arial" action="like" colorscheme="light">

Saturday, November 29, 2014

ကျန်းမာအားပြည့်စေ သော ကြက်သွန်ဖြူနှင့်နို့

 
ကြက်သွန်ဖြူသည်အစာကြေ စေသည်။
ကိုယ်ခံအား ကောင်းစေသည်။ သွေးသည်း
ခြေတိုးပွားစေသည်။ ဆံပင် ကောင်း စေသည်။
လေ နှင့်ပက်သက်သောဝေဒနာများမဖြစ်စေ
ရန်ကာကွယ်ပေးသည်။အသက် ရှည်စေသည်
ထို့အပြင် ၄င်းနှင့်အတူတွဲဖက်စားသုံးရမည့်
အဆီထုတ်ထားသောနွားနို့ခွက်ကြီးတစ်ခွက်
လီတာတစ်ဝက် ( သို့မဟုတ်) ၁/၂ လီတာတွင်
ပရိုတိန်း ၁၆ ဂရမ်
ကာဗိုဟိုက်ဒရိတ် ၂၃ ဂရမ်
ဆိဒီယမ် ၂၀၀ မီလီဂရမ်
ကယ်စီယမ် ၆၀၀ မီလီဂရမ်တို့ ပါဝင် ပါသည်။
ကျန်းမာအားပြည့်စေ သော အားဖြည့်ဖျော်ရည်
တစ်ခွက် ရရှိရန်
ကြက်သွန်ဖြူ အမွာ ၂ မွှာ နှင့် အဆီထုတ်ထား
သောနွာ့းနို့လီတာဝက်အား ရော၍ပွပ်ပွပ်ဆူ
အောင် ကျိုချက် လိုက် ရပါမည်။ (ယင်း
တို့ကိုစားသုံးရာတွင် ကြက်သွန်ဖြူအပါအ၀င် အကုန်အစင် စားရပါမည်)်

အဆိုပါကြက်သွန်ဖြူနို့အား မနက် စာစားသုံး
ရာတွင်ဖြစ်စေ၊ညအိပ်ယာမ၀င် မှီညလယ်စာ
အတွက်ဖြစ်စေ၊သို့တည်းမဟုတ် လေ့ကျင့်ခန်းမပြုလုပ်ခင်၄၅မိနစ် ခန့်တွင်ဖြစ်
စေ၊လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်တွင်ဖြစ်စေ
စားသောက်ခြင်းဖြင့်ခွန်အားအတွက်တစ်နည်း
တစ်ဖုံ အ ထောက်အကူပြုပါ ကြောင်း ဖော်
ပြအပ် ပါသည်။
Ref: benefits of garlic and milk
ကာယဗလနှင့်ကာယအလှ လေ့လာလိုက်စား
သူများအားအစဉ်လေးစားလျှက်
စိုင်းသီဟ ကျော်စန်း

No comments:

Post a Comment