arial" action="like" colorscheme="light">

Saturday, February 1, 2014

ဖရဲသီး၏ကျန်းမာရေးအကျိုးကျေးဇူးများ

  ဘယ်သစ်သီးမှဖရဲသီးလောက်ရေငတ်ပြေစေနိုင်တာမရှိပါဘူး။ဖရဲသီးမှာအင်တီအောက်ဆီးဒင့်တွေများစွာ
ပါဝင်တာကြောင့်ကျန်းမာရေးကိုအထောက်အကူပြုစေပါတယ်။ဖရဲသီးမှာပါဝင်တဲ့လိုင်ကိုပင်းဓာတ် (Lycopene)ဟာဆီးကျိတ်ကင်ဆာ၊ရင်သားကင်ဆာနဲ့သားအိမ်အတွင်းလွှာကင်ဆာတွေရဲ့ဖြစ်နှုန်းကိုလျော့
ကျစေရုံသာမကအဆုတ်နဲ့အူမကြီးကင်ဆာဖြစ်နှုန်းကိုပါလျော့ကျစေနိုင်ပါတယ်။ဖရဲသီးမှာပါဝင်တဲ့အင်
တီအောက်ဆီးဒင့်တွေဖြစ်တဲ့ဗီတာမင်စီနဲ့ဗီတာမင်အေတို့ဟာရင်ကျပ်ပန်းနာရောဂါ၊အရိုးပါးရောဂါနဲ့
လက်ချောင်း၊လက်ဆစ်၊ခြေဆစ်တို့ကိုက်ခဲတဲ့ရောဂါ (RA)တို့ရဲ့ပြင်းထန်မှုကိုပါ လျှော့ချပေးနိုင်ပါတယ်။
အမိုင်နိုအက်ဆစ် Citrulline မြင့်မားစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ထဲရောက်ချိန်မှာတခြားအမိုင်နို အက်ဆစ် Arginine အဖြစ်ပြောင်းကာအမိုးနီးယားတွေကိုစွန့်ထုတ်ဖို့ယူရီးယားဖြစ်စဉ် (Urea Cycle) ထဲမှာ အသုံးပြုပါတယ်။
ဖရဲသီးကိုလိုင်ကိုပင်းတို့ရဲ့ဘုရင်လို့ခေါ်ပါတယ်။လိုင်ကိုပင်းဆိုတာအင်တီအောက်ဆီးဒင့်ပေါများ စွာပါဝင်တဲ့အဆီမှာပျော်ဝင်တဲ့ကာရိုတီးနွိုက်တစ်မျိုးဖြစ်ပါတယ်။ဆွဲဆောင်မှုရှိတဲ့အနီရောင်လိုအရောင်မျိုး
ကိုပေးစွမ်းနိုင်တဲ့လိုင်ကိုပင်းဓာတ်ဟာမကောင်းတဲ့ဖရီးရယ်ဒီကယ်လ်တွေကိုချေဖျက်ပေးကာသွေးကြောနံရံ
 တွေကိုမာကြောစေတဲ့ကိုလက်စထရောကိုဓာတ်ပြုတာကြောင့်နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။
ဖရဲသီးစားတာကကောင်းတဲ့ကိုလက်စထရောကိုလည်းမြင့်တက်စေတယ်လို့ယုံကြည်ကြပါတယ်။ဖရဲသီးမှာ
ပါတဲ့အာဂျင်နင်း(Arginine)ကနိုက်ထရစ်အောက်ဆိုက်တွေကိုအားကောင်းစေပါတယ်။နိုက်ထရစ်အောက်
ဆိုက်ကသွေးကြောတွေကိုကျယ်စေတဲ့အာနိသင်ရှိတာကြောင့်ပန်းသေပန်းညှိးရောဂါကုသရေးမှာအသုံးဝင်
ပါတယ်။ဖရဲသီးမှာအဆီဓာတ်လုံးဝမပါဘဲကယ်လိုရီပါဝင်မှုနည်းပါးပါတယ်။ကိုယ်အလေးချိန်လျှော့ကျလို သူတို့အတွက်အကောင်းဆုံးအစာပါ။ဓာတ်ဆားဆိုဒီယမ်နဲ့ပိုတက်စီယမ်တို့များစွာပါဝင်ပါတယ်။ပိုတက်စီ
ယမ်ကကျောက်ကပ်ကနေအဆိပ်တွေစွန့်ထုတ်ရေးမှာအလွန်အားကောင်းတဲ့ဓာတ်ဆားတစ်မျိုးဖြစ်ပြီးပို
တက်စီယမ်ပေါများတဲ့အစားအစာတွေကသွေးဖိအားမြင့်တက်တာမျိုးမဖြစ်အောင်ထိန်းထားပေးနိုင်ပါတယ်။
ဒါ့အပြင်ဆီးကျောက်တည်နိုင်ခြေကိုလျှော့ချနိုင်ပြီးအသက်အရွယ်ကြီးတာကြောင့်ဖြစ်တဲ့အရိုးထုထည်ဆုံးရှုံး
မှုကိုလျော့ကျစေပါတယ်။ဖရဲသီးမှာပါတဲ့CitrullineArgininဆက်သွယ်ချက်ကြောင့်နှလုံးကျန်းမာရေး
ကိုကောင်းစေပြီးကိုယ်ခံစွမ်းအားစနစ်ကိုမြင့်တက်စေကာအ၀လွန်တာနဲ့အမျိုးအစား(၂)ဆီးချိုသွေချိုရောဂါခံ
စားနေရသူတွေကိုသက်သာအောင်ကူညီပေးနိုင်ပါတယ်။ရေဓာတ်၉၂ရာခိုင်နှုန်းပါဝင်တာကြောင့်ဖရဲသီးကို
သဘာဝဆီးဆေးလို့တင်စားခေါ်ဝေါ်တာမကြာခဏဆီးသွားစေတာ၊ကျောကပ်နဲ့ဆီးအိတ်ကိုသန့်စင်ပေးတာ
စတဲ့အာနိသင်တွေရှိတာကြောင့်ကျောက်ကပ်ထိခိုက်နိုင်ခြေကိုလျော့နည်းစေပါတယ်။ဖရဲသီးမှာအ
ထူးအေးမြစေတဲ့အာနိသင်ရှိတာကြောင့်ခန္ဓာကိုယ်အပူချိန်နဲ့သွေးပေါင်ကိုလျှော့ချရေးအတွက်အလွန်အစွမ်း
ထက်ပါတယ်။အပူပိုင်းဒေသမှာနေထိုင်သူတွေကအပူဒဏ်ခံရတာကိုဖရဲသီးစားပြီးအနိုင်ယူနိုင်ပါတယ်။ဖရဲသီး
မှာဘီတာကယ်ရိုတင်းပါဝင်တာကြောင့်အသက်ကြီးတာနဲ့ဆက်စပ်တဲ့အမြင်အာရုံဆုံး?ှုံးတဲ့လက္ခဏာတွေ
မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အားကစားပြုလုပ်ပြီးနောက် ကြွက်သားနာကျင်တောင့်တင်းမှုကို အားကစားသမားတိုင်း ခံစားရ လေ့ရှိသည်။ သုတေသီများ၏ လေ့လာမှုအရ
 ဖရဲသီးဖျော်ရည်ကို လေ့ကျင့်ခန်းပြုလုပ်ပြီး သောက်သုံးခြင်း သည် နာကျင်မှုအတွက် အကောင်းဆုံးဖြစ်သည်ဟု တိုက်တွန်းထားသည်။ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ် သည့် L-Citrulline ပါဝင်သော ဖရဲသီးဖျော်ရည်သည် အားကစားသမားတို့အတွက် ကြွက်သားနာကျင်မှု သက်သာစေရုံမက ကြွက်သားတွင် ပရိုတိန်းဓာတ် ပြည့်ဝစေရန်နှင့် သက်လုံအားကောင်းစေရန် အားပေး ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ လေ့ကျင့်ခန်း မပြုလုပ်မီ တစ်နာရီအလိုတွင် L-Citrulline ပါသော ဖျော်ရည်နှင့် L-Citrulline မပါသော ဖျော်ရည်တို့ကို တိုက်ကျွေး၍ စမ်းသပ်မှု ပြုလုပ်ခဲ့သည်။ ရလဒ်များအရ L-Citrulline ဓာတ်ပါသော ဖျော်ရည်သောက်သုံးသူများသည် အားကစားပြုလုပ်ပြီးနောက် ခံစားရလေ့ရှိ သော ကြွက်သားနာကျင်တောင့်တင်းမှုကို သက်သာကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ အကြောင်းရင်းမှာ L-Citrulline သည် လက်တစ်အက်ဆစ်ဖယ်ရှားမှုဖြစ်စဉ်ကို မြန်ဆန်စေသည်။ လက်တစ်အက်ဆစ်သည် အားကစားပြုလုပ်ပြီးနောက် ထွက်ရှိသော အက်ဆစ်တစ်မျိုးဖြစ်ပြီး ကြွက်သားပူစပ်ပူလောင်ဖြစ်ခြင်းနှင့် နာကျင်မှုကို ဖြစ်ပွားစေသည့် အက်ဆစ်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဖရဲသီးဖျော်ရည်တစ်ခွက်ခန့်ကို အားကစားပြုလုပ်ပြီးနောက်ဖြစ်စေ မပြုလုပ်ခင်ဖြစ်စေ သောက်သုံးသင့်သည်။ ထို့ပြင်
 ကိုယ်အလေးချိန် မြင့်တက်မှုကိုထိန်းချုပ်နိုင်ပြီးသွေကြောတွင်း၌အဆီပုံခဲမှုကိုလျော့နည်းစေသည်။ထိုသို့သော
အကျိုးကျေးဇူးအမျိုးမျိုးပေးစွမ်းနိုင်သည်ဖရဲသီးသည်ကျွန်တော်တို့ပတ်ဝန်းကျင်တွင်နေ့စဉ်နှင့်အမျှမြင်တွေ့ေ
နရသည။်ကျန်းမာရေးအတွက်အကျိုးမပြုသည့်ကွမ်းစား ၊ ဆေးလိပ်သောက်မည့် တစ်ရာ နှစ်ရာခန့်ကို
ဖရဲသီးတစ်စိတ် နှစ်စိတ်ခန့်ဝယ်ယူစားသုံးခြင်းသည်အကျိုးကျေးဇူးအဘယ်မျှရှိမည်ဆိုသည်ကိုဆောင်းပါးပါ
အချက်အလက်များအရသင်သိရှိနိုင်မည်ဖြစ်သည်။ကျန်းမာရေးအတွက်ငွေပေးပြီးအပျက်စီးမခံမိစေရန်သင်
ကိုယ်တိုင်သည်သင့်အတွက်အကောင်းဆုံးမိတ်ဆွေဖြစ်သည်။အနီးကပ်ဆုံးရန်သူဖြစ်သည်။ယနေ့အချိန်အ
ခါတွင်မြန်မာနိုင်ငံသည်ကမ္ဘာတွင်ကင်ဆာဖြစ်ပွားမှုတွင်ဒုတိယနေရာတွင်ရပ်တည်နေသည်။ထိုသို့သောရော
ဂါအန္တရာယ်ဆိုးကျိုးများကိုရှောင်ရှားပြီးကောင်းကျိုးခံစားရရှိနိုင်သည့်ကျန်းမာရေးအကျိုးပြုအစားအသောက်
များကိုစားသောက်ခြင်းဖြင့်အာရောဂျံ ၊ ပရမံ လာဘံကျန်းမာခြင်းသည်လာဘ်တစ်ပါးဆို
သည့်ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရန်အရေးကြီး ပါသည်ဟုတိုက်တွန်းလိုက်ပါသည်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com



No comments:

Post a Comment