ဖြေ။ ။သင့်ရဲ့ အမေးအတွက်အကောင်းဆုံးအဖြေကကျွန်တော့်မှာရှိပါတယ်။လက်မောင်းနောက်က
စားချိန်မှာကျွန်တော်အမြဲတမ်းကေဘယ်လ်ကြိုးနှင့်လက်မောင်းနောက်သားဖိနှင့်စပါတယ်။
အလေးပေါ့ပေါ့နဲ့ 12-ကြိမ်၊15-ကြိမ်လောက်သွေးပူကစားပါတယ်ပြီးတော့မှအလေးများနိုင်သမျှများများနဲ့ 
တစ်ကျော့ကိုနိုင်သလောက်ညှစ်ပြီးအိတ်သွန်ဖာမှောက်ကစားပါတယ်။ဒုတိယလေ့ကျင့်ခန်းကတော့ez bar
နဲ့ ပက်လက်အိပ်လက်မောင်းနောက်သားဆန့် ကိုကစားးပါတယ်။ပြီးတော့တတိယလေ့ကျင့်ခန်းကတော့ဒမ်
ဘယ်နှင့်တစ်ဖက်ချင်းလက်မောင်းနောက်သားဆန့် ပါတယ်။ကျွန်တော်အကြံပြုချင်တာကတော့သင်တို့ အနေ
နှင်မိမိ၏တစ်ကိုယ်လုံးကြွက်သားတည်ဆောက်ပုံနှင့်လေ့ကျင့်ခန်းများကိုပုံကျပန်းကျဖြစ်အောင်မည်ကဲ့သို
့လေ့ကျင့်ရမည်ကိုလေ့လာထားသင့်ပေသည်။ထိုဗဟုသုတမရှိဘဲနှင့်သင်သည်မိမိလေ့ကျင့်သောကြွက်သား
ကိုထိရောက်အောင်မည်သို့ မှလေ့ကျင့်နိုင်မည်မဟုတ်ပေ။ကစားရာတွင်လည်းအကြိမ်အကျော့သိပ်မများစေ
ဘဲ၊တစ်ကျော့နှင့်တစ်ကျော့ကြားနားချိန်ကိုလည်းသိပ်မများပါစေနှင့်။ကာယဗလဆိုသည်မှာအလေးများ၊
အကြိမ်အကျော့များမဟုတ်ပါ၊ကြွက်သားတို့ ၏ခံနိုင်ရည်နှင့်အစွမ်းကုန်ညှစ်ကစားခြင်းကိုဆိုလိုသည်။
ဒါ့ကြောင့်ကာယဗလသည်အရေအတွက်မဟုတ်ပါ၊အရည်အချင်းသာဖြစ်သည်။ထိုအရာကိုသဘောပေါက်မှ
သာသင်သည်အမြဲတမ်းကြီးသည်ထက်ကြီးလာပေမည်။
ဒိုရီယံရိတ်၏လက်မောင်းနောက်သားကစားနည်း
လေ့ကျင့်ခန်း အကျော့ အကြိမ်
လက်မောင်းနောက်သားဖိချ ၁* ၁၅
၁* ၁၂
၁ ၈-၁၀
ပက်လက်အိပ် အီးဇက်ဘား ၁* ၁၂
လက်မောင်းနောက်သားဆန့် 
၁ ၈-၁၀
လက်မောင်းနောက်သား(စက်ဖြင့်) ၁ ၈-၁၀
တစ်ဖက်ခြင်းဆန့် 
*-သွေးပူအကျော့များ
---ဒိုရီယံသည်ပထမတစ်ကျော့၊နှစ်ကျော့၊ကိုအလေးပေါ့ပေါ့ဖြင့်သွေးပူကစားပြီးနောက်ဆုံးတစ်ကျော့ကိုသာ
အလေးများများဖြင့်မီးကုန်ယမ်းကုန်အိတ်သွန်ဖာမှောက်ကစားသောနည်းစနစ် high intensity training
ကိုကျင့်သုံးသည်။သို့ သော်လူသစ်များအနေဖြင့်သင့်တင့်သောအလေးဖြင့်သုံးကျော့စီကစားရန်အကြံပြုထား
သည်။
တင်ဆက်သူ-
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
အကိုတို့ကဒိုရီယန်ရိတ်တော့အတော်ကြိုက်ပုံရတယ်
ReplyDeleteဟုတ်ပါတယ်ဗျာ။ကျွန်တော်တို့ ကဒိုရီယံရဲ့ အမာခံပရိတ်သတ်တွေပါ။ကျွန်တော်လေ့လာမိ
Deleteသလောက်သူကတော်တော်လေးစားစရာကောင်းသူပါ။
လေးစားလျက်--
နိုင်ဦး-၁၁၉