arial" action="like" colorscheme="light">

Sunday, February 9, 2014

CHICKEN &BEAN( ပဲ ကြက်သား) နှင်. လျှော.စားသင်.သောအစားအသောက်(၄)မျိုး

နေ.လည်စာအတွက်စားသုံးရန်သင်.တော်ပြီး ကာယဗလနှင်.ကာယအလှလေ.ကျင်.သူများအတွက် ကောင်းမွန်သောအာဟာရတစ်မျိုးဖြစ်သော ပဲကြက်သားဟင်းအကြောင်းဖော်ပြပါမည်။ ထို.အပြင်ကာယဗလနှင်.ကာယအလှလေ.ကျင်.သူများ ဂရုပြုပြီးစားသောက်သင်.သော အရာများပါဝင်နေသည်.  အစားအသောက် (၄) မျိုးကိုလည်းပူးတွဲဖော်ပြပါမည်။ ဦးစွာပထမ ပဲ ကြက်သား ချက်ပြုတ်ပုံအဆင်.ဆင်.နှင်.၄င်းတွင်ပါဝင်နေသည်များကိုရေးသားဖော်ပြပါမည်။
ပါဝင်သောအမယ်များ
၂၄အောင်စ အရိုးထုတ်ပြီးသားအေ၇ခွံဖယ်ပြီးသား ကြက်ရင်အုပ်သား
ငရုပ်ပွအ၀ါ + အနီ တစ်တောင်.စီကို လေးထောင်.ပုံ လှီးဖြတ်ထားပါမည်။
ဘိုစားပဲ ၆အောင်စ
ခရမ်းချဉ်သီးအနေတော်အ၇ွှယ် (၃)လုံး
ပင်စိမ်းရွှက် (၃)ရွှက်
ငရုပ်ကောင်းသင်.တင်.ရုံ
ဆား
ချက်ပြုတ်နည်း
Slow cooker (သို.) ချက်ရန်အိုးထဲသို.အနေတော် (၆)တုံးခန်.တုံးထားသော ကြက်သားနှင်.ပါဝင်သောအမယ်များကိုထည်.ပြီးမီးမျှင်းမျှင်းနှင်.ချက်ပါမည်။ မကြာခဏမွှေပေးရပါမည်။ရေ (သို.) ကြက်ပေါင်းရည်ကို ရေ အနည်းငယ်ခန်းသွားတိုင်းအသားများနူးအိလာသည်အထိ ထည်.ပေးရပါမည်။ပင်စိမ်းရွှက်ကို ဟင်းအိုးချခါနီးမှထည်.ပါမည်။ နူးအိနေသော ကြက်သား (၁)တုံးတွင် ကယ်လိုရီ ၂၂၅ .၎
၊ပရိုတင်း၂၉.၇ ဂရမ်
အဆီ ၇၀.၂ မီလီဂရမ်
ဆိုဒီယမ် ၈၂၉.၃ မီလီဂရမ်
စုစုပေါင်းကာဗိုဟိုက်ဒရိတ် ၁၉.၈ ဂရမ်
စုစုပေါင်းအဆီ၃.၂ ဂရမ်
အမျှင် ၄.၉ ဂရမ် စသည်တို.ပါဝင်ပါသည်။
 ထို.အပြင် ကာယဗလနှင်.ကာယအလှလေ.ကျင်. သူများသည်အောက် ဖော်ပြပါဓါတ်များပါဝင်နေသည်. အစားအသောက်များကို ဂရုပြုစားသောက်သင်.ပါသည်။
1.(Potassium Benzoate)change to C6H6
အချိုရည်ဘူးများတွင်အနည်း(သို.)အများပါဝင်သည်။၎င်း Potassium Benzoateသည် C6H6 hydrocarbonသို.ပြောင်း တတ်သဖြင်.စားသောက်သူကိုေ၇ရှည်တွင်ကောင်းကျိုးမပေးနိုင်ကြောင်း Leslie Bonci, R.D မှ သုတေသန စာတမ်းဖတ်ပွဲတစ်ခုတွင်ပြောကြားခဲ.ပါသည်။
2.BHA butylated hydroxyanisole
ကြာရှည်စွာထားသောအာလူးကြော်ကဲ.သို.သောဆီကြော်မုန်.များတွင်တွေ.ရသည်။၎င်း BHA butylatedhydroxyanisole ပါဝင်သောအစားအသောက်မှာစားသောက်ရန်သင်.သည်စိတ်ချရသည်ဟု Food and Drug Administration (FDA)မှပြောဆိုထားသော်လည်း ကင်ဆာဖြစ်ခြင်းကို အားပေးသည်ဟုလည်းစမ်းသပ်လေ.လာချက်များအရစစ်ဆေးတွေ.ရှိရပါသည်။
3.စားအုံးဆီ (စားရန်မသင်.သောအရည်အသွေးမပြည်.မှီသည်.)စားအုံးဆီ နှင်.ပက်သက်ပြီး
the Academy of Nutrition and Dietetics ၏ ပြောဆိုခွင်.ရှိသူ Christine Gerbstadt, M.D., R.D.,     က အဆီ၈၀%ပါဝင်နေကြော င်း အောက်ပါအတိုင်းပြောဆိုခဲ.ပါသည်။ Oil "Palm kernel oil is about 80 percent saturated fat and leads to increased LDL (bad) cholesterol,"
4.Sodium Nitrate and Nitrite
ကြက်အူချောင်း၊ ဟော.ဒေါ. တို.တွင်ပါဝင်သည်။ ထိုဓါတ်နှင်.ပက်သက်ပြီး Dr. Gerbstadt ( from 2009 report)က ကင်ဆာဖြစ်ခြင်းကိုအားပေးပုံကို Nitrite "Nitrites are added to meats such as hot dogs, bacon, and deli meats as a preservative, but they may form nitrosamines when in the body, which may promote cancer growth," ဆိုပြီးပြောကြားခဲ.ပါသည်။ အထက်ဖော်ပြပါအချက်များကြောင်. ကာယဗလနှင်.ကာယအလှလေ.ကျင်.သူများသည် ကောင်းမွန်သောအာဟာရ များကိုစီစစ်ရွှေးချယ်စားသောက်သင်.သကဲ.သို. လျှော.စားသင်.သောအစားအသောက် များနှင်.လုံးဝမစားသောက်သင်.သောအစားအသောက်များကိုလည်းသတိထားရှောင်ကြဉ်သင်.
ပါကြောင်းဖော်ပြအပ်ပါသည်။
Ref:   Slow Cooker Provencal Chicken and Beans  by Chef Magazine
         Ingredients Nutritionists Won't Touch by  Alanna Nuñez
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျက်---
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan


2 comments:

  1. မနက်စောစော ကုလားပဲအစိမ်းရေစိမ်စားတာက တကယ်ထိရောက်မှုရှိပါသလား အစ်ကို

    ReplyDelete
  2. စိုင်းသီဟကျော်စန်းMonday, February 17, 2014

    ဟုတ်ကဲ. ရှိပါတယ်ဗျာ။ ဟိုးအရင် မြန်မာကာယဗလမောင်ကြီးတွေစားသောက်တဲ.နည်းစနစ်တစ်ခုပါဗျာ။ ကုလားပဲအစိမ်းရေစိမ် (သို.) ပဲတီစိမ်း ခေါ် ဆင်ပဲ (သူကရေကိုညလောက်ကစိမ်ထားမှမနက်မှာပွပါတယ်) နဲ.ကြက်ဥပြုတ် (၃)လုံးလောက်ကိုမနက်စောစောမှာစားတာဖြစ်ပါတယ်။
    ကျေးဇူးတင်ပါတယ် ကိုလှိုင်ဖေ အကျိုးရှိပါစေ။
    ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျက်---
    စိုင်းသီဟကျော်စန်း

    ReplyDelete