arial" action="like" colorscheme="light">

Sunday, November 30, 2014

ဝသောသူကိုကြင်နာပါ။

သင်သိပါသလား။
လူအများစုမှာဝသောသူများကို စနောက်ကြသည်။သူတို့ လေးတွေကို အကြောင်းမသိလျှင် တော်သောသူများဟု မမြင်တတ်ကြဘဲထုံအနေသူများဟု ထင်တတ်ကြသည်။မထင်မှတ်ပဲမိမိထက်တော်ကြောင်း သိလိုက်လျင်လည်း ကြည့်မရတတ်တော့ပါ။
bus ကားပေါ်သူတို့ လေးတွေပါလာလျင် စိတ်ပျက်တတ်ကြသည်။
အချို့လူများမှာ ကားပေါ်အီးစော်နံလာလျင် ဝသောသူကိုသာတရားခံထင်တတ်ကြသည်။
ထို့ အပြင် ဝတ္ထုဆရာများ ကာတွန်းဆရာများဒါရိုက်တာများသည်
ပိန်လွန်းသူ ဝလွန်းသူများကို လူဆိုးcharacter။ဟာသcharacter နေရာများတွင် လောဘကြီးသူများအဖြစ် ရယ်စရာအဖြစ် လွန်စွာ ယုတ်ပက်သူများအဖြစ် ထားတတ်ကြသည်။ယင်းတို့ ကြောင့် အပါအဝင် ဝသောသူတို့မှာ အစဉ်အမြဲ impressionဒေါင်းရလေသည်။လူအများစုမှာ လည်း ငယ်စဉ်ကတည်းက ပင် သူတို့ အား အကျင့်ပုတ်သောသူများ။စစရာနောက်စရာ ဟာသသတ္တဝါဟု ထင်တတ်ကြလေသည်။
သို့ သော် ကံအားလျော်စွာပင် သူတို့  လေးတွေတွင် လွန်စွာလှပသော အကြင်နာကြီးသော သဘောကောင်းသော နှလုံးသားလေးများ ပါရှိတတ်ကြလေသည်။ယင်းကို သူတို့ ရန်သူများ။ သူတို့ ပေါင်းနေသော သူငယ်ချင်းအစစ်အချို့နှင့်  သူတို့ လေးတွေရဲ့ ချစ်သူတို့ သာလျင်သိနိုင်လေသည်။

ဝသောသူများသည်သာမန်လူများထက်စိတ်ရှုပ်လွယ်သည်။ဟန်ဆောင်ကောင်းကြသည်။
လူအကြောင်း လူ့သဘောကို နည်းနည်းပိုသိကြသည်။
နာကျင်မှုများကို ခံစားလွယ်သော်လည်း ခံနိုင်ရည်ရှိကြသည်။
အစားအအိပ်မှလွဲပြီး ကိစ္စအများစုတွင် စိတ်ကိုထိန်းချုပ်နိုင်စွမ်းမြင့်မားလေ့ရှိသည်။
စိတ်ကူးဥာဏ်ကောင်းကြသည်။မကြာခဏ စိတ်ကျရောဂါကို အနည်းနှင့်အများ ခံကြရသည်။
အချို့မှာ အလွန် အတ္တကြီးတတ်ပြီး အချို့မှာ လွန်စွာအားနာတတ်ကြသည်။
လူကြားထဲကြာရှည်မနေတတ်သောစိတ်ရောဂါကို ပါးပါးလေးတော့ ပိုင်ဆိုင်ထားတတ်ကြသည်။
အများစုမှာ ရှန်းတတ်ကြသည်။ကိုယ့်ကိုယ်ကိုသနားလွယ်ကြသည်။
လူတွေရဲ့တစ်ကိုယ်ကောင်းဆန်မှုကို ငယ်ငယ်ကတည်းက သိမြင်ခဲ့သူများဖြစ်ကြသည်။
ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာတချို့ရှိတတ်သဖြင့် ရံဖန်ရံခါ ကိစ္စအသေးအမွှားလေးများကို ခံစားဝမ်းနည်းတတ်ကြလေသည်။များသောအားဖြင့် သူတို့ သည် ပထမဆုံးအချစ် တွင် လွန်စွာမှ သနားဖွယ်ရာ ကောင်းသော တစ်ဖက်သတ်အချစ်သမားဘဝကို ရောက်ရှိတတ်ကြဖူးလေသည်။ ရင်ဖွင့်မိလျင်လည်း အခံရအခက်ဆုံးမှာ လူတွေမတရားသည်မှာ သူတို့ လေးတွေအချစ်ကိုတော့ ဟာသလုပ်စရာဟု သတ်မှတ်ကြခြင်းပင်။
ထို့ ကြောင့်  သင့်အနေဖြင့် ဝသောသူများအား ကြင်နာတတ်ရန်လိုအပ်နေပါင်္ပြီ။သူတို့ လေးတွေသည် သက်ရှိလူသားတစ်ဦးဖြစ်သဖြင့်အားနည်းချက်ကိုမစနောက်မိကြစေရန်သတိဖြင့်ထိန်းကြရတော့မည်ဖြစ်သည်။
စိတ်တွင်ဒဏ်ရာရထားပြီးသားသူတစ်ယောက်ကို ထပ်မံပြီး ဒဏ်ရာမပေးပါရန် ဝသောသူများကိုယ်စား ဒီတုတ်တုတ်မှ တောင်းပန်လိုက်ပါသည်။ဘာပဲဖြစ်ဖြစ် သူတို့ လေးတွေကို မပျော်စေချင်ရင်နေပါစေ။ နာကျင်အောင်တော့ မလုပ်မိပါစေနှင့်။သူတို့ သည် သင်နှင့်ယှဉ်လျှင် အရာတော်တော်များများတွင် ရှုံးပြီးနေသောသူများဖြစ်ပါသည်။ကိုယ်ချင်းစာပါ။ ထပ်တောင်းဆိုပါသည်။ ကိုယ်ချင်းစာပါ။

မှတ်ချက်။ ။
ငယ်စဉ်ကလေးဘဝကတည်းကဝခဲ့သူ များကိုသာရည်ရွယ်ပါသည်။ကြီးလာမှဝသောသူများအဖို့ တော့ မှန်ချင်မှမှန်ပေမည်။
facebook မှရယူခဲ့သော ဆောင်းပါးဖြစ်ပါသည်။မူရင်းရေးသားသူကိုမသိတော့သည့်အတွက်
credit အတိအကျမပေးနိုင်ခြင်းဖြစ်ပါသည်။
 လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment