ဆယ်ကျော်သက်အရွယ်လူငယ်လေးမှသည်သက်ကြားအိုအရွယ်အထိသောယောကျာ်းများ၏အဓိက
လောဘတစ်ခုမှာလိင်အင်္ဂါသာမန်ထက်ကြီးထွားလိုခြင်း၊ပိုမိုစွမ်းဆောင်ရည်မြင့်မားလိုခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့ သောမတော်လောဘများဖြစ်ရသည့်အကြောင်းအချက်တစ်ခုမှာ၊လိင်အသိပညာမပြည့်ဝခြင်း၊
လူပျိုပေါက်အရွယ်တွင်ကာလသားကြီးများ၏ပုံပြင်ဆန်ဆန်ပြောပြမှုများနှင့်ယနေ့ ခေတ်အပြာရုပ်ရှင်
စတားများ၏ဆယ့်နှစ်လက်မအထက်သဘာဝနယ်လွန်အချင်းအရာများကိုမြင်တွေ့ နေရခြင်းကြောင့်
များစွာသောယောက်ကျားအများစုမှာထိုကိစ္စနှင့်ပါတ်သက်လာလျင်မိမိကိုယ်ကိုယုံကြည်မှုမဲ့နေတတ်
ကြသည်။
ထိုပြသနာကိုဖြေရှင်းရန်အတွက်တရားမ၀င်ဆေးအမျိုးမျိုးကိုသုံးစွဲလာကြသည့်အပြင်အချို့ အသိဥာဏ်
ခေါင်းပါးသောလူငယ်လေးများကလက်ဖြင့်အာသာဖြေခြင်းကိုလိင်အင်္ဂါကြီးထွားစေသည်ဟုတစ်လွဲဆံ
ပင်ကောင်းမှတ်ယူထားကြသည်။ရုပ်ရှင်များတွင်ပါဆယ့်နှစ်လက်မလောက်အင်္ဂါသည်လူများနှင့်မသင့်
လျော်ဘဲတိရိစ္ဆာန်များအတွက်သာသင့်လျော်မည်ဖြစ်သည်။ထို့ ကြောင့်သာမန်လူတန်းစေ့ယောကျာ်း
တစ်ယောက်ရှိရမည့်အရွယ်အစားကို Life Styles Condom Company ကသုတေသနပြုကြည့်ရာ
ပျမ်းမျှခြင်းယောက်ကျားတစ်ယောက်၏တန်ဆာတောင့်တင်းသောအနေအထားတွင် 5.877 လက်မ
သာရှိပြီး၊အချို့ သူများကတော့ 6.2လက်မအတွင်းရှိတတ်ကြသည်ကိုသာတွေ့ ရှိရသည်။
လိင်အရွယ်အစားနှင့်အမျိုးသမီးများ၏စိတ်ခံစားမှုကိုလည်းသုတေသနပြုကြရာငါးဆယ်ရာခိုင်နှုန်း
သောအမျိုးသမီးများကလိင်အင်္ဂါအရွယ်အစားကိုအလေးထားတတ်ကြသော်လည်း၊ကျန်ငါးဆယ်ရာ
ခိုင်နှုန်းကမူအရွယ်အစားသည်အရေးမပါကြောင်းကိုတင်ပြသွားသည်ကိုတွေ့ ရသည်။ထို့ ကြောင့်
အကောင်းဆုံးကသင်သည်မိမိ၏ပါတနာသည်မည်သည့်အမျိုးသမီးမျိုးဖြစ်သည်ကိုသိအောင်ကြိုး
စားရမည်ဖြစ်သည်။
နောက်ထပ်အရေးပါသောအချက်တစ်ခုမှာအမျိုးသမီးများကိုစိတ်ကျေနပ်မှုအပြည့်အ၀ရစေရန်လှုံ
ဆော်ပေးနိုင်သည့်အဓိကအာရုံခံအကြောငယ်ထောင်ပေါင်းများစွာသည်မအင်္ဂါ၏အ၀ပိုင်းတွင်သာစု
စည်းနေတတ်သောကြောင့်ရှည်လျားသောကျားအင်္ဂါထက်၊ပိုမိုတုတ်ခိုင်သောကျားအင်္ဂါကအမျိုးသမီး
များကိုပိုမိုစိတ်ကျေနပ်မှုရစေနိုင်သည်။လိင်ဆက်ဆံမှု၏အဓိကလိုအပ်ချက်မှာတစ်ဦးနှင့်တစ်ဦးနား
လည်မှုရှိပြီးချစ်ခြင်းမေတ္တာဖြင့်ဆောင်ရွက်မည်ဆိုပါကအသံ၊အထိ၊အတွေ့ အနမ်းလေးများနှင့်အခြား
သောထောင်ပေါင်များစွာသောအချက်များကသာယာချိုမြိန်သောချစ်ခြင်း၏အရသာကိုအပြည့်အဝ
ခံစားရစေနိုင်ပါသည်။ထို့ ကြောင့်လူပြိန်းများကဲ့သို့ ယုတ္တိမရှိသောအကြောင်းအရာများတွင်နစ်မွန်းမနေ
သင့်ပါကြောင်း။ ။
ကျမ်းကိုး။ ။British Journal Urology International 1449-1445 ,2007 .
မိတ်ဆွေများကိုအထူးမေတ္တာရပ်ခံပန်ကြားလိုပါသည်။
ကျွန်တော်ဤကဲ့သို့ သောဆောင်းပါးများကိုရေးသားနေ၍ကိုနိုင်ဦးတစ်ယောက်တော့ကာယဗလလိုင်းမှ
လိင်ပညာပေးသူတစ်ယောက်ဖြစ်သွားပြီဟုမယူဆကြပါနှင့်ခင်ဗျာ။ကျွန်တော်ဤကဲ့သို့  သောဆောင်း
ပါးများရေးသားရခြင်း၏အဓိကအကြောင်းအရင်းမှာမြန်မာဖစ်တနက်စ်မှမင်ဘာလေးများကသူတို့ သိ
လိုသည်များ၊ကြုံတွေ့ နေရသည်များကိုကျွန်တော့်ကိုအစ်ကိုကြီးတစ်ဦးသဖွယ်ဆက်သွယ်မေးမြန်းလာ
သောကြောင့်ကျွန်တော်လည်းကျွန်တော်ဝါသနာပါသည့်ကိစ္စဖြစ်သည့်အားလျော်စွာသိပ္ပံနည်းကျလေ့
လာထားမိသမျှကိုပြန်လည်ဖောက်သည်ချလိုက်ရခြင်းဖြစ်ပါသည်။
ကျွန်တော့်ဘလောဂ့်အမည် muscle professor ဟူသည့်အတိုင်းကျွန်တော်သည်နောက်ပိုင်းတွင်ကာ
ယဗလနှင့်ကြံ့ခိုင်မှုအကြောင်းများကိုသာအထူးတင်ဆက်ပေးသွားပါဦးမည်။ယခုကဲ့သို့ သောဆောင်း
ပါးများကိုမူရံဖန်ရံခါအမေးခံလာရသောမေးခွန်းများအပေါ်မူတည်ပြီးဖြေကြားသွားပါမည်။ထို့ ကြောင့်
ကျွန်တော်အသေအချာအာမဘန္တေခံလိုသည်ကတော့ကျွန်တော့်ဘလော့ဂ်သည်လိင်ဦးစားပေးဘ
လော့ဂ်လုံးဝမဟုတ်ပါကြောင်းနှင့်ကာယဗလဘလော့ဂ်စစ်စစ်ဖြစ်ပါကြောင်းကိုလေးစားစွာတင်ပြ
လိုက်ပါသည်။
တင်ဆက်သူ---
နိုင်ဦး---119
Email---intensemuscle@gmail.com
http://naingoo-119.blogspot.com/
www.myanmarfitness.com

No comments:
Post a Comment