ကာယဗလလေ့ကျင့်သူတိုင်းအကြိမ်ကြိမ်၊အခါအခါကြားဖူးနေကြသောစကားအချို့ မှာအိပ်ရေး၀၀အိပ်
မှသာကြွက်သားထုတက်နိုင်မည်ဆိုသောအကြံပြုချက်လေးများဖြစ်သည်။ထိုစကားလေးများသည်
အမှန်တစ်ကယ်ပင်ဖြစ်ပါသည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှသာကြီးထွားဟိုမုန်းထွက်ရှိမှုအားကောင်း
မည်ဖြစ်ပြီး၊ကျန်အခြားသောဟိုမုန်းများလည်းထွက်ရှိစေကာလေ့ကျင့်ခန်းပြုလုပ်ချိန်တွင်ပျက်ဆီး
သွားသောကြွက်သားမျှင်များသည်လည်းပြန်လည်ပြုပြင်တည်ဆောက်ရန်အခွင့်အရေးရသွားမည်
ဖြစ်သည်။
သို့ သော်ကံဆိုးစွာပဲယနေ့ ခေတ်လူအများစုသည်အိပ်မပျော်ခြင်းဝေဒနာကိုခံစားနေရရှာသည်။
သုတေသနများအရ၊ယနေ့ ခေတ်အမေရိကန်လူမျိုးသန်းလေးဆယ်ကျော်သည်လုံးဝအိပ်မပျော်
နိုင်လောက်သည့်အခြေအနေများနှင့်ကြုံတွေ့ နေရပြီး၊သန်းသုံးဆယ်ဝန်းကျင်သည်ကားနှစ်နှစ်
ခြိုက်ခြိုက်မအိပ်စက်နိုင်ကြသည့်အခြေအနေရောဂါဆိုးများနှင့်ရင်ဆိုင်နေကြရသည်။
ထိုပြဿနာကိုဖြေရှင်းရန်နည်းလမ်းတစ်ခုမှာရှေးဟောင်းတရုပ်ဆေးပညာစာများတွင်***ညတိုင်းပျား
ရည်မှီဝဲပါ***ဟူ၍မိန့် ဆိုထားသည်။ထိုအချက်သည်အံ့သြစရာကောင်းလောက်အောင်ယနေ့ ထက်
တိုင်မှန်ကန်ကြောင်းကိုယနေ့ ခေတ်သစ်ဆေးသိပ္ပံပညာကအထောက်အထားများရှာဖွေတွေ့ ရှိသွား
ကြပြီးထိုဆေးနည်းကိုဥရောပနှင့်မက္ကဆီကိုနိုင်ငံများတွင်အသက်အရွယ်ရလာသော၊အိပ်မပျော်သော
ဝေဒနာခံစားသူများကိုကုသရာတွင်ထိရောက်မှုရှိကြောင်းကိုတင်ပြခဲ့သည်။
ထိုသို့ ထိရောက်မှုရှိရသည့်အကြောင်းကိုစကော့တလန်ဆေးပညာရှင်နှင့်သုတေသီများဖြစ်ကြသော၊
Nathaniel Altman နှင့် Mike McInnisတို့ သည်ပျားရည်၏အိပ်စက်မှုဖြစ်စဉ်အပေါ်လွှမ်းမိုးနိုင်စွမ်း
ကိုအောက်ပါအတိုင်းသရုပ်ခွဲပြသွားသည်။ပျားရည်ကိုမအိပ်စက်မှီသုံးစွဲပါက-
1-အသည်းတွင်းဂလိုက်ကိုဂျင်ပမာဏကိုလုံလောက်စေပြီး၊အနည်းဆုံးညအိပ်
ချိန်ရှစ်နာရီပြီးနောက်မနက်စောစောအိပ်ရာထချိန်တွင်ကော်တီဆော်လ်နှင့်အေဒရီနယ်လင်းဟုခေါ်
သောဖိအားပေးဟိုမုန်းနှစ်မျိုးထွက်ရှိမှုကိုဟန့် တားပေးနိုင်သည်။
2-အနားယူအိပ်စက်ချိန်တွင်ကြွက်သားမျှင်များကိုပြန်လည်အားပြည့်စေသော၊
Melatonin ဟိုမုန်းကိုထွက်စေသည်။
3-သွေးတွင်းအချိုဓါတ်ကိုထိန်းညှိပေးသည်။
ထို့ ကြောင့်အိပ်မပျော်လို့ ပဲဖြစ်ဖြစ်၊နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်လို့ ဘဲဖြစ်ဖြစ်
နှစ်နှစ်ခြိုက်ခြိုက်အပူအပင်ကင်းကင်းအိပ်စက်လိုပါအိပ်ရာမ၀င်မှီတွင်ပျားရည်ကိုလက်ဖက်ရည်ဇွန်းနှစ်
ဇွန်းလောက်မှီဝဲပါ။ဒါဆိုရင်တော့သင်ဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကာအားအင်ပြည့်ဖြိုးပြီး၊ကြွက်သား
ထုလည်းတက်လာမည်ဖြစ်သည်။
တင်ဆက်သူ---
နိုင်ဦး---119
email---intensemsucle@gmail.com
www.myanmarfitness.com

No comments:
Post a Comment