ကြွက်သားတည်ဆောက်မှု့ ဖြစ်စဉ်ကိုအနားဘိုးလစ်ဟုခေါ်သည်။ထိုအနားဘိုးလစ်ဖြစ်စဉ်ကိုဖြစ်စေ
သောအချက်များစွာရှိသော်လည်းလူတိုင်းသည်အပြည့်အ၀မသိကြပေ။ထို့ကြောင့်လည်းကျွန်တော်
တို့ ကစုစည်းတင်ပြနေခြင်းပင်ဖြစ်သည်။မင်ဘာများကလည်းကျွန်တော်တို့ ကိုလေးစားကာဆရာ
သဖွယ်ပင်လေးလေးစားစာဆက်ဆံကြသည်ကိုကျေနပ်ဖွယ်ခံစားရပါသည်။ဤသည်ကလည်းစေတနာ
၏ရောင်ပြန်ဟုထင်ပါသည်။
ယခုတစ်ခါတွင်တော့အများသိနေကြသည့်ဆေးပညာအဆိုလေးတစ်ခုဖြစ်
သည့် “Apple: Eat a day, keep the doctors away” ကိုလူတိုင်းသိပြီးဖြစ်သည်။ပန်းသီးတစ်
လုံးနေ့ စဉ်စားသုံးပါကသာမန်ဖျားနာခြင်းကင်းဝေစေသည်ဟုတင်စားပြောလိုခြင်းဖြစ်သည်။ကျွန်တော်
ကတော့ကာယဗလနှင့်ကြံ့ခိုင်မှုနည်းပြဖြစ်သည့်အားလျော်စွာပန်းသီးနှင့်ကြွက်သားတည်ဆောက်
မှုအကြောင်းကိုဆက်နွယ်ပုံလေးကိုတင်ပြပေးလိုက်သည်။ပန်းသီးများသည်အမျှင်ဓါတ်များသောကာ
ဗိုဟိုက်ဒရိတ်ဖြစ်ပြီးတစ်လုံးလျင်ကာဗိုဟိုက်ဒရိတ် 10-ဂရမ်ပါဝင်သည်။
2011-ခုနှစ်စက်တင်ဘာလထုတ် Health မဂ္ဂဇင်းတွင်ပန်းသီးသည်ကိုလက်
စထရောလ်ကိုကျစေသည်ဟုတင်ပြထားသည်။University of Iowa မှသုတေသနအသစ်တစ်ခုက
တော့ပန်းသီး၏အခွံသည်ကြွက်သားထုတက်စေရန်အကူအညီပေးနိုင်သည်ဟုတင်ပြထားသည့်
အတွက်ပန်းသီးသည်အနာဘိုးလစ်အသီးတစ်ခုဖြစ်သည့်အတွက်ပန်းသီးစားရာတွင်အသားရော
အခွံပါစားရန်မမေ့ပါနှင့်။သို့ မှသာလည်းကောင်း၏အကျိုးကိုအပြည့်အ၀ရနိုင်မည်ဖြစ်သည်။
တင်ဆက်သူ-နိုင်ဦး---119
email----intensemuscle@gmail.com
www.myanmarfitness.com
No comments:
Post a Comment