arial" action="like" colorscheme="light">

Saturday, November 29, 2014

John Sena လိုဂုတ်သားမျိုးအတွက် upright row

အောက်ပါပုံတွင်ပြထားသောလေ့ကျင့်ခန်းသည် fitness လေ့ကျင့်သူ
ကျားမမရွေးလေ့ကျင့်နိုင်သော ဂုတ်ပိုးသားနှင့်နောက်ကျောပြင်အပေါ်သား
လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။လွန်ခဲ့သောနှစ်သုံးဆယ်က အမျိုးသားတစ်
ယောက်၏ sexy အကျဆုံးသောခန္ဓာကိုယ်အစိတ်အပိုင်းမှာ ရင်အုပ်၊လွန်ခဲ့
သော ဆယ်နှစ်အလျင်က sexy အကျဆုံးသော အစိတ်အပို်င်းမှာ ၀မ်းဗိုက်
ဗယ်လီကြွက်သားများဖြစ်ခဲ့သော်လည်း WWE ဆုကြေးစားနပမ်းပွဲများ
အရိှန်ပြင်းပြင်းအောင်မြင်လာပြီးနောက် men's health မဂ္ဂဇင်းမှ သုတေသန
ပြုလုပ်ခဲ့ရာ အမျိုးသမီးများ အနှစ်ခြိုက်ဆုံးသော အမျိုးသားများ၏ ခန္ဓာကိုယ်
အစိတ်အပိုင်းမှာ ပြည့်ဖြိုးမို့ မောက်သော ဂုတ်ပိုးသားများဖြစ်သည်ဟု လေ့လာ
တွေ့ ရှိခဲ့ကြသည်။
ကမ္ဘာအရှေ့ အနောက်အကြိုက်ချင်းတူချင်မှတူမည်ဖြစ်သော်လည်း မြန်မာ့fitness ၀ါသနာရှင်များ ခေတ်နောက်ကျ မကျန်ခဲ့ရလေအောင် အများသိပြီးဖြစ်သော်
လည်း ဂရုမမူမိသည့် ဤလေ့ကျင့်ခန်းလေး အကြောင်းကို အသိပေးတင်ဆက်
လိုက်ခြင်းဖြစ်ပါသည်။
လေ့ကျင့်ရမည့်နည်းစနစ်မှာ-
ပုံတွင်ပြထားသည့် အတိုင်းအလေးပြားများတပ်ထားသော ဘားရှည်ကို ရှစ်လက်မမှ ဆယ့်နှစ်လက်မ အကွာ လက်နှစ်ဖက်ကိုခြားကိုင်ပြီး အလေးတန်း
ကိုမေးစေ့အထိဆွဲတင်လိုက်ပါ။ထိုအနေအထားတွင် တစ်စက္ကန် လော့က်ထိန်း
ထားပြီး၊လက်များဆန့် လုနီးပါးအထိဖြည်းညှင်းစွာပြန်ချပါ။
Tips----ဤလေ့ကျင့်ခန်း၏ အဓိက အရေးပါသော အချက်မှာ၊အလေးတန်းကို
မေးစေ့အထိဆွဲတင်ရာတွင် ပုံတွင်ပြထားသည့်အတိုင်း တံတောင်ဆစ်များကို
လက်ကောက်ဝတ်အပေါ်သို့ မြှင့်ထားပါ။သို့ မှသာ ဂုတ်ပိုးသားများထိရောက်
မည်ဖြစ်သည်။အကယ်၍တံတောင်ဆစ်များအပေါ်သို့ လက်ကောက်ဝတ်များ
ရောက်သွားမည်ဆိုပါက ပခုံးအိုးရှေ့ သားများသာ ထိရောက်မည်ဖြစ်သည်။
အလေးများရန်မလိုပါ။ပုံကျထိမိရန်သာလိုပါသည်။
လက်ကောက်ဝတ်နာတတ်သူများသည် EZ bar ဖြင့်လေ့ကျင့်နိုင်ပါသည်။
လေးစားလျက်---
နိုင်ဦး-၁၁၉

No comments:

Post a Comment