arial" action="like" colorscheme="light">

Saturday, November 12, 2016

protein @အသားဓါတ် ချို့ တဲ့ခြင်း၏ လက္ခဏာများ


ကျွန်တော်တို့  မြန်မာလူမျိုး တွေရဲ့ စားသောက်မှု ပုံစံထဲမှာ ချို့ တဲ့နေတဲ့ အာဟာရဓါတ်မှာ ပရိုတိန်းခေါ် အသားဓါတ် ဖြစ်သည်။ ယေဘူယျ ကိုးကွယ်ရာ ဘာသာရေး အယူအဆအရ သက်သက်လွတ် စားသုံးသူများ
ရှိသလို၊ အာဟာရ အခြေခံ သဘောတရားများကို မလေ့လာမိ၍ ပါးစပ်အရသာ ခံပြီး ခံတွင်းတွေ့ ရာ စားတတ်
သည့် အလေ့အကျင့်မှာ အရိုးစွဲနေ ပြီဖြစ်သည်။ တစ်ရာလျင် ကိုးဆယ့်ငါးယောက်သော မြန်မာ အမျိုးသမီးတို့ 
အသားဓါတ် စားသုံးမှု ချို့ တဲ့နေသလို၊ ယေဘူယျ ဂျင်မ်ကစားနေသူ မြန်မာ အမျိုးသား အမျိုးသမီးတို့ ၏
၇၅% မှာ အသားဓါတ် လုံလောက်စွာ မှီဝဲခြင်းမရှိသေးပေ။ ဤဆောင်းပါးတွင် ပရိုတိန်း ချို့ တဲ့ခြင်းကို သတိပေး
နေသည့် လက္ခဏာ အချို့ ကို တင်ပြပါမည်။
ပရိုတိန်းသည် အရိုးများ၊ ကြွက်သားများ၊ ရိုးဆက်အရွတ်များ၊ အရေပြားနှင့် သွေးများ ဖွဲ့ စည်းတည်ဆောက် ရေးအတွက် မရှိမဖြစ် လိုအပ်ပြီး၊ ကြွက်သားများ တည်ဆောက်ခြင်း၊ ကိုယ်ခံအား စနစ်မြှင့်တင်ခြင်း တို့ အပြင်
ခနာကိုယ် တွင်းကိုယ်ပ ယိုယွင်းမှုများကို ပြုပြင်ပေးသည့် မရှိမဖြစ် အာဟာရ ဓါတ်ဖြစ်သည်။ ထို့ ကြောင့် ကျန်းမာပျော်ရွှင်သော ဘ၀နေထိုင်မှု ပုံစံအတွက်၊ ပရိုတိန်းသည် မရှိမဖြစ်သော အာဟာရ ဖြစ်သည်။
လေ့ကျင့်ခန်း ပြုလုပ်ချိန်တွင် ယိုယွင်းသွားသော ကြွက်သားမျှင် လေးများသည်၊ စားသုံးထားသော ပရိုတိန်းဓါတ် များကို အသုံးပြု၍ ပြန်လည်တည်ဆောက် ပေးရသည့် အပြင် ပရိုတိန်း ကြွယ်ဝစွာ စားသုံးခြင်း
သည် အဆီပိုများ လျော့ချရေးတွင် များစွာ အရေးပါလေသည်။သင်နေ့ စဉ် စားသုံးနေသော ပရိုတိန်းပမာဏ သည် လုံလောက်မှု ရှိမရှိ ကိုအောက်ပါ လက္ခဏာများ နှင့် ကြုံတွေ့ ၇ခြင်း ရှိမရှိ ချင့်ချိန်ကြည့်ပါ။
၁-ကြွက်သား ကြီးထွားမှု နှေးကွေးခြင်း
ပုံမှန် ကစား ပုံမှန်နား ပြုလုပ်နေသော်လည်း သင့်ခနာကိုယ် ကြီးထွားလာခြင်း မရှိလျင် ပထမဦးဆုံး ဖြစ်နိုင်သည့် ပြသနာမှာ သင်ပရိုတိန်း ချို့ တဲ့နေခြင်း ဖြစ်နိုင်သည်။ အကယ်၍ ကြွက်သားများ ကြုံလှီသေးကွေး
သွားသည် ကို ကြုံရပါက သင်ပရိုတိန်းဓါတ် ဆိုးရွားစွာ ချို့ တဲ့နေပြီ ဖြစ်ပြီး ကြွက်သားမျှင်များ ဆုံးရှုံးကာ၊
ကိုယ်တွင်းဇီဝဖြစ်စဉ် လည်းနှေးကွေး သွားတော့မည် ဖြစ်သည်။ ဤအချက်သည် ဂျင်မ်ကစားသော်လည်း
ကိုယ်အလေးချိန်(အဆီ) တက်လာမည့် အခြေခံ အကြောင်းအရင်း ဖြစ်ပေသည်။
၂-အနာကျက် နှေးခြင်း
ခနာကိုယ်တွင်း ပရိုတိန်းနှင့် ဗိုက်တာမင်များ ချို့ တဲ့လာခြင်း၏ လက္ခဏာမှာ အနာကျက်နှေးခြင်း ပင်ဖြစ်သည်။
အနာကျက်စေရန် နှင့် ကြွက်သားမျှင်များ တည်ဆောက်စေရန် အတွက် ပရိုတိန်းဓါတ်နှင့် ဗိုက်တာမင်စီ၊ ဇင့်နှင့်
ဆီလီကွန် စသော ဗိုက်တာမင်နှင့် သတ္တုဓါတ်များ လုံလောက်စွာ မှီဝဲရန် အရေးကြီးပါသည်။
၃-ထိခိုက်ဒါဏ်ရာ မကြာခဏရခြင်း
အရိုးတည်ဆောက်ရန်နှင့် အရိုးကျန်းမာစေရန် အတွက် ကယ်လစီယမ် စုပ်ယူမှုအားကောင်းရန် အရေးကြီးပါသည်။ အကယ်၍  ပရိုတိန်းချို့ တဲ့ပါက အရိုးသန်စွမ်းမှုနှင့် ကြွက်သားမျှင်များ တိုးပွားရန် မဖြစ်နိုင်
တော့ပါ။ လေ့ကျင့်ခန်း ပြုလုပ်ပြီး ကြွက်သားများ ပြန်လည်အားပြည့်ရန် ပရိုတိန်းဓါတ် ကြွယ်ဝစွာ လိုအပ်သော်
လည်း စားသုံးမှု လျော့ကျနေပါက အားအင်ချိနဲ့ ပြီး ကြွက်သားများ ကျုံလှီနေကာ မတော်တဆ ရရှိထားသော
ဒဏ်ရာများ ပျောက်ကင်းရန် အချိန်ကြာမြင့်သလို မ ကြာခဏလည်း ထိခိုက်ဒဏ်ရာရစေနိင်ပါသည်။
၎-ကိုယ်ခံအား လျော့ကျလာခြင်း
ဆေးသိပံပညာက အခိုင်အမာ သက်သေထူထားသည်မှာ ဖက်တီးအက်ဆစ်များနှင့် ဓါတ်တိုးဆန့် ကျင်ပစ္စည်း
များအပြင်၊ ပရိုတိန်းလုံလောက်စွာ စားသုံးမှုသည် ကိုယ်ခံအား စနစ်ကို အကူအညီပေးထား သည် ဆိုသည့်
အချက်ပင် ဖြစ်သည်။ ပရိုတိန်းချို့ တဲ့မှုသည် ကိုယ်ခံအားမြင့်သော ဆဲလ်များကို လျော့ပါးစေပြီး၊ ပဋိပစ္စည်းများ
ဖြစ်တည်မှုကို လျော့ကျစေခြင်းကြောင့် ကိုယ်ခံအားကို ချို့ တဲ့စေပါသည်။ထို့ ကြောင့် ပရိုတိန်းချို့ တဲ့ပါက၊
ခနာကိုယ်အနေနှင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ၏ တိုက်ခိုက်မှုကို မတွန်းလှန်နိုင်ဘဲ အလွယ်တကူ ဖျားနာ
နိုင်ပါသည်။
၅-ဆံပင်ကျွတ်ခြင်း
ဆံပင်ကျွတ်ခြင်းသည်၊ မျိုးရိုးဗီဇ၊ ဟိုမုန်းမမျှတမှုတို့ နှင့် သက်ဆိုင်သော်လည်း ဆံပင်ကျန်းမာရေး၏ အဓိက ကျသောအချက်မှာ အာဟာရ ချို့ တဲ့ခြင်းပင်ဖြစ်သည်။ ဆံပင်နှင့် အမွှေးအမျှင်များ၏ ၉၁% မှာ ပရိုတိန်းဓါတ် ဖြင့်တည်ဆောက်ထားပြီး စားသုံးရာတွင် ပရိုတိန်းချို့ တဲ့ပါက အမွှေးအမျှင်များ၏ သန်စွမ်းကြီးထွားမှု ရပ်တံ့
သွားပြီး၊ အမွှေးကျွတ်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ ကြောင့် ကျွန်တော်တို့ ပေ့ခ်ျတွင် တင်ပြထားသော ပရိုတိန်း စားသောက်မှု ပုံစံများကို ပြည့်မှီအောင် စားသုံး
သင့်ပါသည်။ သို့ မဟုတ်ပါက သင့်အနေနှင့် အထက်ပါ ပြသနာ ငါးရပ်အနက်မှ တစ်ခုဖြစ်စေ အကုန်ဖြစ်စေ
ကြုံတွေ့ ရတော့မည် ဖြစ်ပါကြောင်း----
လေးစားစွာဖြင့်-
#နိုင်ဦး_၁၁၉
#Muscle_Professor

No comments:

Post a Comment