arial" action="like" colorscheme="light">

Sunday, December 1, 2013

အဆင့်မှီမောင်တစ်ယောက် ဖြစ်ဖို့ ဆိုရင်

 
ယနေ.ကျွန်တော်တို့ လူသားတွေမှာတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခန္ဓာ ဖွဲ.စည်းပုံခြင်းမတူကြချေ။ ဖွံ့ဖြိုးထွားကြိုင်းသူကထွားကြိုင်းပြီးပိန်သေးသူကပိန်သေးသလိုအလယ်အလတ် ဖွံ့ဖြိုးသူကဖွံ့ဖြိုး၏။ တဖန် ရာသီဥတု ခြားနားမှု၊ နေရာဒေသ၊ လူမျိုးခြားနားမှု တို.ကြောင်.လည်း ခြားနားမှုတွေ ကိုယ်စီရှိကြ၏။ အားကစားလေ.ကျင်. လိုက်စားရာတွင်လည်းထိုခြားနားမှု တွေကိုသတိပြု ရမည် ဖြစ်သည်။ အားကစားလေ. ကျင့် လိုက်စားတော.မည်ဆိုလျှင် မိမိကိုယ်ခန္ဓာ တည်ဆောက်မှု အခြေအနေကိုလေ.လာရပေမည်။မိမိ၏ကိုယ်ခန္ဓာ နှင်.လိုက်ဖက်သောအားကစားကိုအားကစားနည်းတစ်
နည်းအားဖြင်. မိမိကိုယ်ခန္ဓာ နှင်. လိုက်ဖက် ထူးချွန်နိုင်မည်. အားကစားမျိုးကိုေ၇ွးချယ် တတ်ရမည် ဖြစ်သည်။ အထူးသဖြင်. ယှဉ် ပြိုင်ရေးအားကစားသမားတွေ ဆိုပိုပြီး လေ.လာသင်.သည်။ ဥပမာ။ အရပ်၅ပေ လောက်သာရှိသူသည် ဘောလီဘောအားကစားကိုလေ.ကျင်. လိုက်စားပါကထူးချွန်သောအဆင်.သို. ရောက်ရှိရန် ခဲယဉ်းပေမည် ဖြစ်သည်။ ခေတ်မှီတိုးတက်သော နိုင်ငံတို့တွင် ယင်းအချက်ကိုအလေးအနက် ထား၍ အားကစားဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက် ကြသည်။
ကိုယ်ခန္ဓာ တည်ဆောက်မှု ပညာရပ် အကြောင်းတရားများကိုဖွင့်ဆိုရေးသားရန် မလွယ်ကူပေ။ ရှာဖွေလေတွေ့ရှိလေဆိုသည်.အတိုင်းပင် ကမ္ဘာ့ ဆေးပညာရှင် သုတေသီတို.သည် လူတို့၏ ကျန်းမာရေးအတွက် အသက်ရှင် နေထိုင်ရေးနှင်. တိုးတက်ဖွံ့ဖြိုးရေးတို.အတွက် ခေတ်မှီတိုးတက် မြင်.မားလာသောပညာရပ်များဖြင့် အမြဲမပြတ် သုတေသနပြု ရှာဖွေ ဖော်ထုတ်လျက် ရှိပေသည်။ သုတေသီပညာရှင်တို.၏ များပြားသောရှာဖွေ တွေ့ရှိချက် များမှာကာယဗလအားကစားအတွက် အထောက်အကူ ပြုနိုင်သောတွေ့ရှိချက်များမှ သိသင်. သိထိုက်သောအချက်အလက် အချို.ကိုရေးသားတင်ပြပေးလိုက်ပါတယ်။ လူ၏ ကိုယ်ခန္ဓာသည် အရေပြား၊ အဆီခေါ် ကြွက်သားဖု့းအမြှေးပတ် ကြွက်သား၊ အရိုး၊ အရိုးအဆစ်များကိုရွေ.လျားနိုင်အောင် ဆန်.နိုင် ကျုံနိုင်စွမ်းရှိသောအသားမျှင်များပါသောတစ်သျူးများနှင်.ဖွဲ.စည်းတည်ဆောက်ထားခြင်းဖြစ်သည်။
ဆေးပညာအရလူ၏ ကိုယ်ခန္ဓာတည်ဆောက်မှု ကိုယ်လုံးကိုယ်ထည် အမျိုးအစား(၃)မျိုးရှိသည်။ ယင်းတို.မှာ—
(၁)အင်္ဂါချို့တဲ. ကြုံလှီသောကိုယ်ကာယ
(၂)၀ဖိုင်.သော ကိုယ်ကာယ
(၃)ကြံ့ခိုင် တုတ်ခိုင်သော ကြွက်သား(သို.) ကြီးထွားသောကိုယ်ကာယ –စသည်.တို.ဖြစ်သည်။
ယင်း(၃)မျိုးအနက် တတိယအမျိုးအစားဖြစ်သည်. ကြံ့ခိုင်ကြီးထွားသောကိုယ်ကာယပိုင်ရှင်များသည် ကာယဗလ  နှင်.ကာယအလှ တည်ဆောက်မှုတွင် ပိုမိုလွယ်ကူ၍ အကျိုးဖြစ်ထွန်းမှု ပိုမိုမြန်ဆန်စွာရရှိပေသည်။ ကာယဗလနှင်. ကာယအလှ တည်ဆောက်မအားကစားလေ.ကျင့်ရေးတွင် အဓိက  အပိုင်းကြီး (၃)ပိုင်းရှိသည်။ ယင်းတို.မှာ
(၁) ကိုယ်ကာယဖွံ့ဖြိုးကြံ့ခိုင် ကြီးထွားအောင် လေ.ကျင်.ခြင်း
(၂)ကိုယ်ကာယအစိတ်အပိုင်းအလိုက် အချိုးအစားညီညွတ် ပြေပြစ်အောင် လေ့ကျင့်ခြင်း
(၃)။ကြွက်သားများထုထည်ပမာဏ ကြီးထွားမှု နှင့် ပြည်.စုံ ပြတ်သားပေါ်လွင်မှု ရှိအောင် လေ.ကျင်.ခြင်း စသည်တို. ဖြစ်သည်။

ဖွံ့ဖြိုးကြီးထွားမှု လေ.ကျင်.ရေးအပိုင်းသည်အမြဲတမ်းဂရုပြုနေရမည့် ဖြစ်သည်။ ကိုယ် ကာယအချိုးအဆစ်ပိုင်းအားလုံးနှင့် လည်းသက်ဆိုင်မှု ရှိကြောင်းသတိပြုသင်.သည်။ ဖွံ့ဖြိုးကြီးထွားမှုကိုတိုးတက်ခိုင်မြဲအောင်  လေ့ကျင်.စဉ် အချိန်ကာလမှအနားယူသည်. အထိ   ကြိုးပမ်းအားထုတ် ရမည်  ဖြစ်သည်။သစ်ပင်များသည် ပင်စည်သေးသေးမအကိုင်းအခက ကြီးကြီးမားမားမထွက်သကဲ.သို. ကိုယ်လုံးကိုယ်ထည် သေးသေးလေး နှင်. ရင်အုပ်ကားကားလက်မောင်း ကြီးကြီးထွားထွား ဖြစ်လာဖို. ဆိုတာမလွယ်ကူပေ။ ထို.ကြောင့်ပင်စည် များ ကြီးထွားအောင် တည်ဆောက်ရမည်ဖြစ်သည်။ ကာယဗလလေ့ကျင်. ရေးအပိုင်းတွင် အပေါ်ပိုင်းအောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားလိုက်ပါကအပေါ်ပိုင်းတွင် ရင်အုပ် ၊ကျောပြင် ၊လည်ပင်းလက်မောင်းအိုး၊ လက်ဖျံ ၊ ၀မ်းဗိုက် တို.ပါရှိပြီးအောက်ပိုင်း၌ ပေါင် ၊ ခြေသလုံး ၊စသည်တို. ပါဝင် လေသည်။
အပေါ်ပိုင်းဖွံ့ဖြိုးကြီးထွားမှု၏ အဓိကပင်စည်သည် ရင်အုပ်နှင်. ကျောပြင် ဖြစ်၏ နံအိမ် ကျယ်ပြန်. မောက်ကားမှုသည် အရေးကြီး၏ ဟောဟိုလူရင်အုပ်ကားကား ကြွက်သားအဖုဖုထုထုပြီးခရာချင်စရာဆိုသည်. တေးသွားအတိုင်းပင် ရင်အုပ် ကားကား နှင်. ကြွက်သား ကြီးထွားမှု၏ တင်.တယ်မှု သည် စာဆိုထိုက် သည်. အရည်အသွေးတစ်ရပ် ဖြစ်သည်။ ကျောပြင် ကြီးထွားမှုသည်. ဘေးကြွက်သား (၀င်းသား) ကြီးထွားမှု  အပေါ်မူတည်သည်။ ဘေးကြွက်သားကားထုတ်လိုက်သောအခါ မြွေဟောက်ပါးပျဉ်းပမာ ဖြစ်နေရမည်။ ရင်အုပ၊်ကျောပြင် တို. ဖွံ့ဖြိုး ကြီးထွားမှုနှင်. အညီလက်မောင်း ၊လက်ဖျံ ၊ လည်ပင်း၊ ပခုံးကြွက်သား၊၀မ်းဗိုက် စသည်တို.သည်လည်းအချိုးညီဖွံ့ဖြိုး ကြီးထွားရပေမည်။ တုတ်ခိုင်သောလည်ပင်းမှကြွက်သားသည်  တောင်ခြေလျောဆင်းလာပြီးရင်အုပ်ကြွက်သားကျောပြင်ကြွက်
သား၊ လက်မောင်းအိုးကြွက်သားတို.နှင်. ပဏာတင်.နေရမည် ဖြစ်သည်။ ရွှေလယ်တိုင် ဖော.ရိုး၊ ပုခုံးလယ် ကန်သင်းပြင် ဇြစ်နေပါကအချိုးအစားညီညွတ် ပြေပြစ်ခြင်းအရည်အသွေး ပြည်.၀ တော.မည် မဟုတ်ချေ ။ ကိုယ်ကာယ   အပေါ်ပိုင်း ကြီးထွားမှုနှင့် အတူအောက်ပိုင်း ကြီးထွားမှုကလည်းလိုက်လျောညီထွေ ရမည် ဖြစ်သည်။ အပေါ်ကြီးအောက်ရှုး ဖြစ်မနေသင်.ပေ။ ပေါင်၏ ကြီးထွားမှုသည် ရင်အုပ်ကျောပြင် ကြွက်သားတို.၏ ကြီးထွားမှုနှင်. လိုက်ဖက်ရမည်ဖြစ်သလိုခြေသလုံး ကြွက်သားများသည် လည်းလည်ပင်း ၊လက်မောင်း၊ တို.နှင်.အတိုင်းအတာမကွာလှပါမှ အချိုးအစားညီညွတ်သောမောင်လောင်းတစ်ဦး ဖြစ်လာမည်ဇြစ်သည်။ သေးသွယ် ညီညွတ်ခြင်း နှင်ကြီးထွားညီညွတ်ခြင်းတို.၏  အကျိုးဆက်မှာမတူညီပေ။ ထို.ကြောင်. ကာယဗလတည်ဆောက်ရာတွင် ဖွံ့ဖြိုးကြီးထွားမှု ကိုအလေးပေးတည် ဆောက်နေခြင်းဖြစ်သည်။
အချိုးအစားညီညွတ်ပြေပြစ်မှု ရှိခြင်းဟုဆိုရာ၌ အထက်ဖော်ပြပါ ကိုယ်ကာယအချိုးအစားညီညွတ် ရုံနှင့် မလုံလောက်သေးချေ။ အစိတ်အပိုင်းတစ်ခုချင်း၏  ကြွက်သားများတည်ရှိမှု အချိုးအစားညီညွတ် ပြေ ပြစ်ရန်လည်းလိုပေသည်။ ဆိုလိုသည်. သဘောမှာပန်းပုရုပ်တုပုံကြမ်းတစ်ခုကိုအနုပညာမြောက် ပုံဖော်ရာတွင် ကြီးရမည်. နေရာကြီးသေးရမည်. နေရာသေးနှင်. မို.မောက် စေကာဆောက်ကြောင်းလက်ရာအတိမ် အနက် တို.ဖြင်.အနုစိတ်ထားသည်. ပမာဖြစ်လေသည်။ ရင်အုပ်သည် ကျယ်ပြန်.ခြင်းနှင်. အညီမို.မောက်ခြင်းသည် ဘေးသားအပေါ်သားနှင်. အလယ်သားတို.သည် ပြေပြစ်ခြင်းရှိရမည်။ ကြွက်သားများပေါ်လွင် ပြတ်သား ခြင်း၏ အဓိကဖော်ဆောင်ချက်တစ်ရပ်မှာကိုယ်ခန္ဓာ အစိတ်အပိုင်းအလိုက် ကြွက်သားများတည်ရှိမှုကိုထင် ရှားစေခြင်းပင်ဖြစ်သည် နှင်.အမျှ ကာယဗလတည်ဆောက်မှု၏  အင်အားတစ်ရပ်လည်း ဖြစ်သည်။ ယင်းအင်အားသည် ထုထည် ပမာဏ ကြီးထွား ပြည်.စုံပါကခိုင်လုံသော ကြွက်သားအလှ ပိုင်ရှင်ဖြစ်ပေမည်။
ကာယဗလ အားကစားလေ.ကျင်.လိုက်စားသူများသည် အထက်ဖေါ်ပြပါ အဓိကအချက်များကို ပြည်.စုံအောင် လေ.ကျင်.ရမည် ဖြစ်သည်။ ထို.သို. လေ့ကျင်.ရာတွင် မိမိကိုယ်ခန္ဓာတည်ဆောက်မှု အခြေအနေကိုမူတည်၍ လေ့ကျင့်မှုများ ပြုလုပ်သင်. ပေသည်။ လူတို.၏ ကိုယ်ခန္ဓာသည် ယေဘူယျ အားဖြင်. (၃) မျိုးရှိကြောင်းအထက်မှာတင်ပြပြီးသား ဖြစ်သလိုမိမိသည် မည်သည်. အမျိုးအစားတွင် ပါဝင်သည် ဆိုသည် ကိုနားလည် တတ်ကျွမ်းသူများနှင်. တိုင်ပင် ဆွေးနွေး ရွေးချယ်သင်.ပေသည်။ နည်းစနစ် ကျစွာ ကြိုးပမ်းအားထုတ်ပါက နှစ်တိုအတွင်းအောင်မြင်မှု အလားအလာရှိလျက် တတ်သိနားလည် သူများနှင်. အလှမ်း ကွာဝေးမှု သို.မဟုတ် သင်ကြားပြသမှု ကိုနာယူလိုစိတ်မရှိမှု တို.ကြောင်.အောင်မြင်မှု ပန်းတိုင် နှင်.အလှမ်း ဝေးနေသူ များအများအပြားပင် ၊ ငါးပိဖုတ်တောင် ဆရာမပြနည်းမကျ ဆိုသကဲ.သို .နားလည် တတ်ကျွမ်းသောဆရာကောင်းတို.၏ စကားကို မြေ၀ယ်မကျ နားထောင်ရင်းလေ့ကျင့်သင့် ပေသည်။ ယနေ. ကြွက်သားကမ္ဘာ၏  ဖွံ့ဖြိုး ကြီးထွားမှုတွင် တွန်းကန် ပေါက်ကွဲ
 ဖြစ်ပေါ်နေသည့် လေ့ကျင့်ရေးနည်းစနစ်များ နှင်. ခေတ်မှီသောစက်ကရိယာတို.ဖြင်. လေ့ကျင့်သောအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျွန်တော်တို့ သည် လည်းထိုခေတ်မှီ  တိုး  တက်လာသောနည်းစနစ် များနှင်. အညီအမှီလိုက်၍ နည်းစနစ် မှန်ကန်စွာလေ.ကျင့်ပါမှ ပြိုင်ပွဲစင်မြင်. ထက် တွင် ဘက်စုံကောင်းမွန်သောအရည်အသွေးပြည်. မောင်လောင်းတစ်ဦး ဖြစ်လာမည် ဟုယုံကြည် နေမိ ပါ တယ်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com



No comments:

Post a Comment