arial" action="like" colorscheme="light">

Sunday, October 19, 2014

အုန်းစိမ်းရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 
ယနေ့ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ လက်ဆောင် အဖြစ် ဘုရားသခင်က ဖန်ဆင်းပေးထားတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ကောင်းတာတွေလည်း ရှိသလို မကောင်းတာတွေ လည်းရှိပါတယ်။ တစ်ခါတရံမှာ ကျွှန်တော် တို့ဟာ အနားနားမှာ ရှိနေတဲ့ ကောင်းမွန် တဲ့ သဘာဝ ရဲ့ လက်ဆောင်တွေ ကိုမေ့ပြီး ဈေးကြီး ကြီးပေးရတဲ့ တန်ဖိုးကြီး အရာတွေကို မက်မော တမ်းတစွာ ခုံမင်နေ မိပါတယ်။ ဒါကလည်း လူ့သဘာဝ တစ်ခု လို့ ဆိုရင် မမှားနိုင်ပါဘူး။ နည်းပညာ တွေ တိုးတက် လာသလို လူတွေရဲ့ နေထိုင် စားသောက်မှု ပုံစံတွေဟာ လည်း တိုးတက်ပြောင်း လဲလာခဲ့တာ အားလုံး အသိပါ။ ဒါကြောင့်လည်း ကျွန်တော် တို့ တစ်တွေဟာ ဒီနေ့ အချိန်ခါမှာ ရောဂါ အဆန်း အပြားတွေ နဲ့ နပန်းလုံး ရင်ဆိုင်နေ ရပါတယ်။ ဒီဆောင်းပါးမှာ ကျွန်တော် တင်ပြချင်တာက ကျွန်တော် တို့ တစ်တွေဟာ နေ့စဉ် နဲ့ အမျှ ရုန်းကန် လှုပ်ရှားရင်း မောပန်းနွမ်း နယ်လာ သည့် အခါမှာ ဖြစ်စေ ၊ ရေငတ်၍ ဖြစ်စေ ၊ မိတ်ဆွေ အပေါင်း အသင်းများနှင့် စားသောက် ဆိုင်များတွင် စကားလက်ဆုံ ကျမိ၍ ဖြစ်စေ ၊ နောက်ဆုံး အဆင့် ဂျင်မ် တွင်ဖြစ်စေ အအေး တစ်မျိုးမျိုး ကိုသောက် သုံးမိတတ်ကြ သည်မှာ ဧကန်မလွဲ ပင်ဖြစ် သည်။ ထိုကြောင့် တစ်ခါတစ်ရံတွင် အပြောင်းအလဲ သဘောမျိုးဖြင့် သောက်သုံး သင့်သည့် အရည်တစ်မျိုးကို လမ်းညွှန်ပေး ရလျင် ယနေ့ ကလေး က အစ လူကြီးအဆုံး သိကြသည့် အုန်း စိမ်းရည်ပင်ဖြစ်သည်။ သို့သော်လည်း အုန်းစိမ်းရည် သည် ကျွှန်တော်တို့လို မြို့ပြနေ လူတန်းစား များအတွက် အမြဲတမ်း အဆင်မပြေနိုင်ပါ။ ထို့ကြောင့်လည်း တစ်ခါတစ်ရံ ကြုံကြိုက်လာ သည့်အခါ လက်မလွတ် သင့်သည့် အရာတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် အားကစားသမား များနှင့်ပို၍ သင့်တော်သည့် အရည် တစ်မျိုး ဖြစ်သည်။
အုန်းစိမ်းရည် ဘာကောင်းသလဲ

အုန်းစိမ်းရည်မှာ ကြွက်သားတွေ ကို လုပ်ဆောင် ချက်ကောင်းစေ တယ် ၊အလေးချိန်လျှော့ ချနိုင်ခြင်း ၊အရေပြားနှင့် ဆံပင်ခြေ လက်တွေကို လှပစေနိုင်တဲ့ အင်တီအောက် ဆီးဒင့်စ် တွေပါတယ်။ စိတ်ဖိစီး မှုတွေကို ကျစေပြီး ကျောက်ကပ်ကို လည်း သန့်စင်ပေးတယ်။ အားကစား ပြုလုပ်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဇြည့်ဆည်းပေး တယ်။ ၀မ်းလျှော ၀မ်းပျက်သူတွေ အတွက် သဘာဝ အတိုင်း ပြန်လည် ပြီး ရေဓာတ် ဖြည့်ဆည်းပေး တဲ့ အကောင်ဆုံး အရာ ပါ။ နှလုံးရောဂါ ဝေဒနာရှင်တွေ အတွက်လည်း သောက်သုံးရန် သင့်တော်သလို ပိုတက် ဆီယမ် ပါဝင်မှု များတဲ့ အတွက် လေဇြတ်နှု န်းနှင့် သွေးတိုးနှုန်း ကို လျှော့ကျစေတယ်။ ကျေက်ကပ် သန့်စင်ပေးလို့ ကျောက်ကပ် ကျောက်တည် ခြင်းကို မဖြစ်ပွားစေနိုင် သလို အရက်မူးခြင်း ကိုလည်း သက်သာစေနိုင် ပါတယ်။ ပိုတက်စီယမ် ဓာတ် ကြွယ်ဝတဲ့ အတွက် မကြာခဏ ကြွက်တက်ခြင်း ၊ အားကစား ပြုလုပ်၍ ရေဓာတ် နည်ြး့ပီး ကြွက်တက်ခြင်း များကို ပျောက် ကင်းစေတယ်။ အုန်းစိမ်းရည် ဟာ အခြေခံအားဖြင့် အားကစား အချိုရည် တစ်မျိုးလို့တောင် ဆိုနိုင်ပါတယ်။ အုန်းစိမ်းရည်မှာ ရေဓာတ် ၊ ကာဗိုဟိုက်ဒရိတ် နှင့် သတ္တုဓာတ် တို့ပါဝင်ပြီး အချိုရည် များ ကဲ့သို့ ဓာတုဗေဒ ဆိုးဆေးများ မပါဝင်သလို အချိုဓာတ် များပြားခြင်း မရှိတဲ့ အတွက် မလို အပ်ပဲ ကယ်လိုရီ ပိုခြင်းလည်း မဖြစ်နိုင်လို့ အ၀လွန်ခြင်း မဖြစ်နိုင်ပါဘူး။ တစ်ချို့သော သူများဧ။် အမြင်တွင် အုန်းစိမ်းရည် သည် အုန်းနို့ရည် ကဲ့သို့ပင် အဆီနှင့် ကယ်လိုရီများစွာ ပါဝင်မည် ဟု ထင်မြင်ကြသည်။ အုန်းနို့ရည် တစ်ခွက် တွင် အဆီ ကယ်လိုရီ ၅၅၀ ပါဝင်ပါတယ်။ အုန်းစိမ်းရည် တွင် အဆီ မပါဝင်သလောက် နည်းပါးပြီး အုန်းစိမ်းရည် တစ်ခွက် တွင် ကယ်လိုရီ ၅၅ သာ ပါဝင်သည်။ ပိုတက်စီယမ် နှင့် မဂ္ဂနီဆီယမ်ဓာတ် များပါဝင်ပြီး ပိုတက်ဆီယမ် ဓာတ်သည် ငှက်ပျောသီး တစ်လုံးတွင် ပါဝင်သည့် ပမာဏထက် ပိုသည်။ ထို့ကြောင့် ကျွန်တော်တို့သည် နေ့စဉ်နှင့် အမျှ အချိုရည်များကို သောက်သုံးနေမည့် အစား ဘေးအန္တရာယ် ကင်းရှင်းပြီး မိမိ ကျန်းမားရေး အတွက်လည်း အကျိုးအမြတ် ရရှိစေသည့် သဘာဝ ကပေးထားသည့် လက်ဆောင်မွန် များကို မမေ့အပ် သင့်ကြောင်း ကျွန်တော် လေ့လာ မိသလောက် လက်ဆင့်ကမ်း အသိပညာဗဟုသုတ ပါးလိုက်ပါသည်။
တင်ဆက်သူ။ ။အောင်အောင် (လှိုင်)
email-aungaung.aung24@gmail.com

No comments:

Post a Comment