arial" action="like" colorscheme="light">

Saturday, November 29, 2014

အဆီကျစေ သောခုနှစ် ရက် စားသောက်နည်း


ဖော်ပြမည့်စားသောက်နည်းသည် အဆီကျ
သည့်အပြင် ကိုယ်ခန္တာအဆိပ်ဖြစ်စေသည်
များကိုပါဖယ် ရှားပေးပါသည်။နေ့စဉ် ရေ၈ခွက်
သောက် ရပါမည်။
ပထမဦးစွာခုနှစ် လုံးစားသောက် ရမည့်
အဆီကျဟင်း ရည် တစ်မျိုးချက်
နည်းဖော်ပြပါမည်။
ထိုဟင်း ရည်အတွက်
ကြက်သွန်ဥကြီး ၆လုံး
ငရုပ် ပွအစိမ်း ၂တောင့်
ခရမ်းချဉ်သီးကြီး ၆လုံး
တရုပ်နံနံ ၁စည်း
ဂေါဖီထုပ် အလတ် ၁လုံးစသည်တို့ကို အ
နေ တော်လှီးဖြတ်ပြီးပြုတ် ရပါမည်။ဆားအသင့်
သင့်နှင့် ငရုပ်ကောင်း ထည့်စားရပါမည်။
ပထမ နေ့တွင်
အဆီကျဟင်းရည်နှင့် အတူ
ဌက်ပျောသီးမှလွဲ၍လိမ္မော်သီး ပန်းသီး
သစ်တော်သီး ကျွှဲကောသီးစသည့်အရည်
ရွှမ်းသောအသီးများတစ် နေ့ ၄ကြိမ် ၅ကြိမ်
စားသောက် ရပါမည်။
ဒုတိယ နေ့တွင်
အဆီကျဟင်းရည် အာလူး ဟင်းသီးဟင်းရွှက်
အစုံအားပေါင်း၍ တစ် နေ့တာအတွက်
စားသောက် ရပါမည်။
တတိယ နေ့
အဆီကျဟင်းရည် နှင့်အတူ ပထမ နေ့နှင့်
ဒုတိယ နေ့စားသည့် သစ်သီး၊အာလူးနှင့်
ဟင်းရွှက်စုံ ပေါင်းများစားသောက် ရပါမည်။
စတုတ္ထ နေ့
အဆီကျဟင်းရည် ၊ဌက် ပျောသီး(သီးမွှေး
သို့မဟုတ်ဖီးခြမ်း ) အဆီမပါသောနို့များ
စားသောက် ရပါမည်။
ပဉ္စမ နေ့
အဆီကျဟင်း ရည်၊ ငါး(သို့မဟုတ်)ကြက်သား
်(သို့)ဆိတ်သား တစ် ပေါင် ခန့်အားပေါင်းစားပါ
၎င်းတို့နှင့်အတူ ခရမ်းချဉ်သီး၆လုံးအား ကြက်
သွန်နီ ၃လုံးနှင့်သုပ် စသည်တို့ကိုစားသောက် ရ
ပါမည်။
ဆဌမ နေ့
အဆီကျဟင်းရည် ၊သစ်သီး များ အသား၊
ဟင်းသီးဟင်းရွှက် ပေါင်းများစားသောက်
ရပါမည်။
သတ္တမ နေ့
အဆီကျဟင်းရည၊် ထမင်း ၊ကော်ဖီ ၊လဘက်
ရည်ကြမ်းစသည်တို့စားသောက် ရပါမည်။
ဖော်ပြခဲ့သော ခုနှစ် ရက် စား သောက် နည်း
သည် အဆီကျ ပြီးအဆိပ်ဖယ် ရှားပေးရန်လည်း
အ ထောက်အကူပြုပါ ကြောင်း ဖော်ပြအပ်
ပါသည်။
Ref: American health digest

ကာယဗလနှင့် ကာယအလှလေ့လာလိုက်စားသူများအား အစဉ်လေးစားလျှက်-
စိုင်းသီဟ ကျော်စန်း

No comments:

Post a Comment