ကြိုက်တဲ့ယောကျာ်းကိုမေးကြည့်ပါ။အထူးသဖြင့်အသက်ကြီးရွယ်အိုများပါအပါအ၀င်ပေါ့။အားလုံးက
ဖြေမည့်အဖြေကတော့အလှဆုံး၊အတောင့်ဆုံးကောင်မလေးတစ်ယောက်ကိုရယင်ဗိုက်ပေါ်မှာအသေ
ခံလိုက်မယ်ဟုပြောကြမည်ဖြစ်သည်။သို့ သော်တစ်ခုစဉ်းစားစရာမှာထိုကဲ့သို့ ဗိုက်ပေါ်တွင်သေနိုင်ပါ
သလား။ဟားဗတ်ဆေးတက္ကသိုလ်က 1996-ခုနှစ်တွင်တင်ပြခဲ့သည်မှာလိင်ဆက်ဆံနေချိန်တွင်နှလုံး
ရောဂါကြောင့်သေနိုင်ချေမှာ 1%သာရှိသည်ဟုဆို၏။ဒါဆိုဘာသေမှာလဲ။အဖြေကရှင်းပါတယ်။
စိတ်သွားတိုင်းကိုယ်မပါ၊ဖြစ်ပြီးတစ်ခါပြီးနောက်တစ်ခါမစွမ်းဆောင်နိုင်တော့ခြင်းဖြစ်သည်။
ယခုခေတ်တွင်တော့ထိုသို့ လုံးဝမဖြစ်နိုင်တော့ပါ။အသက်အရွယ်ကြီးသူများပင်လျင်ဗီယာဂရာကဲ့
သို့ သောလိင်စွမ်းဆောင်ရည်ပြည့်စေသည့်ဆေးများကြောင့်ခေတ်သစ်ရိုမီယိုများဖြစ်လာကာဦးနှင့်
သမီးဇာတ်လမ်းလေးများရေးလာနိုင်ပြီဖြစ်သည်။အဓိကထိုသို့ မဖြစ်ရန်မှာကိုယ်အလေးချိန်မလွန်
စေရန်ဂရုပြုပြီး၊လေ့ကျင့်ခန်းလေးများပုံမှန်ပြုလုပ်ကာကျန်းမာနေမည်ဆိုလျင်ကျန်သည့်ကွပ်လပ်
ကိုဗီယာဂရာကဖြည့်သွားပေလိမ့်မည်။မည်သည့်အသက်အရွယ်ရှိယောကျာ်းမဆိုစွမ်းဆောင်နိုင်
သူများဖြစ်ပါ၏။လျော့မတွက်ကြပါနှင့်။
Ref: (Health Magazine, February 2009)
တင်ဆက်သူ---
နိုင်ဦး---119
http://naingoo-119.blogspot.com/
No comments:
Post a Comment