arial" action="like" colorscheme="light">

Sunday, February 16, 2014

ပေါင်နှင့်နှလုံး

ကာယဗလမောင်များအကြားချန်ပီယံဖြစ်စေသောခန္ဓာကိုယ်အစိတ်အပိုင်းဟုလူသိများကြသည့်အစိတ်
အပိုင်းမှာပေါင်ကြွက်သားများဖြစ်သည်။ပေါင်ကြွက်သားလေ့ကျင့်ခန်းများသည်အလွန်အမင်းမောပန်း
စေပြီးခန္ဓာကိုယ်ကိုဝန်ဖိအားများများသက်ရောက်စေသောကြောင့်ကာယဗလလေ့ကျင့်သူလူငယ်အ
များစုမလေ့ကျင့်လိုသည့်ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သည်။ထို့ အပြင်ပေါင်ကြွက်သားများသည်လူအ
များကြားတွင်မော်ကြွား၍မရသောဖုံးအုပ်ထားရသည့်အစိတ်အပိုင်းဖြစ်သည်။သို့ သော်ထိုအစိတ်အပိုင်း
၏သင့်ကျန်းမာရေးအပေါ်သက်ရောက်မှုအတိုင်းအတာကိုသိပါကသင်သည်အားကစားရုံသို့ သွားတိုင်း
ထိုကြွက်သားကိုအမုန်းလေ့ကျင့်မည်ဖြစ်သည်။
မကြာသေးမှီကဒိန်းမတ်နိုင်ငံကသုတေသနတစ်ခုကိုတင်ပြပေးခဲ့သည်။ဒိန်းမတ်သိပ္ပံပညာရှင်များက
ယောကျာ်းဦးရေ-3000 နှင့်အမျိုးသမီးများစွာကို 10နှစ်ကျော်ကြာလေ့လာခဲ့ရာနှလုံးရောဂါနှင့်သေခြင်း
များအကြောင်းကိုဆက်စပ်ပုံကိုသိရှိခဲ့ရသည်။ပေါင်အတိုင်းအတာ 22-လက်မထက်သေးငယ်သူများ
သည်ထို့ ထက်ပိုကြီးသူများထက်နှလုံးရောဂါနှင့်ရင်ခေါင်းပိုင်းဆိုင်ရာရောဂါများပို၍ဖြစ်လွယ်ကြောင်း
ကိုတွေ့ ရှိခဲ့ကြောင်းတင်ပြပေးခဲ့သည်။
ထို့ အပြင်ကိုယ်တွင်းအဆီပမာဏသည်ပေါင်ကြွက်သားကြီး
ထွားမှုနှင့်ရောနှလုံးရောဂါကာကွယ်မှုနှင့်ပါမည်သို့ မျှမသက်ဆိုင်ကြောင်းကိုလည်းရှင်းပြခဲ့သည်။
ထို့ ကြောင့်ပေါင်ကြွက်သားများကိုပြင်းပြင်းထန်ထန်လေ့ကျင့်ကြပါစို့ ။ပြင်းပြင်းထန်ထန်လေ့ကျင့်
ဟုတိုက်တွန်းခြင်းကမိမိအိုးနှင့်ဆန်တန်သလောက်သာလေ့ကျင့်ခိုင်းခြင်းဖြစ်သည်။ဂျေးကတ်လာ၊
ကိုင်ဂရီန်းနှင့်ဘရန့် ခ်ျဝါရန်တို့ လောက်ကြီးထွားအောင်လေ့ကျင့်ရမည်ဟုမဆိုလိုပါ။ပေါင်လုံးပါတ်
22-လက်မကျော်ရုံသာကြိုးစားပါဟုတိုက်တွန်းပါသည်။
 ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---

Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



No comments:

Post a Comment