arial" action="like" colorscheme="light">

Sunday, October 26, 2014

ပျိုမေတို့ ၏ fitness အလွဲများ

အပတ်တကုတ်ကြိုးစားတတ်သော၊ဇွဲကောင်းသော၊အရည်အချင်းကောင်းများစွာကိုပိုင်ဆိုင်သူအများ
စုမှာအမျိုးသမီးများသာဖြစ်တတ်ကြသည်။ထို ကြိုးစားတတ်သူများ၏လုံ့ လတို့ ကိုအလဟသဖြစ်စေ
သော အချက်လေးတစ်ခု ကိုတင်ပြဆွေးနွေးတင်ပြလိုပါသည်။အားကစားခန်းမအများစုတွင်၊နေ့ စဉ်
နေ့ တိုင်းဇွဲမလျော့တမ်းလေ့ကျင့်နေကြသူအများစုမှာအမျိုးသမီးအများစုဖြစ်သည်။သို့သော်လည်း
ထိုအမျိုးသမီးများအတွက်၎င်းတို့ လိုချင်သောရလာဒ်ကားဦးစံလင်းနှင့်ဓမ္မစေတီခေါင်းလောင်းလို
လိုက်လေဝေးလေ၊ဖြစ်နေသည်ကအသေအချာပင်ဖြစ်သည်။ထိုသို့ ဖြစ်ရသည့်အဓိကအမှားများမှာ
ပျိုမေတို့ ရွေးချယ်ထားသောေ-ာက်တလွဲနည်းပြများဖြစ်သည်။
အမျိုးသမီးများကိုနည်းပြများရေးဆွဲပေးထားသောနည်းစနစ်များမှာအတော်လေးလိုအပ်နေသည့်အပြင်
ထိုအမျိုးသမီးများ၏စိတ်ပိုင်းဆိုင်ရာကိုပါကျဆုံးသွားစေနိုင်သည့်အမှားများကိုမြင်နေရသည့်အတွက်ဤဆောင်းပါးကိုရေးရခြင်းဖြစ်သည်။ဥပမာတင်ပြရသော်၊၀ါဝါဆိုသောအမျိုးသမီးဆိုပါစို့။ကျွန်တော်
ဂျင်ထဲကိုမရောက်ခင်ကတည်းက၊၀ါဝါသည်ပြေးစက်ပေါ်တွင်ပြေးနေသည်မှာအနည်းဆုံးနာရီဝက်
လောက်ကြာမည်ဖြစ်သည်။ထို့ နောက်ဝမ်းဗိုက်လေ့ကျင့်ခန်းအနည်းဆုံးလေးမျိုးလောက်ကို၊တစ်မျိုး
လျင်အကြိမ်နှစ်ရာမှငါးရာအတွင်း၊ဆက်လက်လေ့ကျင့်စေပြန်သည်။သူမထိုလေ့ကျင့်ခန်းများအပြီး
အပေါ့ဆုံးသောအလေးကိုကောက်ကိုင်လိုက်ချိန်တွင်၊အမျိုးသားကစားသများအများစုကစားပြီးပြန်
သွားပြီဖြစ်သည်။ထိုအချိန်မှသာသူမအနေနှင့်အလေးပေါ့ပေါ့ဖြင့်လေ့ကျင့်ခန်းပြုလုပ်မည်ဖြစ်သည်။
တစ်နေ့ လျင်သူမကစားချိန်အနည်းဆုံးနှစ်နာရီ non stop ဖြစ်သည်။အချိန်ကြာလာသော်၊လည်း
ရလာဒ်ဟူ၍ကားအစားအသောက်ခံတွင်းပျက်ခြင်း၊ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ဓမ္မတာမမှန်ခြင်း၊
နေ့ စဉ်ဘ၀လုပ်ငန်းဆောင်တာများတွင်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှေး
ကွေးသွားကာကိုယ်အလေးချိန်ပိုတက်လာခြင်း၊သို့ မဟုတ်ကိုယ်အလေးချိန်ကျသွားကာ၊မျောက်
မျက်ကွင်းညိုလေးများကဲ့သို့ ဖြစ်ပြီး၊အားအင်ဆုတ်ယုတ်ခြင်းစသည်တို့ကိုပါခံစားရခြင်းကြောင့်၊
ဝါ၀ါတစ်ယောက်ဂျင်မ်ကစားခြင်းကိုထာဝရအတွက်နှုတ်ဆက်ကာကျောခိုင်းလိုက်ပါတော့သည်။လူမသိ၊
သူမသိထိုသို့သောမ၀ါဝါဘယ်နှစ်ယောက်ရှိသွားပြီိဆိုသည်ကား၊မိမိတို့ အတွေ့ အကြုံ
အပေါ်မူတည်ပြီးခန့် မှန်းကြည့်ကြပါတော့။
အားကစားလေ့ကျင့်ခြင်း၏ရည်ရွယ်ချက်မှာ၊ကိုယ်ရော၊စိတ်ပါကျန်းမာသန်စွမ်းပြီးဘ၀နယ်ပယ်
အသီးသီးတွင်စွမ်းဆောင်ရည်ပြည့်ဝပြီး၊ရလှခဲသောလူ့ ဘ၀ကို အပြည့်အ၀ခံစားဖို့ ဖြစ်သည်။
သို့ သော်ထိုအားကစား၏အကျိုးကျေးဇူးကိုလူတိုင်းရယူခံစားနိုင်ပါရဲ့ လားဆိုတာကတော့
မေးခွန်းထုတ်စရာဖြစ်နေသည်။
ကျွန်တော့်အမြင၊်ထိုသို့ သောပြသနာများ၏တစ်ခုတည်းသောအဖြေမှာ၊ပြည်တွင်းမှfitness 
နည်းပြများအတွက်၊နိုင်ငံတကာအဆင့်မှီနည်းပြသင်တန်းလိုအပ်နေခြင်းပင်ဖြစ်သည်။တွေ့ ရာလူ
ကိုနည်းပြပြုလုပ်ခွင့်မပေးဘဲ၊တာဝန်ရှိသူများမှ၊သင်တန်းများဖွင့်လှစ်ပြီး၊အရည်အချင်းမြှင့်တင်ပေး
ပြီးမှသာ၊အရည်အချင်းအလိုက် A-class ,B-class and C-class နည်းပြ Certificate များထုတ်
ပေးသင့်ပါသည်။တာဝန်ရှိသူများစီစဉ်သင့်သောနည်းပြသင်တန်းမှာရှေးယခင်က၊ကြားဖူးနေကျ
သုံးရက်အပြတ်၊နှင့်သင်တန်းဆင်းလက်မှတ်ချီးမြှင့်သောသင်တန်းမျိုးတို့ မဖြစ်စေလိုပါ။တစ်မျိုး
သားလုံးကျန်းမာကြံ့ခိုင်စေရေးတွင်၊ကျွန်တော်များ muscleprofessor page မှလည်းကျရာ
တာဝန်ကိုထမ်းရွက်ပါမည်ဟုအာမဘန္တေခံရင်း-
Fitness လေ့ကျင့်သူများအနေနှင့်မိမိတို့ ကြုံတွေ့ နေရသည့်အခက်အခဲများကိုကောမင့်ရေး
ပြီးဆွေးနွေးခဲ့ကြပါဦး။

လေးစားလျက်-
နိုင်ဦး----၁၁၉

2 comments:

  1. ကိုနိုင်ဦးရေ ကျနော်လည်း ခရီးတွေလွန် အလုပ်တွေမအား တာတွေများနေတာနဲ့ မာဆယ်ပရော်ဖက်ဆာနဲ့ ကင်းကွာနေတာ တော်တော်ကြာသွားပြီ ... မဆော့ဖြစ်တာလည်း တစ်နှစ်ပြည့်တော့မယ်ဗျာ ... ဂျင်မ် သွားမယ်လုပ်တိုင်း မအားတာကများနေတာနဲ့ ... ပီးတော့ ကျနော်ကလည်း လုံးဝအားမှ သွားချင်တဲ့ ဂျင်မ် နဲ့ပတ်သတ်ရင် ဇီဇာကြောင်တဲ့ စိတ်ကလေးကလည်း ရှိတော့ ဂျင်မ် မရောက်တာလည်း မဆော့ဖြစ်တဲ့ အချိန်နဲ့ အတူတူဖြစ်နေတယ်ဗျာ... အခုတော့ အင်တာနက်လည်းမသုံးတာကြာလို့သုံးကြည့်ရင်း muscleprofessor ကိုရောက်ဖြစ်တယ်ပေါ့ ဗျာ ... ဆိုတော့ကာ အပေါ်မှာ ကိုနိုင်ဦး တင်ပြသလိုပါပဲ ... ဂျင်မ်ရောက်သွားတဲ့ မိန်းကလေးတော်တော်များများက ၂ လ ၃ လ လောက်ဆို ပြန်ပြန်ပြေးလာကြတာ ကျနော်သတိထားမိတယ် ... အစမှာ စိတ်အားထက်သန်ပေမယ့် နောက်ပိုင်းမှာ လျှော့ရဲရဲ ပျော့စိပျော့စိ ဖြစ်သွားတယ် ... ပီးတော့ သူတို့ ခန္ဒာကိုယ်တွေလည်း သိပ်ပီး ထူးထူးခြားခြားပြောင်းလဲလာတာ မတွေ့မိဘူးဗျာ ... ကျနော်လည်း အစ်ကိုတို့ ဆောင်းပါးတွေ အမြဲဖတ်နေတဲ့သူဆိုတော့ ... အစ်ကိုပြောတဲ့ေ-ာက်တလွဲနည်းပြတွေနဲ့တွေ့ခဲ့ပြီဆိုတာကို အနည်းနဲ့ အများတော့ ရိတ်စားမိပါတယ်ဗျာ ... ဒါပေမယ့်လည်း ... ကျနော်တို့က အမျိုးသား ပရိုဂရမ်တွေ၊ အမျိုးသားနဲ့ပတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်တွေပဲသိတော့ ... သူတို့ကို အကြံပေးတာက ကျနော်တို့နည်းနဲ့ သူတို့နည်းမတူမှာစိုးလို့ မပေးဖြစ်ဘူး... အဲ့ဒါ အစ်ကိုတို့ကို တိုင်ပင်ကြည့်တာပါ... အခုလို အမျိုးသားတင်မက အမျိုးသမီးနဲ့ပတ်သတ်တဲ့ ပရိုဂရမ်တွေ အမျိုးသမီး ဖစ်တနက်စ်နဲ့ ဆိုင်တဲ့ဆောင်းပါးတွေများများရေးပေးစေချင်တယ်ဗျာ ... ဒါမှ အရေးကြုံရင် အစ်ကိုတို့ဆောင်းပါးတွေနဲ့ နည်းပေးလမ်းပြ ကိုးကားလို့ရမှာ... ပီးတော့ နောက်တစ်ခု ကျနော်တောင်းဆိုချင်တာက ကျနော်အခု မဆော့ဖြစ်တာကြာလို့ ပြန်ဆော့မယ်ဆိုရင် ဘယ်လို ပြန်ဆော့သင့်လဲ... အဟာရ လေ့ကျင့်ခန်း အားလုံးအစကလို နည်းနည်းချင်းပြန်စရမလား ... အရင်လိုခပ်ပြင်းပြင်းလေးနဲ့ တစ်ခါတည်း ထုတင်ရင် အဆင်ပြေမလား ... 'လူဟောင်းများ ကာယဗလ ပြန်လေ့ကျင့်မည်ဆိုပါက' ဆိုပီး (အဆင်ပြေရင်) တင်ဆက်ပေးစေလိုပါတယ်... အော် ဒါနဲ့ အစ်ကိုလုပ်ထားတဲ့ muscleprofessor apk လေးက သိပ်အလုပ်မလုပ်တော့ဘူးဗျာ ... အဲ့ဒါလေးလည်း အဆင်ပြေရင် ပြန်လုပ်ပေးစေချင်ပါတယ်...
    အဆင်မြဲအားပေးလျှက်
    Pily(Member)

    ReplyDelete
    Replies
    1. လေးစားပါတယ်ကိုပီလီရေ-
      အခုတစ်လော ကျွန်တော်တို့ ဘေ လာ့ဂ်ကိုခဏနားထားတာပါ။အဓိကဆောင်းပါးတွေကို
      တော့ ဖေ့စ်ဘွခ်ပေါ်မှာပဲ fan page လုပ်ပြီးတင်ပါတယ်။Muscleprofessor ဆိုပြီးပဲရိုက်ရှာပါ။
      အဲဒီမှာတော့နေ့ စဉ်လိုလိုဆောင်းပါးလေးတွေ တင်ဆက်ဖြစ်ပါတယ်။
      နောက်ပြီးတော့ application အသစ်လုပ်ပေးထားတယ်ဗျ။ဘလော့ဂ်မှာတင်သမျှ
      ရော ၊facebook မှာတင်သမျှရောချိတ်ဆက်ထားပါတယ်။
      https://www.dropbox.com/s/dset2vb3e0wrp0x/MuscleProfessor%28II%29.apk?dl=0
      ဒီလင့်ခ်မှာသာ ဒေါင်းပေတော့ဗျို့ ။
      စာပြန်နောက်ကျတာ ဆောရီးပါဗျာ
      လေးစားလျက်----နိုင်ဦး-၁၁၉

      Delete