arial" action="like" colorscheme="light">

Saturday, February 1, 2014

ဝေးဝေးရှောင်တာအကောင်းဆုံးပါ

အရက်သည်လေ့ကျင့်ခန်းပြုလုပ်သူများအပေါ်တွင်အဘယ်ကဲ့သို့အကျိုးသက်ရောက်မှုရှိသနည်း။အဆိုပါမေး
ခွန်းကလေးကိုလွန်ခဲ့သော(၂)လခန့်ကသူငယ်ချင်းလည်းဖြစ်သလိုဂျင်မ်တွင်လည်းကစားဖက် ဖြစ်သည့်သူ
တစ်ယောက်ကမေးခွန်းထုတ်လာသည်။အရက်သည်သောက်တတ်ရင်ဆေးမသောက်တတ်ရင်ဘေးဟုလည်း
ဆိုကြသည်။ကျန်းမာရေးရှုထောင့်မှကြည့်ပြီးပြောရရင်သင့်တင့်မျှတတဲ့ပမာဏသည်လူသားအတွက်ကျန်း
မာရေးအကျိုးဖြစ်သည်မှာမှန်သည်။သို့ပါသော်မိမိတို့၏စိတ်စေရာနောက်သို့ကောက်ကောက် ပါအောင်လိုက်ရင်းအရက်၏ကျွန်ဖြစ်သွားကြရသည့်လူသားများလည်းရှိသည်။ကျန်းမာရေးရှုထောင့်အရမှန်
ချင်မှန်မည်။ကျွန်တော့်အမြင်ရဆိုလျှင်တော့မသောက်တတ်ရင်မသောက်တာအကောင်းဆုံးပင်ဖြစ်သည်။
 
 အစရှိရင်အနှောင်နှောင်ဆိုသကဲ့သို့ပင်အပျော်သဘောဖြင့်အပေါင်းအသင်းရောင်းရင်းများနှင့်ဝိုင်းဖွဲ့ရင်းတစ်
ညမှနှစ်ညထိုမှသည်တစ်လ၊နှစ်လဆက်တိုက်ဖြင့်အပျက်ဘက်သို့ဦးတည်သွားတတ်သည်။ယနေ့လိုမျိုး
မကောင်းမှုဟူသမျှတိုးတက်ခေတ်မှီနေသည့်ခေတ်မျိုးတွင်နာမည်ကျော်အရက်မျိုးစုံမှသည်ပြည်တွင်းအ ရက်မျိုးစုံအထိမက်လုံးအမျိုးမျိုး၊ဖန်တီးဆန်းသစ်မှုအမျိုးမျိုး၊မျက်စိပသာဒကျဖွယ်အမျိုးမျိုးဖြင့်မြန်မာပြည် တွင်ကြော်ညာနေကြသည်။ပြည်တွင်းအရက်ကုမ္ပဏီများမှလည်းဆိုင်များအထိကွင်းဆင်းပြီးပုရိသယော က်ျားများ၏အိပ်ကပ်ထဲမှပိုက်ဆံများကိုမိန်းမလှလေးများ၏မက်မောသာယာနာပျော်ဖွယ်စကားသံများဖြင့် သိမ်းဆည်းရယူနိုင်စွမ်းရှိကြသည်။ငွေဆုံးရှုံးခြင်းသည်ပြန်လည်ရှာဖွေစုဆောင်း၍ရနိုင်သည်။ကျန်းမာရေးဆုံး
ရှုံးသွားခြင်းသည်ငွေလည်းကုန်စီးပွားလည်းပျက်ဖြင့်မိသားစုစိတ်သောကရောက်စေသည်။လူသားတိုင်း သည်အပျော်အပါးကိုမက်မောတွယ်တာကြသည်မှာမှန်သည်။သို့သော်မိမိ၏ကျန်းမာရေး၊အကျိုးစီးပွားကို ပျက်စီးစေမည့်အပျော်အပါးမျိုးကိုတော့ရှောင်ကျဉ်သင့်သည်။အကြောင်းပြချက်အမျိုးမျိုးဖြင့်ညစဉ်စားသောက်
ဆိုင်၊ကေတီဗွီ၊ပါတီတို့တွင်အရက်သောက်သုံးသူများအများအပြားရှိသည်။အရက်စွဲသူတစ်ယောက်ဖြစ် သွားရင်တော့သင့်ဘ၀ကိုပြန်လည်ပြုပြင်သင့်သည်။အရက်စွဲသူတစ်ယောက်သည်အရက်ပေါ်တွင်စိတ်ပိုင်း
ဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာမှီခိုသူဟူ၍(၂)မျိုးခွဲခြား၍ရသည်။မသောက်ရမနေနိုင်ဘဲစိတ်နှင့်ခြေတုန်လက်တုန်
 ဖြစ်လာပြီးကယောင်ချောက်ချားခံစားရသည်။အရက်သောက်ချိန်များတစ်ချိန်နဲ့တစ်ချိန်နီးကပ်လာပြီးအရက်
သမားစကားနှင့်ပြောရရင်တစ်နေ့လုံးရေချိန်ကိုက်စေရန်အရှိန်ပြယ်လိုက်သောက်လိုက်ဖြင့်အရက်သံသရာ
အတွင်းမှရုန်းမထွက်နိုင်ပဲဘ၀ကိုအရှုံးပေး၍စီးပွားပျက်၊မိတ်ပျက်ဖြင့်အရွယ်မတိုင်မီဘ၀တစ်ပါးသို့ကူးပြောင်း
ခဲ့ကြသူများလည်းရှိသည်။အရက်သောက်သုံးသူများနှင့်ပတ်သက်ပြီးသုတေသနပညာရှင်များတွေ့ရှိချက်အရ
 ၂၈ရာခိုင်နှုန်းသည်အသက်ပင်သေပါစေအရက်မပြတ်နိုင်သူများဖြစ်သည်။
၇ရာခိုင်နှုန်းသည်ထိန်းထိန်းသိမ်းသိမ်းသောက်သုံးသည်။
၃ရာခိုင်နှုန်းသည်လူမှုဆက်ဆံရေးကြောင့်သောက်သည်။
၂၂ရာခိုင်နှုန်းသည်ရောဂါဖြစ်၍အရက်ဖြတ်သည်။
၁၁ရာခိုင်နှုန်းသည်ရောဂါမဖြစ်ခင်အရက်ဖြတ်လေ့ရှိသည်။

    အရက်ကြောင့်လူမှုရေးပြဿနာ၊စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပေါ်နိုင်သည်။
    စိတ်ကျခြင်း (Depression) Jealously ခေါ်မနာလိုဝန်တိုဖြစ်ခြင်းနှင့်အခြားကယောင်ချောက်ချား ဝေဒနာဖြစ်ပေါ်စေနိုင်သည်။ရုပ်ပိုင်းဆိုင်
ရာအနေနှင့်ကားများစွာထိခိုက်စေနိုင်သည်။
    ဦးနှောက်သွေးစီးယိုခြင်း၊ပျက်စီးခြင်း၊ကလာပ်စည်းများပျက်ယွင်းခြင်း၊နှလုံးအားနည်း၊သွေးတိုး၊ အစာအိမ်၊ပန်ကရိယရောင်ခြင်း၊အသည်း(အဆီဖုံး၊ရောင်ခြင်း၊မာခြင်း၊ခြောက်ခြင်း၊ကင်ဆာ)ရောဂါများနှင့် ကြွက်သားအားနည်းခြင်း၊သွေးတွင်းသကြားဓာတ်ကျခြင်း၊မျိုးပွားအင်္ဂါပျက်ယွင်းခြင်းမှသည်အခြားမရေ
တွက်နိုင်သည့်ဆိုကျိုးများဖြစ်ပေါ်စေနိုင်သည်။ထို့ကြောင့်ပင်အရက်ကိုမသောက်တတ်သေးသူများအကျင့်မ
လုပ်ပါနှင့်။သောက်တတ်လျင်လည်းစည်းကမ်းလေးနှင့်သောက်ပါ။မသောက်ရင်တော့အကောင်းဆုံးပါ။လေ့
ကျင့်ခန်းလုပ်သူများ(ကာယဗလသမား)အနေနှင့်အရက်မသောက်လျင်အကောင်းဆုံးပါ။လေ့ကျင့်ခန်းအပေါ်
အ ရက်၏ဆိုးကျိုးများကိုလေ့လာသူများ၏တွေ့ရှိချက်အရ-
(၁)    ခန္ဓာကိုယ်၏ပြုပြင်သောစနစ်နှေးကွေးစေခြင်း-လေ့ကျင့်ခန်းတွေကြိုးစားပြီးပြုလုပ်တဲ့အခါအသည်း နဲ့ကြွက်သားမှာရှိတဲ့အဆီပိုတွေဟာစွမ်းအင်ရှိတဲ့ကြွက်သားတွေပြန်လည်ဖြစ်ပေါ်အောင်ကူညီပေးပါတယ်။
အဆိုပါအချိန်မျိုးတွင်အရက်သောက်သုံးမိပါကစွမ်းအင်တွေအစားအရက်ကနေရာယူသွားပြီးပြုပြင်သောစ နစ်ကို၅၀ရာခိုင်နှုန်းနှေးကွေးစေပါတယ်။ကြွက်သားအတွင်းမှာရှိတဲ့စွမ်းအင်တွေလည်းလျော့နည်းသွားတယ်
လို့ဆိုပါတယ်။
(၂)    အဆီပိုများစုစေခြင်း
    လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်ကယ်လိုရီတွေလောင်ကျွမ်းသွားနိုင်သလိုအရက်ပြန်လည်၍ သောက်သုံး
လိုက်ခြင်းကြောင့်မိမိစားသုံးလိုက်သောကယ်လိုရီများကိုအဆီပိုအဖြစ်ခန္ဓာကိုယ်ကပြန်လည်စု စည်းပေးပါတယ်။စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ကော်တီဆောလ်ဟော်မုန်းအဆင့်ကိုလည်းမြင့်မားစေပါတယ်။
(၃)    အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေခြင်း
    အမျိုးသား(၉၃)ယောက်နှင့်အမျိုးသမီး(၉၃)ယောက်တို့ကိုအရက်သောက်စေပြီးလေ့လာမှုပြုလုပ်ခဲ့ရာအမျိုး
သားများထက်အမျိုးသမီးများတွင်အိပ်စက်ချိန်နာရီဝက်ခန့်လျော့နည်းကြောင်းတွေ့ရှိခဲ့ကြသည်။ လေ့ကျင့်
ခန်းကြောင့်အိပ်စက်ခြင်းကိုသက်တောင့်သက်သာရှိစေပေမယ့်အရက်သောက်ထားမယ်ဆိုရင်ကာယဗလ
သမားများအတွက်အရေးကြီးသောကြီးထွားဟော်မုန်းထွက်ရှိမှုကိုထိခိုက်စေကြောင်းကြွက်သားကြီးထွားမှုဖြစ်
စဉ်ကို၇၀ရာခိုင်နှုန်းထိခိုက်နိုင်ကြောင်းသုတေသီတို့ကဆိုသည်။
သွေးအားနည်းခြင်း
    အရက်အလွန်အကျွံသောက်သုံးမှုကြောင့် အောက်စီဂျင် သယ်ယူ့ပို့ဆောင်ပေးသော သွေးနီဥ လျော့နည်းတတ်ပြီး လေ့ကျင့်ခန်းပြုလုပ်ရာတွင် မောပန်းလွယ်ခြင်းနှင့် အသက်ရှုမြန်ခြင်းများ ဖြစ်ပေါ်တတ် သည်။
နှလုံးနှင့် သွေကြောရောဂါ
    အရက်သောက်သုံးမှုကြောင့် သွေးခဲဖတ်များ ဖြစ်ပေါ်စေကာ နှလုံးတိုက်ခိုက်ခံရမှု အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိပါတယ်။
 ရုတ်တရက် လေဖြတ်နိုင်ခြေမြင့်မားစေကာ နှလုံးတိုက်ခိုက်ခံရမှုကြောင့် သေဆုံးနိုင်ခြေ နှစ်ဆမြင့်မားစေ
တယ်လို့ ဟားဗတ်တက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။
အသည်းခြောက်ခြင်း
    အရက်သည် အသည်းဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို  လျော့နည်းစေပြီး ရေရှည် စွဲသောက်မှုကြောင့် အသည်းမာကာ နောက်ဆုံးတွင် အသည်းခြောက် အသည်းကင်ဆ်ာအဆင့်သို့ ကူးပြောင်းသွားနိုင်သည်။ ဘယ်အချိန်ကာလတစ်ခုတွင် အသည်းကင်ဆာအဆင့်သို့ ကူးပြောင်းနိုင်သည်ဆို သည့် အချက်ကိုတော့ တပ်အပ်မပြောကြားနိုင်သေးပေ။
အာရုံကြောများ ပျက်စီးခြင်း
    အရက်သောက်သုံးခြင်းသည် Alcoholic Neuropathy ဟု ခေါ်သည်။ အရက်ကြောင့် အာရုံကြော ပျက်စီးခြင်းကို ဖြစ်ပေါ်စေသည်။ ကြွက်သားအားနည်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ၀မ်းချုပ်ခြင်းနှင့် ပန်းသေ ပန်းညှိုးရောဂါများသာမက အာရုံကြောဆဲလ်များ အဆိပ်သင့်ကာ ဆဲလ်များကို ပျက်စီးစေပါတယ်။
ကူးစက်လွယ်ခြင်း
    ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေသောကြောင့် ကူးစက်မြန်သည့်ရောဂါပိုးများ ဗိုင်းရပ်စ်များ အလွယ်တကူ ၀င်ရောက်နိုင်သည်။ ဖျားနာလွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်မှုဒဏ် မခံနိုင်ခြင်းတို့ ခံစားရနိုင်သည်။
သွေးဖိအားမြင့်ခြင်း
    ဦးနှောက်နှင့် အာရုံကြောစနစ်ကို ပျက်စီးစေသောကြောင့် စိတ်ဖိစီးမှု စွမ်းအင်အသုံးချမှု၊ ခန္ဓာကိုယ် အပူချိန် ထိန်းညှိမှုစနစ်များ ပျက်ယွင်းပြီး သွေးဖိအား မြင့်တက်စေသည်။ သွေးကြောများကျုံ့ခြင်း၊ ကျယ်ခြင်းကို ထိန်းချုပ်ပေးသည့် အာရုံကြောစနစ်ကို ပျက်ပြားစေပြီး သွေးဖိအား အနိမ့်အမြင့် အမှန် ဖြစ်နိုင်သည်။ဖော်ပြပါဆိုးကျိုးများသည်အနည်းအကျဉ်းမျှသာဖြစ်သည်။ကာယဗလအားကစားလိုက်
စားသူတစ်ဦး အနေနှင့်အရက်ကိုတတ်ျနိုင်သရွှေ့မသောက်ပါနှင့်မလွဲသာမရှောင်သာသောက်ရလျင်လည်း တစ်ခွက် နှစ်ခွက်လောက်နှင့်ဘရိတ်အုပ်လိုက်ပါ။လူ့စိတ်သည်အင်မတန်ထိန်းရခက်သည်စိတ်သွားတိုင်း
ကိုယ်ပါသွားလျင်မလွယ်ပေ။အရက်စွဲသူအများစုသည်အပေါင်းအသင်း၊လူမှုရေး၊စီးပွားရေးစသည့်အကြောင်း
ပြချက်အမျိုးမျိုးများမှသည်အရက်သမားဖြစ်သွားကြသူများဖြစ်သည်။အားကစားသမားဆိုလျင်ပို၍ပင်ရှောင်
ကျဉ်နိုင်ကာမှတော်ရာကြသည်။မိမိမဆင်မခြင်စားသုံးမိသောအစားအစာ၏အဆီအစိမ့်ပါဝင်မှုကြောင့်ဝိတ်
ချရာတွင်နှင့်နှေးခက်ခဲနေရသည့်ကြားထဲအရက်ဘီယာပါရောလိုက်လျင်ဘူးလေးရာဖရုံဆင့်သလိုဖြစ်
သွားနိုင်သည်။ထို့ကြောင့်ကြိုက်တတ်ရင်လျော့သောက်ပါမကြိုက်တတ်သေးရင်ဝေးဝေးရှောင်ပါလို့ပြောလို
ပါတယ်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com





1 comment:

  1. ကောင်းလိုက်တာ ကိုအောင်အောင်ရေ ... ကျေးဇူးပါပဲဗျာ ... တစ်လောက ကိုနိုင်ဦးကလည်း တင်ဆက် ... အခု ကိုအောင်အောင် ကလည်း ထပ်ဖြည့်စွက်လိုက်တော့ အရက်နဲ့ တော်တော်များများ မကင်းနိုင်ကြတဲ့ ကစားသမားတွေအတွက် ရှောင်စရာ ၊ အသိပညာပွားစရာဖြစ်တာပေါ့ ... ကျေးဇူးတင်ပါတယ် ကိုအောင်အောင်ရေ ...

    ReplyDelete