ကာယဗလလေ့ကျင့်သူများအတွက်ကတော့အဓိကအသက်ဓါတ်သည်ပရိုတိန်းခေါ်အသားဓါတ်ဖြစ်
သည်။ယနေ့ ခေတ်အာဟာရပါရဂူများကတော့လူများကိုအသားဓါတ်များများမစားရန်နှင့်ပြုပြင်
ကြော်လှော်ချက်ပြုတ်ထားသောအသားများကိုစားခြင်းမှတားမြစ်နေကြသည်မှာအဘယ်ကြောင့်
နည်း။အထောက်အထားများကမည်သို့ နည်း။
National Institutes of Health and the American Association of Retired People (AARP)အဖွဲ့ 
အစည်းကြီးကလူပေါင်း500000(ငါးသိန်း)ကိုဆယ်နှစ်ကြာသုတေသနပြုပြီးနောက်အောက်ပါအတိုင်း
တင်ပြခဲ့သည်***အသားများများစားလွန်းသူများ၊အထူးသဖြင့်အနီရောင်အသား(အမဲသား၊ကျွဲသား)
စားသူများသည်အသားနည်းနည်းသာစားသူများနှင့်ယှဉ်လျင်နှလုံးရောဂါဖြစ်နိုင်ချေ 36%၊ကင်ဆာ
ဖြစ်ပြီးသေနိုင်ချေ 22%၊ပိုပြီးသက်တမ်းမစေ့မှီအထက်ပါရောဂါများနှင့်သေနိုင်ကြောင်းကိုတင်ပြခဲ့
သည်။
ထို့ ကြောင့်အသားဓါတ်စားလိုပါကအဖြူရောင်အသား(ကြက်သား-အရေခွံမပါ)၊ငါးစသည်တို့ ကိုစား
ခြင်းသည်အသေဆိုးစေသောရောဂါများဖြစ်နိုင်ချေနည်းပါးသောကြောင့်ရွေးချယ်သင့်ပါသည်။
ထို့ ကြောင့်အသားဓါတ်များ၊ပြုပြင်ထုတ်လုပ်ထားသောအသားများကိုများများစားလွန်းခြင်းကိုရှောင်
ကြဉ်ပါ။နို့ မဟုတ်ပါကသေတမ်းစာကြိုရေးထားပါ။
Ref: (Archives Internal Medicine, 169:562-571, 2009)
06-Md

တင်ဆက်သူ---
နိုင်ဦး---119
http://naingoo-119.blogspot.com/
No comments:
Post a Comment