arial" action="like" colorscheme="light">

Saturday, November 29, 2014

အာဟာ၇ရွေးချယ်စားသောက်တတ်ပါစေ

 
လူသားတိုင်းအတွက်နေ့စဉ်စားသောက်မှုတွင်အာဟာရအချိုးအစားမျတမှုသည်အရေးပါသောအရာတစ်
ခုဖြစ်သည်အထူးသဖြင့်ကျန်းမာရေးနှင့်ညီညွတ်သောအကျိုးပြုအစားအသောက်များကိုရွှေးချယ်စားသောက်
တတ်ရန်အလွန်ပင်အရေးကြီးသည်။အမြန်စာများရယ်ဒီမိတ်အစားအစာများပေါများလာသလိုလမ်းဘေးတွင်
အလွယ်တကူဖြင့်ဝယ်ယူစားသောက်နေသည့်အကင်များကလည်းကျွန်တော်တို့အတွက်နှစ်ကာလကြာရှည်
လာပါကကင်ဆာရောဂါကိုဖြစ်ပွားစေသည်။ထိုကြောင့်ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်နေရုံနှင့်မပြီးပေ။
အစားအသောက်သည်လည်းဆင်ခြင်စားသောက်ရန်လိုအပ်သည်။အဆီအစိမ့်များသောအစားအစာ ဆိုးဆေးပါသောအစားအစာဓာတုဗေဒဆေးဝါးများပါသောအစားအစာစသည့်ဖြင့်အဆန်းအပြားမျိုးစုံပါ
ဝင်နေသောအစားအသောက်များကိုအသက်ရှင်ဖို့အတွက်လိုအပ်၍စားသောက်နေရသည်မှာမှန်သော်လည်း
အမှန်တကယ်တွင်ကြောက်ရွံမိသည်။တတ်နိုင်သလောက်တော့ဆင်ခြင်၍အကျိုးပြုသောအစားအသောက်
များကိုစားသုံးပေးခြင်းသည်ကျန်းမာရေးအတွက်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုမည်ထင်မိသည်
ကျွန်တော်အခုတင်ပြပေးချင်သည်မှာကြက်ဥတစ်လုံး၏အကျိုးကျေးဇူးဖြစ်သည်။ကြက်ဥဟုဆိုလိုက်သည်နှင့်
အချို့သောသူများကကိုလက်စထရောလ်ပါဝင်မှုမြင့်မားသည်ဟုပြောကြမည်။ကာယဗလသမားများအ
တွက်ကြွက်သားကြီးထွားမှုသည်အဓိကဖြစ်သလိုကြွက်သားကြီးထွားမှုအတွက်?ိုအပ်သောအသားဓာတ်ကို
လုံလောက်စွာစားသုံးရန်လိုအပ်သည်။။အရည်အသွေးပြည့်ဝသောအသားဓာတ်သည်ကာယဗလသမားအ
တွက်အဖော်မွန်ကောင်းပင်ဖြစ်သည်။။(ပရိုတိန်းအကြောင်းကိုသီးသန့်ဆောင်းပါးတစ်ခုရေးသားပေးပါမည်)။
လိုအပ်သောအသားဓာတ်ကိုဖြည့်တင်းမပေးနိုင်လျင်ပြင်းထန်စွာလေ့ကျင့်မှုပြုလုပ်ပြီးကိုယ်ခန္ဓာသည်ကလပ်
စည်းများအတွင်းရှိအသားဓာတ်ကိုဆွဲယူသုံးရသည်ထိုအခါအသားဓာတ်များလျော့သွားခဲ့လျင်နိုက်ထရိုဂျင်
အချိန်အဆတိမ်းစောင်းမှုဖြစ်ပေါ်နိုင်သည်နိုက်ထရိုဂျင်အချိန်အဆမပျက်စေရန်အသားဓာတ်ကိုစားသုံးပေး
ရန်လိုအပ်သည်ပထမတန်းစားအသားဓာတ်ကိုစားသုံးပေးလျင်အကောင်းဆုံးဖြစ်သည်။ဥပမာ။။ကြက်ဥအ
ကာအဆီမပါအမဲသားစစ်စစ်ဟင်းသီးဟင်းရွှက်အချို့တွင်အသားဓာတ်ပါသော်လည်းပါဝင်နှုန်းနည်းသဖြ
င့်နိုက်ထရိုဂျင်အချိန်အဆအတွက်မလုံလောက်ပေထို့ကြောင့်အသားဓာတ်အတွက်အလွယ်တကူစားသုံးနိုင်
သည်မှာကြက်ဥပင်ဖြစ်သည်။။အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာနကအနေတော်ကြက်ဥတစ်လုံးတွငပရို

တိန်း၆.၂၈ဂရမ်ကယ်လိုရီ၇၂ နှင့်အဆီဓာတ်၎.၇၅ဂရမ်ဗီတာမင်နှင့်သတ္တုဓာတ်အနည်းငယ်ပါဝင်သည်ထို
့အပြင်အာရုံကြောလုပ်ဆောင်မှုကောင်းစေသည့်ကိုလင်းနှင့်အာရုံကြောဆဲလ်မပျက်စီးအောင်ထိန်းသိမ်းပေး
သည့်ဖောလိတ်အာရုံကြောမချို့ယွင်းအောင်ကာကွယ်ပေးမည့်B12ပါဝင်သည်။ဆီလီနီယမ် ဇင့်ဓာတ် သံဓာတ်တို့ကလည်းဆံသားနှင့်လက်သည်းခြေသည်းကျန်းမာရေးအတွကိအကျိုးပြုပါတယ်။အချို့သောသူ
များကလည်းကြက်ဥအနှစ်ကိုမစားသင့်ဘူးဟုပြောကြသည်များလည်းရှိသည်။အမှန်တကယ်တော့အနှစ်တွင်
အာဟာရဓာတ်ပိုကြွယ်ဝသည်။ကြက်ဥတစ်လုံး၏အနှစ်တွင်ကယ်လစီယမ်၁၁၂မီလီဂရမ် ဖော့စရပ် ၂၄၀မီလီဂရမ် ဗီတာမင်အေ ၄၃၈ မိုက်ခရိုဂရမ် ပါဝင်ပါတယ် အရည်ကြည်မှာ ကယ်လစီယမ် ၉မီလီဂရမ် ဖော့စရပ် ၁၈ မီလီဂရမ် နှင့်ဗီတာမင် အေလုံးဝမပါ ပါဘူး။ဒါကြောင့် အနှစ်နှင့် အကာ၏ အာဟာရတန်ဖိုးပါဝင်မှုများကိုသိရှိစေရန်အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာနကဖော်ပြထားသည်ယနေ
့မောင်အိုလံပီယာတို့၏နေ့စဉ်စားသောက်မှုတွင်လည်းကြက်ဥသည်မပါမဖြစ်ပင်သို့ဖြစ်ပါ၍ကျွန်တော်တို့
၏နေ့စဉ်လေ့ကျင့်မှုများအချိန်ကုန်လူပန်းမဖြစ်စေရန်လိုအပ်သောကြွက်သားကြီးထွားမှုအတွက်မှန်
ကန်သောစားသောက်မှုဖြစ်စေရန်အရေးကြီးပါသည်ကြုံတုန်းလေးတစ်ခုဖောက်သည်ချချင်ပါသည်အခြား
မဟုတ်ပါကျွန်တော်ဘော်ဒါတစ်ယောက်ကြွက်သားကြီးထွားဖို့အသားဓာတ်လိုတယ်ဆိုလို့ဂျင်မ်ကပြန်တိုင်း
အသားကင်ကိုအချဉ်ရွှဲရွှဲနှင့်စားတတ်သည်ကျွန်တော်ကိုမေးသည်စားလို့ရလားတဲ့အသားဓာတ်တော့မှန်ပါ
သည်အကင်?ဖစ်နေသည့်အတွက်ကင်ဆာဖြစ်စေသည့်ဓာတ်ဖြစ်သောကာစီနိုဂျင်ပါကြောင်းပြောလိုက်ရာ
အကင်ရောင်းသည်ဈေးသည်ယနေ့အချိန်ထိစကားမပြောတော့ပါသူဖောက်သည်ပျက်သွား၍ဖြစ်သည်။
မိတ်ဆွေတို့လည်းမှန်ကန်စွာစားသုံးတတ်ပါစေ။
တင်ဆက်သူ-
 အောင်အောင်(လှိုင်)

No comments:

Post a Comment