arial" action="like" colorscheme="light">

Friday, November 8, 2013

မှန်သလိုနဲ့ မှားနေသောအရာများ



ကာယဗလလေ့ကျင့်မှု့ နှင့်ပါတ်သက်လာလျင်အများအမြင်တွင်တစ်ကဲ့အမှန်တရားကဲ့သို့ 
ဖြစ်နေသောအမှားအချို့ ကိုတင်ပြပေးလိုက်ပါသည်။


၁---ခပ်ညံ့ညံ့လေ့ကျင့်နည်းအကြံပြုချက်(ကြွက်သားများနာနေပါကမလေ့ကျင့်ပါနှင့်)

နာကျင်မှု ကိုအကြောင်းပြပြီးလေ့ကျင့်ခန်းမလုပ်လိုသူများ၏ဆင်ခြေသက်သက်သာဖြစ်
သည်။အနောက်သြစတေးလျရှိ Edith Cowan University မှသုတေသီများကစားသမား
အချို့ ကိုလက်မောင်းရှေ့ ကို  ဒမ်ဘယ်ဖြင့်တစ်ပါတ်လျင်နှစ်ကြိမ်ပြင်းအားမြှင့်လေ့ကျင့်
စေသည်။ပထမလေ့ကျင့်ရက်နှင့်ဒုတိယလေ့ကျင့်ရက်ကိုသုံးရက်ခြားပြီးပြန်လည်လေ့ကျင့်
စေရာဒုတိယလေ့ကျင့်ရက်မစတင်မှီတွင်လက်မောင်းအရှေ့ ကြွက်သားများနာကျင်နေ
သော်လည်းဒုတိယလေ့ကျင့်ခန်းပထမတစ်ကျော့အပြီးတွင်ထိုနာကျင်မှု များပျောက်သွား
ကြောင်းကိုတွေ့ ရသည်။

၂---ကာယဗလလေ့ကျင့်ရန်အဆိုးဆုံးအချိန်-(ကာဒီရိုပြီးနောက်)

ပြည်တွင်းမှနည်းပြအများစုကအဆီကျလိုသူများကိုကာဒီရိုလေ့ကျင့်ခန်းများကိုအလျင်ပြုလုပ်စေပြီးမှကာ
ယဗလလေ့ကျင့်ခန်းများကိုလေ့ကျင့်စေသည်။လက်တွေ့ တွင်အကျိုးပြု
သောသုတေသနတစ်ရပ်ကိုဂျပန်နိုင်ငံမှသုတေသီများကတင်ပြခဲ့သည်။ထိုတွေ့ ရှိချက်မှာ
ကာဒီရိုအရင်ပြုလုပ်ပြီးမှကာယဗလလေ့ကျင့်ခန်းပြုလုပ်သူများ၏ကြီးထွားဟိုမုန်းထွက်ရှိမှု
ပမာဏမှာကာယဗလလေ့ကျင့်ခန်းများပြုလုပ်ပြီးမှကာဒီရိုပြုလုပ်သူများထက်သုံးဆနီးပါး
နည်းပါးသည်ကိုဖော်ပြခဲ့သည်။
 ၃---အညံ့ဆုံးကာဒီရိုပြုလုပ်နည်း(သက်တောင့်သက်သာ)

ဖြေးဖြေးမှန်မှန်ကာဒီရိုလုပ်သူများ၏ကယ်လိုရီလောင်ကျွမ်းမှုနှင့်သွေးဖိအားလျော့ချမှု မှာ
75 % MHR ပြင်းအားရှိကာဒီရိုလုပ်သူများထက်အဆမတန်နည်းပါးကြောင်းကို University of Alberta မှပညာရှင်များကတွေ့ ရှိခဲ့သည်။ဒါကြောင့်ကာဒီရိုလုပ်နေစဉ်သင်
က gym မှတီဗွီကိုကြည့်နေနိုင်သည်ဆိုပါကမှတ်လိုက်ပါ၊သင့်ကာဒီရိုပြင်းအားအလွန်နည်း
နေသည်။ဒါကြောင့်ထိရောက်မှု့ ရှိစေရန်ပြင်းအားမြင့်ကာဒီရိုကိုကြိုးစားပြုလုပ်ပါ။
 ၄---၀မ်းဗိုက်ကြွက်သားများလေ့ကျင့်ရန်လုံးဝမသင့်လျော်သောအချိန်-(လေ့ကျင့်ခန်းမပြုလုပ်မှီ)


သင့်ကိုနည်းပြအချို့ နဲ့ သင်ဖတ်ဖူးသောဆောင်းပါးများကသင်ဝမ်းဗိုက်ကြွက်သားလေ့ကျင့်
ရန်ပျင်းပါကလည်းကောင်းတို့ ကိုလေ့ကျင့်ချိန်တစ်ချိန်၏အစပိုင်းသင်တက်ကြွနေစဉ်တွင်
ပြုလုပ်ပါဟုအကြံပြုကြပေလိမ့်မည်။အချို့ သောလေ့လာတွေ့ ရှိချက်များကဖော်ပြသည်မှာ
ဝမ်းဗိုက်ကြွက်သားကိုအစပိုင်းတွင်လေ့ကျင့်ခြင်းကသင့်ကိုခက်ခဲပင်ပန်းသောလေ့ကျင့်ခန်း
များကိုအားအကုန်လေ့ကျင့်ရန်အဟန့် အတားဖြစ်စေသည်ဟုဖော်ပြထားပါသည်။ထိုသို့ 
လေ့ကျင့်ခြင်းကသင့်ရဲ့ ခွန်အားကိုကန့် သတ်လိုက်သလိုဖြစ်စေပါသည်။

နောင်မကြာမှီတွင်လည်းထိုကဲ့သို့ သောအမှားများကိုလည်းတင်ပြပေးပါမည်။
 တင်ဆက်သူ---


နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


No comments:

Post a Comment