arial" action="like" colorscheme="light">

Saturday, November 29, 2014

စားသုံးသင့်သောပျားရည် နှင့်သစ်ကြားသီးတို့၏ ကောင်းကျိုးများ

ပျားရည် စားသုံးခြင်းဖြင့် ရ ရှိနိုင် သော
အကျိုးများကို ဖော်ပြရလျှင်
ခွန်အားတိုး စေခြင်း၊
ချောင်းဆိုးခြင်း ကို အထိုက် အ လျောက်
ကုစားနိုင် ခြင်း ( ပျားရည် သောက်နေစဉ်
သီးပါက ဘေးထွက်ဆိုးကျိုးပြင်းထန်သဖြင့်
ရေ နွေးနှင့် ဖြစ် စေသံပုရာရည်နှင့် ဖြစ်စေ
ရောစပ်သောက်သုံးသင့်ပါသည်)
အသား အရည် ကောင်း စေခြင်း၊
ကိုယ် အ လေးချိန် ကျ စေခြင်း( သံပုရာသီး
အရည်၊ရေ နွေးနှင့်တွဲဘက် စားသုံးပါကပို အကျိုးသက်ရောက်ပါသည်)
ညဘက် ကောင်းစွာအိပ် ပျော် စေခြင်း
်အစားအစာများကိုခြေဖျက် ရာတွင်
ိုမြန်ဆန် စေခြင်း(ကြက်သွန်ဖြူနှင့်တွဲ
ဘက်စားသုံးပါကပိုမိုထိရောက်စေပြီး
အစာအိမ်အားကောင်းစေပါသည်)
သွေးပေါင် ချိန်ပုံမှန်ဖြစ် စေခြင်းစသည်အကျိုး များရရှိပါမည်။ ၄င်းအပြင် အ စေ့အဆံတစ်မျိုးဖြစ် သော
သစ်ကြားသီး စားခြင်းဖြင့်
အစာစားလိုစိတ် ကိုအားပေးသည်။
ယင်းတွင်alpha linolenic acid၊
အမျှင် ဓါတ်နှင့်vitamin E များစွာပါဝင်
သဖြင့် နှလုံး ၏စွမ်း ဆောင် ရည် တိုးတက်
ကောင်းမွန်စေသည်။ ဖော်ပြခဲ့သည်များ
အတွက်ပျားရည်တစ်ခါသောက်
လျှင် လဘက် ရည်ဖျော်ဇွန်း၁ဇွန်းမှ၂ဇွန်းနှင့်
သစ်ကြားသီးတစ်ခါစား၂လုံးမှ၃လုံး
တစ်နေ့လျှင်၂ကြိမ်မှ၃ကြိမ်စားသုံး
သင့်ပါ ကြောင်းဖော်ပြ ရေးသားအပ်ပါသည်။
(ပျားရည် သောက်သင့်
ပါသလားဟုမေးမြန်းသော ကိုR ZarNi အား
ကျေးဇူးတင် ကြောင်းဖော်ပြအပ်ပါသည်)

Refး Honey & Walnut resources
ကာယဗလနှင့် ကာယအလှ လေ့လာ
လိုက်စားသူများအားအစဉ်လေးစားလျက်
စိုင်းသီဟ ကျော်စန်း

No comments:

Post a Comment