ရေးအချက်အလက်အချို့ကိုယခုဆောင်းပါးကဲ့သို့ပင်တင်ဆက်ရေးသားပေးရန်စိတ်ကူးရှိပါ
သည်။ဂျေကတ်တလာ၏စားသောက်ပုံနှင့်လေ့ကျင့်မှုအကြောင်းကိုတောင်းဆိုထားသောမင်ဘာ ( ၃ )ဦးအတွက် လည်းကျွန်တော်ရေးသားပေးရန်ရှိပါသည်။
အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com
No comments:
Post a Comment