ယနေ့ ခေတ်သည်တိုးတက်လာသောနှစ်ဆယ့်တစ်ရာစုဖြစ်သည်နှင့်အညီလူအများစုသည်
ခေတ်နှင့်အညီလူနေထိုင်မှု ပုံစံများကိုတည်ဆောက်လာကြသည်။သို့ သော်ကျန်းမာရေး
နှင့်ညီညွတ်သောဘ၀ပုံစံဟုတ်ပါရဲ့ လားလို့ ကျွန်တော်မေးချင်ပါသည်။လူအများစုကဆိုရှယ်
ကျသည်၊ခေတ်မှီသည်ဟူသောအပြောလေးများ၊လူမှု့ ရေးအရဟူသောအပြောလေးများဖြင့်
အရက်၊ဘီယာနှင့်ဝိုင်အစရှိသောယမကာများကိုမှီဝဲလာကြသည်။ကျွန်တော့်သင်တန်းမှလူ
ငယ်အများစုကကျွန်တော့်ကို -ဆရာဘီယာသောက်တာကောင်းလား၊ abc ဘီယာကြော်ငြာ
ထဲမှာဗလကြီးတစ်ယောက်ကအလေးမပြပြီးအောက်မှာလည်းခွန်အားဖြိုးမောက်အေဘီစီ
စတောက်လို့ ရေးထားတယ်ဆိုပြီးပြောကြတယ်။တစ်ချို့ ကလည်းကျွန်တော့်ကိုဘီယာဘူးရဲ့ 
အောက်ခြေမှာ extra strong လို့ ရေးထားတယ်ဆိုပြီးသိချင်လို့ မေးတာထက်ကျွန်တော်က
သူတို့ ဘီယာသောက်တာကိုထောက်ခံပေးဖို့ ပြောနေကြတာပါ။ကျွန်တော်လည်းမြင်ပြင်းကတ်
ကတ်နဲ့ ဘီယာသောက်တာကောင်းတယ်ဆိုရင်မင်းတို့ အမေကမင်းတို့ ကိုငယ်ငယ်မှာနို့ မ
တိုက်ပဲဘီယာတွေပဲတိုက်မှာပေါ့ကွလို့ ခပ်ပြတ်ပြတ်ပြောလိုက်ရောသူတို့ သိပ်မကြည်ကြတော့
ဘူးဗျ။အဲဒီသူတွေအားလုံးအတွက်ရောကျွန်တော်တို့ ဆိုက်ကမင်ဘာတွေအတွက်ရောကျွန်
တော်အခုစိတ်ကောင်းဝင်နေလို့ စနစ်တကျလေ့လာတွေရှိချက်လေးများနှင့် ကယ်လိုရီတန်ဖိုး
များကိုဖော်ပြပေးလိုက်ပါတယ်။စပြောချင်တာကတော့ဘီယာမှာဘာအာဟာရတွေပါလဲဆိုတာ
ကစချင်ပါတယ်။ဘီယာအားလုံးလိုလိုမှာတော့ကယ်လိုရီနည်းတဲ့ကာဗိုဟိုက်ဒရိတ်အနည်းငယ်
သာပါပါတယ်။ကျန်တာကိုသင့်ကိုမှာအဆီတွေကိုစုသွားစေတဲ့အရာများသာပါပါတယ်။ဒါ
ကြောင့်ဘီယာသောက်တာကတော့သိပ်မကောင်းပါဘူး။အဲဒါတွေကိုတော့နောက်ဆောင်းပါးတစ်ပုဒ်မှာ
တင်ပြပေးပါ့မယ်။
ဒီဆောင်းပါး ကတော့ ၂၀၁၃-ခုနှစ်ရဲ့ နောက်ဆုံးဆောင်းပါးလေးပါပဲ။လာမည့်နှစ်မှာ ဒီ့ထက်ပိုကောင်းတဲ့
ဆောင်းပါးလေးတွေ တင်ဆက်ပေးပါဦးမယ်။သူငယ်ချင်းအားလုံးပျော်ရွင်စရာနှစ်သစ်ဖြစ်ပါစေ။
Grow without Limits
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com