ကာယဗလလေ့ကျင့်သူများအများဆုံးမေးတတ်ကြသည့်မေးခွန်းတစ်ခုမှာလိင်ဆက်ဆံခြင်းသည်
လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ရလာဒ်ကိုထိခိုက်စေနိုင်ပါသလား။နောက်ထပ်မေးခွန်းတစ်ခုမှာအ၀လွန်
၍အဆီချလိုသူများမေးတတ်သည့်မေးခွန်းမှာလိင်ဆက်ဆံခြင်းကြောင့်ကိုယ်အလေးချိန်တက်လာ
နိုင်ပါသလား။သို့ မဟုတ်အဆီကျသွားနိုင်ပါသလား။ထိုမေးခွန်းများအတွက်လုံလောက်သောအဖြေ
ကိုယခုတင်ပြပေးလိုက်ပါသည်။
လိင်ဆက်ဆံပြီးနောက်သုတ်လွှတ်ချိန်တွင်လိင်ခံစားမှုကိုအမြင့်ဆုံးပေးစွမ်းနိုင်သော prolactin ဟုခေါ်
သောဟိုမုန်းကိုကိုယ်တွင်းတွင်ထုတ်လွှတ်ပေးပြီး၊နောက်တွင်လိင်ဆက်ဆံလိုစိတ်လျော့နည်းသွားပေ
သည်။ကိုယ်တွင်းမှထို prolactin ဟိုမုန်းထွက်ရှိမှုအလွန်များပါကကိုယ်အလေးချိန်တက်စေနိုင်သော
ကြောင့်သုတေသီအချို့ ကလိင်ဆက်ဆံခြင်းသည်လူကိုဝစေသည်ဟုကောက်ချက်ချခြင်းဖြစ်သည်။
စကော့တလန်မှဒေါက်တာ Staurt Brody ကတော့ထိုအဆိုကိုလက်ခံသော်လည်းမကြာခဏလိင်
ဆက်ဆံခြင်းကလည်းနှလုံးရောဂါကိုဖြစ်နိုင်ချေကိုနည်းပါးစေပြီးကိုယ်တွင်းအဆီလျော့ကျစေနိုင်
ကြောင်းကိုလည်းအထောက်အထားများနှင့်တင်ပြသွားခဲ့သည်။
လက်ဖြင့်အာသာဖြေခြင်းနှင့်အခြားသောအာသာဖြေခြင်းများကတော့နှလုံးရောဂါကာကွယ်ခြင်းနှင့်
အဆီကျစေနိုင်မှုကိုပါမည်သို့ မျှမစွမ်းဆောင်နိုင်သောကြောင့်ဖြစ်နိုင်ပါကတစ်ကဲ့လိင်ဆက်ဆံမှုများ
ကိုကြိုးစားသင့်ပါကြောင်း----။
Ref:Medical Hypotheses Journal

တင်ဆက်သူ---
နိုင်ဦး---119
http://naingoo-119.blogspot.com/
No comments:
Post a Comment