arial" action="like" colorscheme="light">

Sunday, February 9, 2014

လေ့ကျင့်ခန်းပြုလုပ်ရန်အကောင်းဆုံးသောအချိန်

ကျန်းမာလိုသူများနှင့်အားကစားချစ်မြတ်နိုးသူများအတွက်ကတော့၊လေ့ကျင့်ခန်းပြုလုပ်ရန်အတွက်
မည်သည့်ဆောင်ပုဒ်၊အဆိုအမိန့် များမှမလိုအပ်ပါ။သို့ သော်၊ကျန်းမာရေးကိုစိတ်ကူးယဉ်ပြီး၊လေထဲ
တိုက်အိမ်ဆောက်တတ်သူအများစုနှင့်ဘာမဆိုတိတိကျကျလေ့လာလိုသူများအမြဲတမ်းတက်သည့်
စောဒကတစ်ခုမှာ၊***လေ့ကျင့်ခန်းပြုလုပ်ရန်အကောင်းဆုံးသောအချိန်***မှာမည်သည့်အချိန်
ဖြစ်သနည်းဆိုသည့်မေးခွန်းပင်ဖြစ်သည်။
ထိုသူများအတွက်ကျွန်တော်ပေးနိုင်သော၊တစ်ခုတည်းသောအဖြေမှာ၊နှစ်ဆယ့်လေးနာရီပါတ်လုံး၊
သည်လေ့ကျင့်ခန်းပြုလုပ်ရန်အကောင်းဆုံးဖြစ်သည်ဆိုသည့်အဖြေပင်ဖြစ်သည်။သို့ သော်၊ထိုလေ့
ကျင့်ခန်းပြုလုပ်မည့်အချိန်တွင်၊သင်သည်အားပြည့်လန်းဆန်းနေရမည်ဖြစ်ပြီး၊အခြားသောနိစ္စဓူဝအ
လုပ်များအတွက်လည်းအနှောက်အယှက်မဖြစ်စေသောအချိန်ဖြစ်ရမည်။ထိုအဖြေကိုမကျေနပ်နိုင်သေး
သူများအတွက်၊ကျွန်တော်လေ့လာထားမိသော၊ခန္ဓာဗေဒသုတေသီများ၏၊မှတ်သားဖွယ်အကြံပြုချက်
အချို့ ကိုပြန်လည်ဖောက်သည်ချဝေငှလိုက်ပါသည်။
-အမျိုးသာများ၏ကိုယ်တွင်းမှကျားဟိုမုန်းဖြစ်သော၊တက်စတိုစတီရုန်းသည်၊နံနက်စောစောအိပ်ရာထစ
တွင်သဘာဝအတိုင်းအမြင့်ဆုံးဖြစ်နေ၍ခန္ဓာကိုယ်ကြီးထွားလိုသူများသည်၊ထိုအချိန်တွင်လေ့ကျင့်ခန်း
ပြုလုပ်ခြင်းက၊အကောင်းဆုံးဖြစ်သည်။ထို့ အပြင်၊လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်၊ကိုယ်တွင်း
တက်စတိုစတီရုန်း၊နိုးကြွမှုတွင်လည်းနံနက်ပိုင်းကအမြင့်မားဆုံးဖြစ်သည်ကိုမှတ်သားသင့်ပါသည်။
-အဆီချလိုသူများနှင့်ပါတ်သက်၍စိတ်ဝင်စားဖွယ်ကောင်းသောလေ့လာတွေ့ ရှိချက်တစ်ခုမှာ၊
*လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်၊ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်အလွန်အကျူးလောင်ကျွမ်းအသုံးပြုမှု
“EPOC”—excess post-exercise oxygen consumption သည်၊ညနေခြောက်နာရီပါတ်ဝန်းကျင်တွင်
လေ့ကျင့်ခန်းပြုလုပ်သူများတွင်ပိုမိုတွေ့ ရသည့်အတွက်၊အဆီချလိုပါကထိုအချိန်တွင်လေ့ကျင့်ခန်းပြု
လုပ်လျင်၊အကောင်းဆုံးဖြစ်သည်ဟုဆိုနိုင်ပါသည်။
 -အမောလုံ၊သက်လုံလေ့ကျင့်ခန်းများအတွက်၊တစ်နေ့ တာအတွင်း၊ခန္ဓာကိုယ်အပေါ်သို့ အချိန်၏
သက်ရောက်မှုကထူးခြားစွာလွှမ်းမိုးမှုမရှိသောကြောင့်ထိုလေ့ကျင့်ခန်းများကို၊အလျဉ်းသင့်သလို၊
အဆင်ပြေသည့်အချိန်တွင်၊လေ့ကျင့်နိုင်ပါသည်။
-အလေးမနှင့်ခွန်အားအတွက်လေ့ကျင့်သောလေ့ကျင့်ခန်းများအတွက်မူ၊ခန္ဓာကိုယ်၏စွမ်းအင်နှင့်အင်
အားအသုံးပြုနိုင်မှုသည်၊နေ့ လည်နှင့်ညနေအစောပိုင်းအတွင်အမြင့်ဆုံးဖြစ်သည့်အတွက်၊ခွန်အား
အသုံးပြုသောအားကစားသမားများသည်၊ထိုအချိန်ကို၊ရွေးချယ်၊လေ့ကျင့်နိုင်ပါကပိုကောင်း၏။
-တာတိုအပြေးသမားများနှင့်လျင်မြန်မှုအသုံးပြုရသော၊အားကစားနည်းများအတွက်နေ့လည်နှင့်
ညနေအစောပိုင်းတွင်၊ခန္ဓာကိုယ်၏အပူချိန်သည်၊တစ်နေကုန်အသုံးပြုခဲ့ရသဖြင့်အမြင့်ဆုံးတွင်ရှိနေ
ကာ၊ကြွက်သားများ၏ပျော့ပျောင်းမှုနှင့်စွမ်းဆောင်ရည်သည်လည်းအကောင်းဆုံးအနေအထားတွင်
ရှိနေသဖြင့်၊ထိုအချိန်သည်သာ၊အသင့်လျော်ဆုံးဖြစ်သည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


No comments:

Post a Comment