arial" action="like" colorscheme="light">
Sunday, February 2, 2014
ကြွက်သားမျှင်များကြီးထွားလာကြပုံ
             လွန်ခဲ့သောနှစ်ပေါင်းခုနှစ်ဆယ်လောက်ကကြွက်သားကြီးထွားမှုဖြစ်စဉ်သည်
တစ်ယောက်တစ်မျိုးပြောနေကြသည့်ပုံပြင်သဖွယ်ထင်မြင်ယူဆချက်အမျိုးမျိုး၊ဖြင့်စိတ်ရှုပ်ထွေးဖွယ်
ရာသမိုင်းကြောင်းဖြစ်စဉ်ကြီးတစ်ခုဖြစ်သည်။ထိုခေတ်အခါတွင်အားကစားသမားများတွင်ရော၊နည်းပြ
များကပါလေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်အဆီများကိုကြွက်သားအဖြစ်သို့ ပြောင်းလဲနိုင်သည်ဟုလက်
ခံယုံကြည်ထားကြသည်။ထိုခေတ်အခါကအားကစားသမားများရောနည်းပြများပါနည်းပညာ၊သိပံ္ပပညာ
၏အကျိုးကိုမခံစားကြရသေးသော်လည်း၊1960-70 လောက်တွင်မူအီလက်ထရွန်မိုက်ခရိုစကုပ်၊ကြွက်
သားဘိုင်အိုစီနည်းပညာများစတင်ပေါ်ထွက်လာပြီးသုတေသီသိပ္ပံပညာရှင်များကကြွက်သားမျှင်များ
အကြောင်းကိုထဲထဲဝင်ဝင်ပို၍လေ့လာခဲ့ကြရာနောက်ဆုံးကံကောင်းစွာပင်ကျွန်တော်တို့ ခေတ်ယခု
2012-တွင်မူကြွက်သားကြီးထွားမှုအကြောင်းကိုအထောက်အထားများနှင့်ကျမ်းပေါင်းများစွာတင်
ပြထားကြပြီးဖြစ်သည်။ယခုခေတ်တွင်တော့ကျွန်တော်တို့ သည်ကြွက်သားကြီးထွားသန်မာစေသော
အချက်များကိုတစ်မျိုးပြီးတစ်မျိုးမရိုးရအောင်ပြောနေနိုင်ကြပြီဖြစ်သည်မှာကနဦးသုတေသီများ၏ကျေးဇူး
ပင်ဖြစ်သည်။အကယ်၍လည်းကောင်းတို့ ကသာမစတင်ခဲ့လျင်ကျွန်တော်တို့ သည်လည်းနှစ်ပေါင်း
မည်မျှရွာလည်ကြမည်မသိပေ။သိပ္ပံပညာ၏စွမ်းပကားကြီးမားလှပေတကား။
            အခုဆိုလျင်ကျွန်တော်တို့ သည်ကြွက်သားမျှင်များကြီးထွားစေရန်အတွက်
ကောင်းမွန်သောလေ့ကျင့်နည်းစနစ်နှင့်လေ့ကျင့်မှုလွန်ကဲခြင်းမဖြစ်စေရန်နှင့်ဒဏ်ရာပြင်းထန်စွာ
မရရှိအောင်ပင်သင့်လျော်သောနည်းစနစ်များအကြောင်း၊ခန္ဓာကိုယ်သည်ကြွက်သားမျှင်များကိုမည်ကဲ့
သို့ တည်ဆောက်သည်ဆိုသည့်အချက်နှင့်ထိုကြွက်သားမျှင်များ၏80%သည်ရေဖြစ်ပြီး၊20%သာပရို တိန်းဓါတ်ဖြစ်သည်ကိုပါနားလည်လာကြသည်။ကြွက်သားများသည်ဆဲလ်ပေါင်းများစွာဖြင့်ပေါင်းစပ်လုံး
ထွေးပြီးကြွက်သားမျှင်များအဖြစ်တည်ဆောက်ထားခြင်းဖြစ်သည်။ကြွက်သားမျှင်များကိုအနုစိတ်ကြည့်
ပါက myofibrils ဟုခေါ်သော (actin နှင့် myosin-ဟုခေါ်သည့် myofilaments များပေါင်းစပ်
ထားပြီး)တစ်ခုနှင့်တစ်ခုသည်ယှက်လိမ်နေကာကြွက်သားများကိုတင်းညှစ်(contract)စေနိုင်သည်။
ထို့ ကြောင့်ကာယဗလလေ့ကျင့်ခန်းများ၏အဓိကရည်ရွယ်ချက်မှာကြွက်သားမျှင်များ၏ပမာဏကြီး
ထွားလာစေရန်(အထူးသဖြင့် myofibrils များ၏အရေအတွက်ပမာဏများတိုးပွားလာစေရန်)သာဖြစ်
သည်။လေ့လာတွေ့ ရှိချက်များကအခိုင်အမာတင်ပြကြသည်မှာ၊ကာယဗလလေ့ကျင့်ခန်းများသည်
ကြွက်သားမျှင်များ၏အရွယ်အစားပမာဏကိုသာကြီးထွားစေပြီး၊ပမာဏကိုမူမတိုးပွားစေနိုင်ပေ။ထို့ 
ကြောင့်သုတေသီများကကြွက်သားမျှင်များကြီးထွားလာလေလေ၊လည်းကောင်း၏ခွန်အားလည်းတိုး
ပွားလာလေလေဟုလက်ခံကြကာကြွက်သားထုထည်နှင့်ခွန်အားသည်တိုက်ရိုက်စပ်ဆက်နေသည်ကို
တင်ပြထားကြသည်။
            ဗီဇဂျင်း(gene)ဟုခေါ်သော၊ဆဲလ်တည်ဆောက်ပုံသည်ပရိုတိန်းစုပေါင်းစုပ်ယူ
နိုင်မှုအပေါ်လွှမ်းမိုးနိုင်သည့်အတွက်ကြွက်သားအတွင်းဆဲလ်၏ပရိုတိန်းတည်ဆောက်နိုင်မှုသည်မျိုးရိုး
ဗီဇ၏လွှမ်းမိုးခြင်းကိုခံရခြင်းဖြစ်သည်။ထို့ အပြင်ဗီဇသည်ကြွက်သားဆဲလ်အတွင်းရှိပရိုတိန်းများပြိုကျ
ပျက်ဆီးမှုကိုထိန်းချုပ်ရာတွင်လည်းလွှမ်းမိုးမှုရှိသည်။ခန္ဓာကိုယ်တွင်းကြွက်သားကြီးထွားမှုကိုအဟန့် 
အတားပြုသော(myostatin) ဟုခေါ်သည့်ဗီဇများပင်ရှိသည်။ကြွက်သားများသည် myofibrils များ၏
အရေအတွက်ကိုတိုးပွားစေကာကြီးထွားလာခြင်းသည်ပရိုတိန်းများကိုထပ်ပေါင်းဖြည့်ထည့်လိုက်ခြင်း
ပင်ဖြစ်သည်။ထို့ ကြောင့်ကြွက်သားများအတွင်း myofibrils များလာလေလေလည်းကောင်း၏ခွန်
အားတိုးလာလေလေပင်ဖြစ်သည်။ထို့ အပြင်ကြွက်သားများသည်လေ့ကျင့်ခန်းများကြောင့်လည်းပိုမို
သိပ်သည်းလာပြီး၊ကြွက်သားများကိုပိုမိုနိုးကြားစွာစုပ်ယူနိုင်လာကာ၊ပြန်လည်တည်ဆောက်လာစေ
နိုင်သည်။ကြွက်သားဆဲလ်အတွင်းတွင်ဆဲလ်အနှစ်နယူးကလိယသည်ပရိုတိန်းထုတ်လွှတ်မှုအတွက်
အဓိကအရေးပါသည်။ကြွက်သားဆဲလ်များအတွင်းတွင်ပရိုတိန်းအသစ်များထုတ်လွှတ်နိုင်သောနယူး
ကလိယပေါင်းများစွာရှိသည်။နယူးကလိယသည်အမိုင်နိုအက်ဆစ်များကိုသက်ဆိုင်ရာပရိုတိန်းများဖြစ်
တည်စေရန်အတွက်ribosomes ဟုခေါ်သောဆဲလ်မျိုးပွားတစ်မျိုးကိုအတိအကျညွှန်ကြားခိုင်းစေ
သည်။ဆဲလ်များကတော့အခြားသောပရိုတိန်းမျိုးဖြစ်သည့်အင်ဇိုင်းများကိုထုတ်လုပ်ပေးသည်။အင်ဇိုင်း
များသည်လည်းဆဲလ်၏စွမ်းဆောင်ရည်အပေါ်သက်ရောက်မှုများစွာရှိသည်။ကြွက်သားများကိုဖိအား
ပေးခြင်း (muscle tension)၊ဟိုမုန်းများ၊အာဟာရအတွင်းမှအမိုင်နိုအက်ဆစ်များရနိုင်မှုစသည့်အချက်
များသည်ကြွက်သားအတွင်းပရိုတိန်းထုတ်လွှတ်မှုအပေါ်သက်ရောက်မှုများစွာရှိသည်။
             ကြွက်သားများကိုဖိအားပေးခြင်း (Muscle tension)၊သည်ကြွက်သားမျှင်များ
ကိုကြီးထွားစေရန်အတွက်အရေးအပါဆုံးသောအချက်ဖြစ်သည်။အလေးများဖြင့်ပြင်းပြင်းထန်ထန်လေ့
ကျင့်ခြင်းသည်၊ကြွက်သားတွင်းရှိဗီဇဆဲလ်များကိုကြွက်သားပရိုတိန်းအသစ်များထုတ်ပေးရန်ဖိအားပေး
ပြီးကြွက်သားမျှင်အသစ်များကိုဖြစ်ပေါ်စေသည်။ထို့ အပြင်ဖိအားပေးခြင်းသည်ကြွက်သားဆဲလ်အ
တွင်းတွင်အမိုင်နိုအက်ဆစ်များကိုပို၍လျင်မြန်စွာသွားလာစေနိုင်ပြီးကြွက်သားတွင်းပရိုတိန်းစုပေါင်း
ကိုအသုံးပြုစေပြီးကြီးထွားစေနိုင်သည်။ထို့ ကြောင့်ကြွက်သားမျှင်များကြီးထွားစေသည့်အခြေခံအဓိက
သဘောတရားတစ်ခုမှာ၊ဒဏ်ရာဖြစ်ကာနီးအနေအထားလောက်အထိကိုပြင်းပြင်းထန်ထန်နှင့်ကြာနိုင်သ
မျှကြာကြာဖိအားပေးရန်ဖြစ်သည်။
            ကြွက်သားမျှင်များ၏တင်းညှစ်မှုအမြန်နှုန်း(myosin isoforms)သည်လည်း
အရေးပါသည်။သိပ္ပံပညာရှင်များအထူးသဖြင့် Ken Baldwin from the University of California, Irvine က myosin filaments များ၏လှုပ်ရှားမှုမတူညီမှုကိုတင်ပြခဲ့သည်။အချို့ ကမြန်မြန်လှုပ်ရှား
နိုင်ပြီး၊အချို့ ကလှုပ်ရှားမှုနှေးကွေးသည်။ myosin အမျိုးအစားကွဲများကို isoforms ဟုလည်း
ခေါ်သည်။ကြွက်သားများကိုတင်းညှစ်မှုနှေးစေသောလေ့ကျင့်ခန်းများ(ဥပမာ၊ပြေးခြင်း၊လမ်းလျောက်
ခြင်းစသောလေ့ကျင့်ခန်းများ)သည် myosin များ၏လှုပ်ရှားမှုနှုန်းကိုလျော့ကျစေနိုင်ပြီး၊အလေးများ
ဖြင့်လေ့ကျင့်ခြင်းသည်လည်း myosin များ၏မြန်နှုန်းကိုလျော့ကျစေနိုင်သည်။ကြွက်သားများက
Myosin လည်ပါတ်မှုနှုန်းလျော့ကျခြင်းကိုခံနိုင်သွားသောအခါလည်းကောင်းတို့ သည်အားသိပ်စိုက်
ရန်မလိုဘဲနှင့်အင်အားကိုပိုမိုထုတ်ပေးနိုင်သည်။ထို့ ကြောင့်နှလုံးသည်သိပ်အားစိုက်ခုန်ရန်မလိုအပ်ဘဲ
သွေးများများပိုမိုထုတ်လွှတ်ပေးနိုင်သည့်အတွက်ကြံ့ခိုင်မှုသည်ကျန်းမာရေးအတွက်ကောင်းခြင်းပင်
ဖြစ်သည်။
             ကြွက်သားမျှင်တည်ဆောက်ပေးသော၊ကြီးထွားဟိုမုန်း၊အင်ဆူလင်ကဲ့သို့ သော
ဟိုမုန်း၊တက်စတိုစတီရုန်းနှင့်အင်ဆူလင်တို့ ကိုအနာဘိုးလစ်ဟိုမုန်းများဟုခေါ်သည်။ထိုဟိုမုန်းများ
သည်ကိုယ်တွင်းတွင်ပရိုတိန်းများစုပေါင်းထုတ်လုပ်မှုကိုတိုးတက်စေကာ၊အမိုင်နိုအက်ဆစ်များကို
ကြွက်သားဆဲလ်များအတွင်းသို့ ပို့ ဆောင်ပေးသည်။ကြွက်သားများကိုဖိအားပေးခြင်းနှင့်ထိုဟိုမုန်း
များသည်ဗီဇဂျင်းများအပေါ်သက်ရောက်မှုများစွာရှိသည်။ထို့ ကြောင့်တက်စတိုစတီရုန်းများများသုံး
သူများသည်လေ့ကျင့်ခန်းမပြုလုပ်သော်လည်းကြွက်သားထုတက်လာနိုင်ကြပြီး၊အင်ဆူလင်သည်အမိုင်
နိုအက်ဆစ်များကိုကြွက်သားဆဲလ်များအတွင်းသို့ အလျင်အမြန်ပို့ ဆောင်ပေးသည်။ကြွက်သားကြီး
ထွားမှုအတွက်အဓိကကျသော၊အမိုင်နိုအက်ဆစ်များများသည်ကြွက်သားထဲသို့ ပို၍များများရောက်
လေလေကြွက်သားထုတက်နှုန်းမြန်လေလေဖြစ်သည်။အနာဘိုးလစ်ဟိုမုန်းများသည်အာနိသင်ဆက်
စပ်မှုများရှိသည်။ဥပမာ၊တက်စတိုစတီရုန်းများများသုံးသူတစ်ယောက်၏ကိုယ်တွင်းတွင်အင်ဆူလင်ကဲ့
သို့ သောဟိုမုန်းများကိုပါအထွက်တိုးစေနိုင်သည်။
            အေဒရီနယ်ဂလင်းနှင့်သိုင်းရွိုက်ဂလင်းများမှထွက်ရှိသော Corticosteroids နှင့် thyroid ဟိုမုန်းများသည်ကြွက်သားပရိုတိန်းများကိုလောင်ကျွမ်းစေနိုင်၏။အထူးသဖြင့်လေ့ကျင့်မှု
လွန်ကဲနေသူတစ်ယောက်၏လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင်ထိုသူ့ သွေးထဲတွင်အထက်ပါဟိုမုန်းများ၏
ပမာဏများလွန်းနေပြီး၊တက်စတိုစတီရုန်းပမာဏမှာမူလျော့နည်းနေပေမည်။ထိုအခြေအနေတွင်ကြွက်သား
ထုတက်ရန်မည်သို့  မျှမဖြစ်နိုင်ပေ။အနာဘိုးလစ်စတီးရွိုက်များ၏စွမ်းဆောင်ရည်တစ်ခုမှာ၊ Corticosteroids ၏စွမ်းဆောင်ရည်ကိုထိန်းချုပ်ကာပြင်းထန်သောလေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင်
လည်းအလျင်အမြန်ကြွက်သားများကိုပြန်လည်အားပြည့်စေနိုင်သည်။
             စားသုံးသောအာဟာရတွင်ပါဝင်သောပရိုတိန်းများသည်၊လိုအပ်သောအမိုင်နို
အက်ဆစ်ပမာဏကိုဖြည့်တင်းပေးနိုင်သောကြောင့်ပြသနာမဟုတ်သော်လည်း၊အားကစားသမားအများ
စုသည်လိုအပ်သောပရိုတိန်းပမာဏထက်ပို၍စားသုံးတတ်ကြသည်။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်ချိန်
၊လေ့ကျင့်မှုလွန်ကဲနေချိန်တို့ တွင်အမိုင်နိုအက်ဆစ်များပို၍လိုအပ်သော်လည်း၊ထိုအချိန်တွင်
ခန္ဓာကိုယ်သည်အဓိကအားဖြင့်ကယ်လိုရီများများကိုလည်းလိုအပ်ပါသည်။အကယ်၍ကယ်လိုရီမလုံ
လောက်ဘဲပရိုတိန်းများများမှီဝဲပါကခန္ဓာကိုယ်သည်ပိုစားသမျှသောပရိုတိန်းများကိုအင်အားအတွက်
လောင်ကျွမ်းစေလိုက်မည်ဖြစ်သည်။
 ကြွက်သားကြီးထွားရန်အတွက်ပရိုတိန်းကိုအချိန်ကိုက်သုံးဆောင်
နိုင်ရန်အရေးကြီးပါသည်။လေ့ကျင့်ခန်းမပြုလုပ်မှီတွင်ပရိုတိန်းဖြည့်စွက်ဆေးများမှီဝဲပါက၊ကြွက်သား
များကြီးထွားစေနိုင်ကြောင်းကိုသုတေသနများကတင်ပြထားကြပါသည်။လေ့ကျင့်ခန်းပြုလုပ်ချိန်တွင်
ကြွက်သားများသည်သွေးများဖြင့်ပြည့်နေပါသည်။ထိုသွေးထဲတွင်အမိုင်နိုအက်ဆစ်များပါဝင်ပါက
ကြွက်သားကြီးထွားစေနိုင်ပါသည်။ထို့ ကြောင့်လေ့ကျင့်ခန်းမပြုလုပ်မှီ၊ပရိုတိန်းဖြည့်စွက်ဆေးများ
မှီဝဲသည့်အကျင့်ကိုပြုလုပ်ပါ။သင့်ကြီးထွားမှု့ သည်မြန်ဆန်လာပါလိမ့်မည်။
              လေ့ကျင့်ခန်းပြုလုပ်တိုင်းမကြီးထွားနိင်ကြောင်းကိုအားကစားပုံမှန်ပြုလုပ်
သူတိုင်းသိထားပြီးဖြစ်ပါသည်။ကြွက်သားကြီးထွားစေရန်အတွက်အဓိကအားဖြင့်ဖိအားလုံလောက်
စွာပေးခြင်း၊အနာဘိုးလစ်ဟိုမုန်းများထွက်ရှိမှုနှင့်အမိုင်နိုအက်ဆစ်များဖြည့်တင်းနိုင်မှု့ အပေါ်များစွာ
မူတည်သည်ကိုလုံးဝမမေ့သင့်ပါ။ထို့ ကြောင့်အကောင်းဆုံးသောလေ့ကျင့်မှုမပြုလုပ်ဘဲ၊အကောင်း
ဆုံးစနစ်အကျဆုံးသောအာဟာရမှီဝဲမှုကိုမပြုလုပ်ဘဲသင်သည်မည်သို့ မျှမကြီးထွားနိုင်ပါ။ထို့ အပြင်
သင်လေ့ကျင့်သောပရိုဂရမ်သည်သင့်ကိုအနာဘိုးလစ်အခြေအနေတွင်ရှိနေစေရန်ဂရုပြုပါ။ပြင်းပြင်း
ထန်ထန်လေ့ကျင့်ခြင်းကြောင့်ကြွက်သားထုတက်စေနိုင်သော်လည်း၊ထိုကြွက်သားအုပ်စုကိုပြည့်ဝလုံ
လောက်စွာအနားပေးရမည်ကိုမမေ့ပါနှင့်။အနားပြည့်ပြည့်၀၀ယူပါ။လေ့ကျင့်ခန်းပြုလုပ်ချိန်၏အရည်
အသွေးသည်ကိုယ်တွင်းပရိုတိန်းစုပေါင်းထုတ်လုပ်မှုကိုများစွာအထောက်အကူပြုသည်ကိုမှတ်သား
ထားပါ။ထို့ ကြောင့်သင့်လေ့ကျင့်ချိန်များကိုအရေအတွက်ထက်အရည်အချင်းကိုဦးစားပေးပါ။
                          ထို့ ကြောင့်သိပ္ပံနည်းကျကြွက်သားထုတင်လိုပါက၊အဓိကသော့ချက်မှာကြွက်
သားများကိုပြည့်ပြည့်၀၀ဖိအားပေးခြင်း၊အာဟာရလုံလောက်စွာမှီဝဲခြင်းနှင့်ကိုယ်တွင်းဟိုမုန်းထွက်
ရှိမှုကိုအကောင်းဆုံးအနေအထားတွင်ရှိနေစေကာ၊လေ့ကျင့်မှုမလွန်ကဲခြင်းပင်ဖြစ်သည်။အကျယ်ပြော
နေကပြောမဆုံးပေါင်တောသုံးထောင်ပင်ဖြစ်ပေတော့မည်။သိလိုသည်များကိုမေးမြန်းနိုင်ပါသည်။
References
Bhasin S, Storer TW, Berman N, Callegari C, Clevenger B, Phillips J, Bunnell
             TJ, Tricker R, Shirazi A and Casaburi R. The effects of supraphysiologic
            doses of testosterone on muscle size and strength in normal men [see
            comments]. N Engl J Med 335: 1-7, 1996.
Brooks G.A., Fahey T.D., White T, Baldwin K. Exercise Physiology: Human Bioenergetics and Its Applications. Mt. View, CA: Mayfield Publishing Co., 2000.
Caiozzo V.J., F. Haddad, M.J. Baker, and K.M. Baldwin. Influence of mechanical loading on myosin heavy-chain protein and mRNA isoform expression. Journal of Applied Physiology 80: 1503-1512, 1996.
Cameron-Smith D. Exercise and skeletal muscle gene expression. Clin Exp Pharmacol Physiol 29: 209-213, 2002.
Fahey T. "Pharmacology of bodybuilding." In: Reilly, T. and M. Orme, editors. The Clinical Pharmacology of Sport and Exercise. Amsterdam: Elsevier Science B.V., 1997.
Fahey, T.D. Basic Weight Training for Men and Women. Mt. View, CA: Mayfield Publishing Company, 2000. (4th edition)
Kraemer WJ, Adams K, Cafarelli E, Dudley GA, Dooly C, Feigenbaum MS, Fleck SJ, Franklin B, Fry AC, Hoffman JR, Newton RU, Potteiger J, Stone MH, Ratamess NA and Triplett-McBride T. American College of Sports Medicine position stand. Progression models in resistance training for healthy adults. Med Sci Sports Exerc 34: 364-380, 2002.
Paul AC and Rosenthal N. Different modes of hypertrophy in skeletal muscle fibers. J Cell Biol 156: 751-760, 2002.
Smith LW, Smith JD and Criswell DS. Involvement of nitric oxide synthase in skeletal muscle adaptation to chronic overload. J Appl Physiol 92: 2005-2011, 2002.
Tipton KD. Gender differences in protein metabolism. Curr Opin Clin Nutr Metab Care 4: 493-498, 2001.     
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com
1 comment:
  1. ကောင်းတယ် ကိုနိုင်ဦး မူရင်းဆောင်းပါးနီးနီး ဘာသာပြန်တင်ပြပေးတဲ့အတွက်ကျေးဇူးပါ။မာဆယ်ကူလာဒတ်ဗလိုမင့် မှာ ဖတ်တုန်းက သိပ်ပြီး မသိတဲ့အချက်တွေသိရတာကျေးဇူးတင်ပါတယ်။
    ReplyDelete