arial" action="like" colorscheme="light">

Saturday, November 29, 2014

အ၀မလွန် စေရန်အဆီချခြင်း

မိမိ၏အရပ်အ မောင်းနှင့်ညီမျှသော အ လေး
ချိန်ထက် ပို နေလျှင် ၀သည်ဟု ယေဘူယျ
အားဖြင့်သတ်မှတ်နိုင် ပါသည်။
ဥပမာ ဖော်ပြရလျှင်
(Pro bodybuildersများထည့်မတွက်ပါ)်
၁၇၀ cmမြင့်သူသည် ၆၀-၇၀ကီလိုဂရမ်
အတွင်းရှိ နေသင့်ပြီး ၈၅ကီလိုထက် ကျော်
ပါက အ၀လွန်သည် သတ်မှတ်နိုင် ပါသည်။
၁၈၀ cmမြင့်သူသည် ၆၆-၈၀ ကီလိုဂရမ်
အတွင်းရှိသင့်ပြီး၉၅ကီလိုကျော်ပါကအ၀လွန်
သတ်မှတ်နိုင် ပါသည်။်
ကိုယ် အ လေးချိန် ညွှန်းကိန်း
BMI=Body Mass Index
ခန္တာကိုယ် အ လေးချိန်( kg)÷အရပ်အမြင့်
မီတာ×အရပ်အမြင့်မီတာ
၈၀ကီလို ရှိပြီး အရပ်(၁့၆)မီတာ ရှိသူအတွက်
၈၀÷( ၁့၆)×(၁့၆ )=၃၁
အမျိုးသားများအ နေဖြင့် ၂၄
အမျိုးသမီးများအ နေဖြင့် ၂၆ထက်ပို နေပါက
အားကစားလေ့ကျင့်နေသူလည်းမဟုတ် လျှင်
အဆီချ သင့်ပါသည်။ ဤကဲ့သို့အဆီများနေလျှင် သွေးအတွင်ူး
အဆီများခြင်း၊သွေးတိုး၊ဆီးချို။ အဆစ်အမြစ်
ရောင်ခြင်း၊နှလုံးသွေးကြောကျဉ်းခြင်း၊၊အသဲ
အဆီဖုံးခြင်းစသည်တို့ဖြစ် ရန်အလားအလာ
များပါသည်။
လေ့ကျင့်သင့်သည့်မှာ သွေးပူလေ့ကျင့်ခန်း
များစတင် လေ့ကျင့်ပါ။(ခြေ ခွဲ လက်ဘေးသို့
ဆန့်ုခြင်း၊လက်မြှောက် ခြေ မြှောက်ခြင်းစသည်)
အ လေး ၁၅ ပေါင် ခန့်တပ်ဆင် ထားသော
အ လေးကို ပုခုံးထမ်းပြီးခါးလှည့်ခြင်း၊
အိပ်ထမတင် လေ့ကျင့်ခန်းများ(အဆင် ပြေရာ)
ကြိုးခုန်ခြင်း၊
စက်ဘီးနင်းခြင်း၊
တောင် တက်ခြင်း၊
အေ ရိုးပစ် လေ့ကျင့်ခန်းများ၊
စသည့်တို့အနက် ၃မျိုးကို တစ်ကြိမ်လျှင်
၁၀မိနစ် ဖြင့်၎ ကြိမ် မှ ၅ကြိမ် လေ့ကျင့်ခန်းပြုလုပ် ပါ။ အဆိုပါ လေ့ကျင့်
နည်းအားလေ့ကျင့် သောလူ၂၀၀သည်
တစ်လအတွင်း၁၀ ပေါင် မှ ၁၅ ပေါင် ကျ
ခဲ့ကြောင့်းတွေ့ရပါသည်။ အလားတူပင်
မိတ်ဆွေတစ်ယောက်အားစကားစပ်မိပြီး
ပြောခဲ့ဘူးပါသည်။ထိုမိတ်ဆွေသည်သူ၏
တစ်နေ့တာဖြတ်သန်းသောလူနေမှုဘ၀ပုံစံ
တွင် ကိုယ်လက် လှူပ် ရှားမှူနည်းသဖြင့်
တစ်ပတ်တစ်ခါ ရေကူးခြင်း၊ဂေါက်သီးရိုက်
ခြင်းများပြုလုပ်နေ သော်လည်း တဖြည်းဖြည်း
ဝဖြိုးလာလေသည်။ ထိုရလဒ် ပြောင်းလဲပစ်
နိုင် ရန် မိတ်ဆွေဖြစ်သူ၏တစ် နေ့တာစား
သောက် နေသည်များအနက်မှ ကာဗွန်နစ်
ပါသော အချိုရည် များ နေရာတွင် သစ်သီး
ဖျော်ရည် အစားထိုး၏။ အဆီပါသောအစား
အစာများတစတစ လျှော့လိုက်၏။ပရိုတင်းကို
အနည်းငယ် တိုး၍စား၏။ သံလွင် ဆီ
နှင့် ဆော်လမွန်ငါး များတွင် ပါ သော အဆီ
များစား၏။ ည နေပိုင်းတွင်သောက် လေ့
ရှိသော ဘီယာ၊အရက်
အစားဝိုင် ၂ခွက်ခန့်သောက်၏။်
အထူးသဖြင့် ညစာတွင် အဆီများနှင့်အတူ
ကာဗိုဟိုက်ဒရတ် အားနဂိုစားနေ သည့်ပမာဏ
မှမသိမသာလျှော့လိုက်၏။ ရေ၊လဘက် စိမ်းရည်green tea ပို သောက် ၏။
အဆီထုတ်ထားသော နွားနို့၊ဒိန်ချဉ်၊လတ်
ဆတ် သောသစ်သီး၊ဟင်းရွှက်များပိုစား၏။
တပြိုင် နက်တည်းတွင် ဖော်ပြခဲ့သော cardiovascular လေ့ကျင့် ခန်းများအား
သတ်မှတ် ပုံစံအချိန် နှင့် အကြိမ် အ ရေ အတွက် ပြည့် အောင် ကစားနေ၏။ ပထမ ၂ပတ် ခန့်သည် အတန်ငယ်ခက်ခဲပြီး လေ့ကျင့်
ခဲ့ရပါသည်။ ၃ပတ် မြောက် နှင့် ၄ပတ် အ
ရောက် တွင် လေ့ကျင့်ခန်း ၄ကြိမ် အကြား
တာတို( မီတာ၃၅) အမြန် ၂ကြိမ် ပြေးခြင်း ထည့်သွင်းကစား နိုင် ခဲ့ပါသည်။
ဤသို့ဖြင့် တစ်လ ပြည့်
ပြီး ကိုယ် အ လေးချိန် ချိန် သောအခါ ၁၂
ပေါင် ကျသွားသည်ဆို သောရလဒ် ကောင်း
ထွက်ခဲ့ပါသည်။မိတ် ဆွေဖြစ်သူမှ နေထိုင်
လှူပ် ရှားရာတွင် ပေါ့ပါးသွက်လက်လာသောခံစား
မှူကိုနှစ်ခြိုက်သဖြင့် လေ့ကျင့်ခန်းများဆက်
လက်လေ့ကျင့်ကစားနေပါကြောင်း ဖော်ပြ
အပ်ပါသည်။
Ref:The University of Pittsburgh research
ကာယဗလနှင့် ကာယအလှ လေ့လာ
လိုက်စားသူများအား အစဉ်လေးစားလျှက်
 စိုင်းသီဟ ကျော်စန်း

No comments:

Post a Comment