arial" action="like" colorscheme="light">

Wednesday, February 26, 2014

ကာယဗလ=အကောင်းဆုံးသောဘ၀သံစဉ်

ကာယဗလဆိုတာဘာလဲ?ယနေ့ ခေတ်လူပေါင်းများစွာသည်ထုးခြားသောရလာဒ်များမမြင်ရဘဲနှင့်
ကာယဗလဟူသောကာယလေ့ကျင့်ခန်းများကိုပြုလုပ်နေကြသည်။ကာယဗလသည်အားကစား
တစ်မျိုးလား?လူအတော်များများသည်ထိုအားကစားနည်းအတွက်ဘ၀ကိုပုံအပ်ထားပြီး၊အခြားသော
ဘ၀တက်လမ်းများကိုလျစ်လျူရှုကာမိမိတို့ ၏ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကိုပဲအာရုံစိုက်နေလွန်းရာကျ
နေသည့်အတွက်ကာယဗလမောင်များသည်စာရိတ္တပိုင်းဆိုင်ရာများပြည့်စုံပါရဲ့ လားဟုလူအမျိုးမျိုးက
မေးခွန်းထုတ်နေကြကာဝေဖန်သံများကားကြားနေရဆဲဖြစ်သည်။အချို့ သူများကလည်းကာယဗလ
မောင်များသုံးစွဲသောဆေးဝါးများနှင့်ပါတ်သက်ပြီးအမျိုးမျိုးဝေဖန်ကြတုန်းပင်ဖြစ်သည်။
ကျွန်တော်သည်ကာယဗလအားကစားသမား၊နည်းပြ၊ဆောင်းပါးရှင်၊ကလောင်ရှင်ဖြစ်သည့်အားလျော်
စွာကျွန်တော့်အမြင်လေးများကိုစုစည်းတင်ပြပေးထားခြင်းဖြစ်ပါသည်။ကျွန်တော်သည်စိတ်ပညာရှင်၊
ဆေးပညာရှင်မဟုတ်သလိုလူနေမှုဘ၀တည်ဆောက်မှုအတွက်အတိုင်ပင်ခံမဟုတ်သလို၊အကြံပေး
လည်းမဟုတ်ပါ။သို့ သော်ကျွန်တော်ချစ်သော၊ရူးသွပ်စွဲလမ်းသောကာယဗလအားကစားနည်းကိုလူ
အများမြင်နေသည့်သာမန်အားကစားနည်းမျိုးမဟုတ်ကြောင်းကိုတော့အနည်းငယ်တင်ပြလိုပါသည်။
ကျွန်တော်တင်ပြလိုသည့်ကာယဗလအကျိုးကျေးဇူးလေးများမှာ-
၁-ကာယဗလလေ့ကျင့်ခြင်းကြောင့်၊ခန္ဓာကိုယ်သည်သန်စွမ်းလာသည်။ကာယဗလလေ့ကျင့်ခန်းများ
ကိုအလေးများဖြင့်ပြုလုပ်ခြင်းကြောင့်၊ကြွက်သားများကြီးထွားသန်မာလာသလို၊အရွတ်၊အရိုးအကြော
များလည်းသန်စွမ်းလာသည်။
၂-သွေးလည်ပါတ်မှုကောင်းစေ၏။တစ်နေကုန်ရုံးတွင်းအလုပ်လုပ်နေရသူများ၊လှုပ်ရှားမှုနည်းသော
ဘ၀နေထိုင်မှုပုံစံရှိသူများသည်၊လေ့ကျင့်ခန်းများမပြုလုပ်ပါကနှစ်အနည်းငယ်အတွင်း၊သွေးတိုးခြင်း၊
သွေးပေါင်ကျခြင်းနှင့်လိင်စွမ်းဆောင်ရည်ကျဆင်းခြင်းနှင့်ခေါင်းကိုက်ခြင်များအပြင်ခံတွင်းပျက်ခြင်း
အ၀လွန်ခြင်းများကိုခံစားရစေနိုင်ပါသည်။ကာယဗလလေ့ကျင့်ခန်းပြုလုပ်ခြင်းသည်၊အထက်ပါဆိုး
ကျိုးများကိုခံစားရခြင်းမှလွတ်ကင်းသွားစေနိုင်ပါသည်။
၃-ဂျင်မ်တွင်ပုံမှန်အချိန်ယူလေ့ကျင့်သည့်အကျင့်စွဲသွားပါက၊လှပကျန်းမာသောခန္ဓာကိုယ်ကိုအချိန်
တိုအတွင်းပိုင်ဆိုင်သွားစေနိုင်သည့်နည်းလမ်းလေးတစ်ခုဖြစ်ပါသည်။
၎-ကာယဗလလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့်၊ကာဒီရိုလေ့ကျင့်ခန်များပြုလုပ်ခြင်းသည်၊ကိုယ်တွင်းမှ
ကိုလက်စထရောလ်ပမာဏကိုကျစေပြီး၊သွေးပေါင်ချိန်ကိုပုံမှန်ဖြစ်စေကာ၊အ၀လွန်ခြင်းကိုကာကွယ်
ပေးနိုင်သည့်အပြင်၊ရင်ခေါင်းပိုင်းဆိုင်ရာရောဂါဆိုးများဖြစ်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။
၅-ကာယဗလလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်အရိုးပွရောဂါကိုကာကွယ်ပေးနိုင်သည့်ကုန်ကျစားရိတ်
အသက်သာဆုံးသောနည်းလမ်းကောင်းဖြစ်ပြီး၊အရိုးများကိုသန်မာစေပါသည်။
၆-ကာယဗလလေ့ကျင့်ခန်းများကိုပြုလုပ်ခြင်းသည်၊သန်မာစေသလို၊အကြောအခြင်များလည်း၊
ပျော့ပျောင်းစေနိုင်ပါသည်။
၇-ကာယဗလလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်၊နှလုံးကိုသန်မာစေပြီး၊နှလုံးရောဂါဆိုးများမှကာကွယ်
ပေးနိုင်ပါသည်။
၈-ကာယဗလလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်အားကစားသမားများကိုမိမိကိုယ်ကိုမိမိယုံကြည်မှုကို
ပေးစွမ်းနိုင်သည့်နည်းလမ်းကောင်းတစ်ခုဖြစ်သည်။
၉-ကာယဗလလေ့ကျင့်ခြင်းကြောင့်၊သွေးလည်ပါတ်မှုကောင်းစေပြီး၊ဦးနှောက်သို့ အောက်ဆီဂျင်ပိုမို
ရောက်စေကာဦးနှောက်အတွင်းသွေးလည်ပါတ်မှုပိုကောင်းကာစွမ်းဆောင်ရည်ပိုမိုမြင့်စေပြီး၊အကြံ
ဥာဏ်ကောင်းများထွက်လာစေကာဦးနှောက်၏စွမ်းဆောင်ရည်ကိုတိုးတက်စေသည့်အတွက်ကာယဗလ
သည်စိတ်ရောကိုယ်ပါအကျိုးပြုစေသည့်အားကစားနည်းဖြစ်သည်။
၁၀-အထက်ပါအချက်များအပြင်ကာယဗလအားကစားကိုလိုက်စားသူများသည်၊အစားအသောက်
အနေအထိုင်ကိုအထူးဂရုပြုနိုင်ခြင်း၊အသောက်အစားအပျော်အပါးများကိုရှောင်ကြဉ်နိုင်ခြင်း၊မိမိတို့ 
၏ခန္ဓာကိုယ်ရောစိတ်ကိုပါထိန်းချုပ်နိုင်ခြင်း၊ကျန်းမာသန်စွမ်းခြင်း၊မိမိတို့ ကိုယ်ကိုယုံကြည်မှုအပြည့်
ရှိကာ၊ရည်မှန်းချက်ကိုပေါက်ရောက်အောင်တစ်စိုက်မတ်မတ်ပြုလုပ်နိုင်ခြင်း၊တို့ အပြင်သက်တမ်း
စေ့သောဘ၀ကိုရယူနိုင်ကာ၊လိင်ကိစ္စများတွင်လည်းလိုတိုင်းတရနိုင်သည့်သိဒ္ဓိပိုင်ရှင်များလည်း
ဖြစ်ပါသည်။ကာယဗလသမားများ၏စိတ်ပိုင်းဆိုင်ရာအရည်အချင်းများအကြောင်းကိုမကြာမှီတင်ဆက်
ပေးသွားပါမည်။
ဤရက်ပိုင်းအတွင်းအလုပ်များမအားလပ်ခြင်း၊အခြားသောစိတ်ထွေအာရုံနောက်စရာကိစ္စများဖြစ်ပေါ်
နေခြင်းကြောင့်ကျွန်တော်သည်ဆောင်းပါးများ၊ရေးခြင်းကိုတစ်လလောက်နားမည်ဟုစဉ်းစားထား
သော်လည်း၊အချိန်တန်လျင်အင်တာနက်သုံးလျင်သုံးခြင်းမြန်မာဖစ်တနက်စ်ကိုဖွင့်ကြည့်ကာတင်ဆက်
ထားသမျှလေးကိုအငမ်းမရလေ့လာတတ်သည့်မင်ဘာလေးများကိုစဉ်းစားမိသည့်အတွက်၊ဤဆောင်းပါး
ငယ်ကိုရေးသားလိုက်ခြင်းဖြစ်ပါသည်။အကယ်၍အမှားလေးများစိတ်အဆင်မသင့်သည့်အရေးအ
သားလေးများ၊နှင့်သင်တို့ အတွက်မထူးခြားသည့်အကြောင်းအရာများကိုတင်ဆက်မိပါက၊ကျွန်တော့်
ကိုနားလည်ပေးကြပါ။မင်ဘာများကိုလေးစားလျက်-
 ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---

Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


No comments:

Post a Comment