arial" action="like" colorscheme="light">

Sunday, February 16, 2014

Front Squat လေ့ကျင့်သင့်သည့်အကြောင်းအရင်းများ

 
ယနေ့ ခေတ် IFBB မှကျင်းပသောပရော်ဖက်ရှင်နယ်ကာယဗလပြိုင်ပွဲသုံးပွဲကိုချန်ပီယံဖြစ်ပြီး၊မောင်
အိုလံပီယာပြိုင်ပွဲတွင်ပထမခြောက်ယောက်ထဲဝင်သူကာယဗလမောင်တစ်ယောက်သည်ပေါင်ကြွက်
သားမည်မျှကောင်းမွန်ကြီးထွားလှပမည်ကိုမှန်းကြည့်လျင်ပင်သိနိုင်ပါသည်။ထိုသို့ သိနိုင်သည်နှင့်
တပြိုင်နက်အားလုံးကထိုသူသည်သမားရိုးကျခက်ခဲသောပေါင်လေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အလေး
ထမ်းထိုင်ထ (back squat)ကိုအကြိမ်ပေါင်းမည်မျှအလေးမည်မျှနှင့်လေ့ကျင့်ထားသည်ကိုခန့် မှန်း
ကြမည်ဖြစ်သည်။အလေးထမ်းထိုင်ထ (back squat)သည်ခန္ဓာကိုယ်အောက်ပိုင်းအတွက်သာမက
အပေါ်ပိုင်းအတွက်ပါအကောင်းဆုံးသောလေ့ကျင့်ခန်းတစ်ခုဖြစ်သည်ကိုလေ့ကျင့်ရေးသုတေသနများ
ကအခိုင်အမာတင်ပြထားပါသည်။
            သို့ သော်အထက်တွင်တင်ပြခဲ့သောကာယဗလချန်ပီယံသည်သူ့ တစ်သက်လုံး
တွင်သမားရိုးကျ Back squat ကိုတစ်ကြိမ်မှမလေ့ကျင့်ခဲ့ဖုးသော်လည်းဤကဲ့သို့ သောအောင်မြင်မှု
များကိုရယူနိုင်သည့်ပေါင်ကြွက်သားကိုပိုင်ဆိုင်ထားသူဖြစ်သည်။ပုံပြင်မဟုတ်ပါ။တစ်ကယ့်လက်တွေ့ 
ဖြစ်သည်။ထိုသူသည်ဂျာမဏီမှကာယဗလချန်ပီယံရွန်နီရာကယ်လ်ဖြစ်သည်။
            ရွန်နီရာကယ်လ်သည်သူ့ ဘ၀တစ်လျောက်လုံးတွင်ဘာဘယ်လ်အလေးတန်း
နှင့်သော်လည်းကောင်း၊စက်ဖြင့်သော်လည်းကောင်းသမားရိုးကျ back squat ကိုတစ်ကြိမ်မှမကစားခဲ့
ဖူးပါ။သို့ သော်အလေးဆုံရှေ့ ထမ်းထိုင်ထ front squat ကိုမူအကြော့ပေါင်းထောင်နှင့်ချီပြီးလေ့ကျင့်ခဲ့
သူဖြစ်သည်။သူသည်ပြိုင်ပွဲဝေးကာလကိုယ်အလေးချိန်ပေါင် 240-ရှိနေစဉ်တွင်ပင် front squat ကိုပေါင် 450-ဖြင့်၊ရှစ်ကြိမ်အထိကိုအောက်အထိထိုင်လေ့ရှိသည်။front squat သည်back squat ထက်ပေါင်ရှေ့ သားများကိုပို၍ထိရောက်စေနိုင်သည်ကိုသုတေသနများကတင်ပြထားသည်ကိုမယုံ
ပါကရွန်နီရာကယ်လ်၏ထုထည်ကြီးမားသော၊ကြွက်သားများအမြှောင်းမြှောင်းထနေသောပေါင်ကြွက်
သားများကိုသာကြည့်ပါလေ။
            ထို့ အတူပင်ကမ္ဘာ့ပေါင်အကောင်းဆုံးမောင်များဟုတင်စားထားခြင်းခံရသော
တွမ်ပလက်ဇ်၊နှင့်ဘရန့် ဝါရန်တို့ ကဲ့သို့ သောမောင်များသည်ပင်လျင်သူတို့ ၏သက်တမ်းတစ်လျောက်
လုံးတွင် back squat နှင့် front squat ကိုတန်းတူသဘောထားကာလေ့ကျင့်ခဲ့ကြသည်ချည်းပင်ဖြစ်
သည်။ထို့ အတူပင်ကမ္ဘာ့အကြီးကျယ်ဆုံးသောမောင်အိုလံပီယာရွန်နီကိုလ်းမင်းသည်သူ၏ “The Unbelievable” ဟူသောလေ့ကျင့်နည်းခွေတွင် front squat ကို 585-ပေါင်ဖြင့်ကြောက်ခမန်းလိလိ
လေ့ကျင့်ပြခဲ့သည်။ front squat သည်ပေါင်ကြွက်သားထုထည်အတွက်လူတိုင်းဂရုမပြုမိသောအ
ကောင်းဆုံးသောလေ့ကျင့်ခန်းဖြစ်သည်။ယခုတင်ပြပေးမည့်ဆောင်းပါးသည် front squat လေ့ကျင့်
သင့်သည့်အချက်လေးများကိုစုစည်းတင်ပြထားခြင်းဖြစ်သည်။

1-ကျောရိုးအောက်ပိုင်းပြဿနာရှိသူများ
အကယ်၍သင်သည်ခါးဒဏ်ရာရဖူးသူ၊သို့ မဟုတ်ခါးနာကျင်ခြင်းကိုလတ်တလောခံစားနေရသူဆိုပါ
ကသမားရိုးကျ back squat များသည်သင့်အတွက်မသင့်လျောသည့်အပြင်အန္တရာယ်ရှိသည့်လေ့ကျင့်
ခန်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော back squat လေ့ကျင့်ချိန်အစအဆုံးတွင်သင့်ခါးသည်အလေး
ဝန်ကိုထမ်းထားပြီးကိုင်းထားရသည့်အတွက်ကြောင့်ပင်ဖြစ်သည်။front squat လေ့ကျင့်ချိန်တွင်မူ
သင့်ခါးကိုမတ်မတ်ထားရမည်ဖြစ်သည်။အကယ်၍ခါးကိုင်းသွားပါကသင့်ဆုံရှေ့ မှအလေးတန်းပြုတ်
ကျသွားမည်ဖြစ်သည်။ခါးကိုကားဒဏ်မဖြစ်စေနိုင်ပါ။နောက်တစ်ချက်က front squat လေ့ကျင့်ချိန်
တွင်back squat လေ့ကျင့်ချိန်ကလောက်အလေးမနိုင်ပါ။ဥပမာ-back squat လေ့ကျင့်ချိန်တွင်
အလေးပေါင် 405-ပေါင်နိုင်သည်ဆိုပါက front squat လေ့ကျင့်လျင် 250-275 ပေါင်ကိုပင်မနည်း
မရမည်ဖြစ်သည့်အတွက်ကျောရိုးကိုဝန်ပိစေခြင်းမှသက်သာစေသည်။
2-အရပ်ရှည်သူများ
အရပ်ရှည်လွန်းသူများသည်သမားရိုးကျ back squat လေ့ကျင့်ရာတွင်ပုံကျပန်းကျလေ့ကျင့်ရန်အ
တော်ပင်ခက်ခဲသည်။အဘယ်ကြောင့်ဆိုသော်ခါးရိုးသည်အလေးဝန်ကိုထမ်းပြီးမတ်မတ်ထားရန်မ
လွယ်ကူသောကြောင့်ပင်ဖြစ်သည်။ထိုကဲ့သို့ သောသူများကို back squat လေ့ကျင့်စေမည်ဆိုပါက
ခြေနှစ်ဖက်ကိုခပ်ကျယ်ကျယ်ထားစေမှသာဟန်ချက်ထိန်းနိုင်မည်ဖြစ်သည်။ထိုကဲ့သို့ ခြေတံရှည်၊ခါး
ရိုးရှည်သူများအတွက်မူ front squat သည်အကောင်းဆုံးဖြစ်သည်။
3-တင်ပါးကြီးလွန်းသူများ
အကယ်၍သင်သည်မျိုးရိုးဗီဇအရတင်ပါးကြီးထွားသူဆိုပါကသမားရိုးကျ back squat သည်သင့်အ
တွက်အသွားနှစ်ဖက်ပါသည့်ဓါးပမာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် back squat လေ့ကျင့်ချိန်
တွင်အလေးဝန်ကိုပေါင်ကြွက်သားများအပြင်တင်ပါးများကလည်းမျှဝေယူကြသည့်အတွက်ထိုတင်
ပါးများကိုပို၍ကြီးထွားလာစေနိုင်ပါသည်။front squat ကတော့အလေးဝန်းကိုပေါင်အရှေ့ သားများ
တွင်သာသက်ရောက်စေသောကြောင့်တင်မကြီးဘဲ၊ပေါင်ကြွက်သားများကိုကြီးထွားလာစေနိုင်ပါသည်။
4-back squat ကိုငြီးငွေ့ နေသူများ၊ရလာဒ်မထူးခြားသူများ
မည်မျှကောင်းသည့်၊မည်မျှအခြေခံကျသည့်လေ့ကျင့်ခန်းကိုပင်လေ့ကျင့်စေကာမူထိုလေ့ကျင့်ခန်းကို
အချိန်အတိုင်းအတာတစ်ခုအရောက်တွင်ငြီးငွေ့ သွားမည်ဖြစ်သည်။ရလာဒ်ကောင်းများလည်းနှေး
ကွေးသွားမည်ဖြစ်သည်။ထိုကဲ့သို့ back squat ငြီးငွေ့ နေသူများသည် back squat အစား leg press
နှင့် Hack squat ကိုအစားထိုးလေ့ကျင့်ကြမည်ဖြစ်သော်လည်းကျွန်တော်ကတော့ front squat ကိုလေ့ကျင့်ရန်သာအကြံပြုလိုက်ပါသည်။ဤလေ့ကျင့်ခန်းသည်အစပိုင်းတွင်ခက်ခဲမည်ဖြစ်သော်
လည်းနောက်ပိုင်းတွင်မူသင့်ပေါင်ကြွက်သားများကိုမတူညီသောပုံစံဖြင့်လှုံဆော်ပြီး၊ကြီးထွားမှု
များကိုမျက်ဝါးထင်ထင်သင်မြင်ရမည်ဖြစ်သည်။
            ရွန်နီရာကယ်လ်သည် front squat လေ့ကျင့်ခြင်း၏အကျိုးကိုသက်သေပြ
သူဖြစ်သည်။ရွန်နီရာကယ်လ်ကဲ့သို့ သောအဆင့်ကာယဗလမောင်ပင်လျင် front squat ၏အကျိုး
ကျေးဇူးကိုခံစားရသည်ဆိုပါလျင်သင်တို့ ကျွန်ုပ်တို့ ကဲ့သို့ သောသာမန်ကာယဗလသမားများသည်
ကားအဘယ်ကြောင့် front squat ၏အကျိုးမှလက်မဲ့ဖြစ်ရမည်နည်း?။
***front squat လေ့ကျင့်ရမည့်ပုံစံကိုအတိအကျသိလိုပါကကျွန်တော်ရေးသားတင်ဆက်ခဲ့ပြီးသော
လေ့ကျင့်ခန်းများကိုသရုပ်ဖော်ရှင်းလင်းသင်ပြချက်များဟူသောစာအုပ်ငယ်များကိုဒေါင်းလုပ်ဆွဲ
ပြီးလေ့လာကြည့်ပါ။****ထိုသို့ မဟုတ်ပါကမိမိတို့ ဂျင်မ်မှနားလည်တတ်ကျွမ်းသောနည်းပြများ
ကိုသေသေချာချာမေးမြန်းနည်းယူပြီးလေ့ကျင့်ကြည့်ပါ။
 ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---

Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com




No comments:

Post a Comment