arial" action="like" colorscheme="light">

Saturday, November 29, 2014

ကျန်းမာ ရေးလိုက်စားသူများစားသင့်သောရွှေဖရုံသီး

ရွှေဖရုံသီး ၏အာနိသင် မှာ ခန္တာကိုယ်တွင်း
အပူလွန်ခြင်း ကို ထိန်းညှိ ပေးသည်။
သွေးသားစိုပြည်စေသည်။ အ ရေပြားတွင်
ဖြစ်တတ်သော အသားပို နှင့် ကြာဆူးကဲ့
သို့သောအ ရေပြားကြမ်းတမ်းစေ သည့်အရာ်
များမဖြစ် အောင် ကာကွယ် ပေးသည်။
ရိုးတွင်းခြင်ဆီ ကို အားဖြည့်ပေးနိုင် သဖြင့်ီ
အရိုး၏ကြံ့ခိုင် အားကောင်း စေရန်များ
စွာ အ ထောက်အကူပြုပါသည်။ ရွှေဖရုံသီး
ကို မကြာခဏ စားသုံးသူများသည် အရိုး
ကျီးပေါင်းတက်သည့်ရာခိုင်နူံး အလွန် နည်း
ပါးသည်ကို တွေ့ရပါသည်။ ထို့အပြင်
သွေးလေညီမျှစေပြီးအစာအိမ် သန့်ရှင်းပေး
သောအစွမ်းသတ္တိရှိသည်ကိုလည်းတွေ့ရပါ
သည်။ ရွှေဖရုံသီးကို ကင်းကြမ်း(ဟင်းချိုချက် ရာတွင် ထည့်ရ
သောပန်းခြောက်တစ်မျိုး ) နှင့် ရော နှော
ချက်စားလျှင် အသံဝင်ခြင်း၊အ အေးမိ၍အသံ
ပြွန်ရောင် ရမ်းခြင်းကိုသက်သာပျောက်ကင်း
စေသည်။ဖော်ပြခဲ့သောအစွမ်းသတ္တိများပြည့်ဝ
စွာရရှိနိုင် စေရန် ရွှေဖရုံသီး၏အခွံကြမ်းကို
ဓါးဖြင့် သင် ရာတွင် ကုန်စင် အောင် မခွာ
ဘဲ စားသဲုံးရန်အနည်းငယ်ချန်ထားရပါမည်။

Refး Shi Min Yao Shu Chinese traditional medicineresearch
ကာယဗလနှင့် ကာယအလှ လေ့လာလိုက်စားသူများအား အစဉ်လေးစားလျှက်-

စိုင်းသီဟ ကျော်စန်း

No comments:

Post a Comment