arial" action="like" colorscheme="light">

Thursday, November 28, 2013

ဒိုရီယံရိတ်စ်၏ အကြံပေးချက်များ

ကျွန်တော်သည်ကာယဗလဆောင်းပါးများရေးသားရာတွင်များသောအားဖြင့်ဒိုရီယန်ရီတ်စ်၏အကြာင်းများ ၊ သူ၏လေ့ကျင့်နည်း၊အကြံပေးစကားများ၊သူ့ခံယူချက်များကိုဦးစားပေးဖော်ပြလေ့ရှိသည်ကိုသတိထားမိမည်
ထင်ပါသည်။အဘယ်ကြောင့်ဆိုသော်ဒိုရီယန်သည်အများနှင့်မတူသည့်အယူအဆလေးများ ၊ခံယူချက်များ ၊ဇွဲထက်သန်မှုများသူ့တွင်ကိန်းအောင်းနေသည်ဟုကျွန်တော်ထင်မြင်မိသောကြောင့်ဖြစ်သည်။သူသည်
အပြောနှင့်စာလျင်လက်တွေ့ကိုဦးစားပေးပြီးပြောပြီးလျင်လည်းဖြစ်အောင်လုပ်တတ်သည်ကာယဗလမောင်
တစ်ဦးဖြစ်သည်။ထို့ကြောင့်လည်းအများနှင့်အမြင်ချင်းတူချင်မှတူလိမ့်မည်ကွှန်တော်သူ့ကိုအကြိုက်
ဆုံးမောင်များတွင်ထိပ်ဆုံးကထားပြီးလေ့လာသည်သူ့အကြောင်းများကိုပြိုင်ပွဲမှအနားယူပြီးယနေ့လိုအချိန်
မျိုးတွင်နည်းပြအဖြစ်၊စီးပွားရေးသမားတစ်ဦးအဖြစ်ကျင်လည်နေသော်လည်းသူသည်ကာယဗလအားက
စားနှင့်တော့လုံးဝအဆက်အသွယ်မပြတ်လေ့ကျင့်ကစားလျက်ရှိသည်။အာဟာရပိုင်းကိုလည်းပြိုင်ပွဲဝင်စဉ်က
အတိုင်းအထူးဂရုစိုက်သည်မှာလေးစားဖွယ်ဖြစ်သည်။ထိုအကြောင်းလေးကိုသီးသန့်ရေးပါအုံးမည်။ယခုတော
့မောင်အိုလံပီယာ (၆)ထပ်ကွမ်းဒိုရီယန်ရိတ်စ်ရဲ. တက်သစ်စလူငယ် ကာယဗလသမားတွေ အတွက် အကြံပေးစကားတစ်ချို. ကိုတင်ပြပေးလိုက်ပါရစေ။ ကျွန်တော်တို. လိုသာမန် ကာယဗလသမားတွေ အနေနဲ. သူတို.လိုမောင်အိုလံပီယာတွေရဲ. လေ.ကျင်.ခန်းတွေကိုထပ်တူ လေ.ကျင်.ဖို. ဆိုတာဘယ်လိုမှ မဖြစ်နိုင် ပေမယ်. သူတို. လမ်းညွန်တဲ. အကြံပေးစကားကိုတော. လိုက်နာနိုင် သလောက် လိုက်နာတာအကျိုးရှိမယ်လို. မျော်လင်.မိတဲ့ အတွက် ကျွန်တော် တင်ဆက်ပေးလိုက်တာပါ။ဒိုရိယန်ရိတ်စ်ဟာဆိုရင် အလေးဝန်တိုး ကစားခြင်းသဘောတရားကိုလက်ကိုင်ထားကျင်.သုံးခဲ.တဲ. မောင်တစ်ဦး ဖြစ်ပြီးသူရဲ. လက်ကိုင် ဆောင်ပုဒ်ကတော.  ကာယဗလသမားတစ်ဦးဟာကိုယ်ရဲ. တိုးတက်မှု အတွက် တစ်ရာ၇ာခိုင်နှုန်းအာရုံစိုက်ရမယ်၊ အားစိုက်ရမယ်၊ ဖီလင်သွင်းတတ်ရမယ် ဆိုတာပါပဲ။ သူဆိုလိုတာကကိုယ်ကစားတဲ. လေ.ကျင်.ခန်းတစ်ခုရဲ. အကြိမ်တိုင်းအကျော.တိုင်းမှာ ကြွက်သားကို ပြင်းပြင်းထန်ထန် အလုပ်ပေးမယ်ဆိုတဲ. ဖီလင်အာရုံကိုအမြဲအာရုံစိုက်သွင်းနေရမယ်။ ကိုယ်စိတ်ထဲမှာကိုယ်စာနေတဲ. ကြွက်သားကိုဘယ်လို ကြီးထွားအောင် ကစားရမယ် ဆိုတဲ. စိတ်အာရုံကိုစူးစိုက်ပြီး လေ.ကျင်.ရမယ် ဆိုတာပါ။
ကြွက်သားတွေ ကြီးထွားလာဖို.အတွက် ခွန်အားစိုက် ထုတ်မှု အရှိန်မြှင်.မြှင်.နဲ. ကစားဖို. လိုပါမယ်။ ဘယ်နှစ်ကျော. ပဲကစားကစားအကျော.တွေကိုပျင်းပျင်းရိရိနဲ. လေးလေးကြီးကစားနေလို. ကတော. ကြွက်သား ကြီးထွားလာဖို. မျှော်လင်.ချက် မရှိပါဘူး။ လေ.ကျင်.ခန်းတိုင်းမှာသွေးပူကောင်းကောင်း (နှစ်ကျော.ခန်.) ကစားပြီးတာနဲ. တကယ် ကစားမယ့် အကျော.တွေကို ပြင်းပြင်းထန်ထန်နဲ. နာနာလေးဆက် ကစားရပါမယ်။ တစ်ကျော.နဲ. တစ်ကျော.ကြားအကြာကြီးမနားပဲအရှိန်နဲ. ခွန်တိုက် အားတိုက် ဆက်ကစား ၇ပါမယ်။ ဒီလိုကစားတာကိုခွန်အားစိုက် ကစားခြင်းလို. ခေါ်ပါတယ်။ နေ.စဉ် ရက်ဆက် အရှိန် မြှင်.မြှင်.နဲ.  ကစားလို. မရတဲ. အခါတွေလည်း ကြုံတတ် ပါတယ်။ တစ်ခါ တစ်ရံမှာကိုယ်ရဲ. ကာယအားတွေ လျှော.ပြီးကစားချင်တဲ. စိတ်တွေ နည်းနေတတ်သလိုတစ်ခါ တစ်ရံမှာလည်းအားအင်တွေပြည်.နေတတ်ပါတယ်။ အားမရှိတဲ. နေမျိုးမှာအလေးတွေ လျော. ကစားတာကိုမပြောလိုပါဘူး။ ဒါပေမယ်. ကိုယ်မှာကစားနိုင်တဲ. အခြေအနေရှိလျက်နဲ. အားသွန် ခွန်စိုက် မကစားတာကတော. တိုးတက်မှုကို နှောင်.နှေး စေကြောင်း။ အလေးတွေ ဘယ်လောက် အများကြီးကစားနိုင် ပါစေတစ်ကျော.နဲ. တစ်ကျော. ကြားအကြာကြီးအနားယူ ခြင်း၊ မှန်ရှေ.မှာအကြာကြီးရပ်ပြီးကိုယ်. ကိုယ်ကို ကြည်.လို. မ၀ခြင်း၊ ပေကြိုးနဲ.  ကိုယ်ကြွက်သားကိုယ်တိုင်းပြီး ဘ၀င်ခွေ. သဘောကျကာအချိန်ကုန် ခံနေခြင်း၊ အားမနာတမ်းပြောပြရရင် လေကန်ပြီးအချိန်ဖြုံးနေတာမျိုးတွေဟာခွန်အားစိုက် ကစားခြင်းရဲ.  ဆန်.ကျင်.ဖက် တွေ ဖြစ်ပါတယ်။
ဒိုရိယန်ရိတ်စ် ဟာသူကစားရင် ဘယ်တော.မှ စိတ်အာရုံကိုလွင်.ပျံမှု မရှိစေပဲ ကြွက်သားပေါ်မှာသာအာရုံစိုက်ပြီးခွန်စိုက် အားစိုက် လေ.ကျင်.ကြောင်းပြောကြားပါတယ်။ ကြွက်သား ကြီးကြီးတွေ အတွက် အလေးများများနဲ. ကစားရတဲ.နေ. တွေမှာ (အောက်ပိုင်းထိုင်တာမျိုး) တစ်ကျော.နဲ. တစ်ကျော.ကြား (၁)မိနစ် ကနေအများဆုံး (၃)မိနစ်ခွဲထက် ပိုမနားသင်. ကြောင်း၊ ကြွက်သားငယ် တွေ ကစားရင် တစ်ကျော.နဲ. တစ်ကျော.ကြား (၁)မိနစ် အောက် ၃၀ စက္ကန်. နဲ. ၄၅ စက္ကန်သာနားသင်. ကြောင်း၊ နားချိန် နည်းနည်းနဲ. ကစားနိုင်လေ ကြွက်သားထုနဲ. ကြွက်သားအရည်အသွေးပိုကောင်း နိုင်ကြောင်းသိလာတဲ.နေ. ကစပြီးခွန်အား စိုက်လေ.ကျင်.မှု ကိုကာယဗလသမားတွေ ခေတ်မှီလက်နက်ကောင်းတစ်ခုလိုသုံးစွဲခဲ.ကြ ကြောင်း ဒါ.အပြင် တစ်ကျော.နဲ. တစ်ကျော.ကြားအသက်ရှု ပြန်မှန် ရုံလေးအတွက်သာအနားယူပြီးဆက်တိုက် မြန်မြန် ကစားနိုင်ခြင်းဟာအမောခံ နိုင်ရည် သက်လုံကိုကောင်းစေပြီးတစ်နည်းအားဖြင်. နှလုံး ကြွက်သားခွန်အားကောင်းစေတဲ. အေရိုးဗစ် အာနိသင်ကိုရစေပါတယ်။ ကာယဗလအာဟာရအလွန် ရေးကြီးတယ် ဆိုတာသိဖို. အာဟာရဗေဒကိုဘယ်လာက် အရှုးအမှုးလေ.လာပါစေ လေ.ကျင်.ချိန်မှာအင်တိုက် အားတိုက်နဲ. လေ.ကျင်.မှု မလုပ်ဘူး။ ခေတ်မှီနည်းစနစ်တွေကိုမလေ.လာဘူးဆိုရင်တော. သင်ဟာအကျိုးထူးတွေကိုရရှိလာမှာမဟုတ်ပဲသာမန် ကာယဗလသမားလေးအဖြစ်နဲ.သာအဆုံးသတ် သွားပါမယ်။ ကာယဗလအတွက် လေ.ကျင်.ရုံထဲမှာသာမကဘူးကိုယ်ရဲ. တိုးတက်မှု အတွက် အပြင်မှာလည်းအမြဲတမ်းလေ.လာနေရမယ်။
အလေးကိုတတ်နိုင်သမျှ အနိုင်ဆုံးအလေးနဲ.သာကစားပါ။ ဘယ်တော.မှ ကိုယ်ရဲ. ခွန်အားကိုကစားတဲ. နေရာမှာမချွေတာပါနဲ.။ လေ.ကျင်.ခန်းမျိုးစုံကိုလည်းကစားတဲ. နေရာမှာပုံစံမှန်မှန် ကန်ကန် (GoodForm) ကစားတတ်ဖို.လိုပါတယ်။ ကစားတဲ. လေ.ကျင်.ခန်းတိုင်းမှာ အလေးဝန် တိုးခြင်းသဘောတရားအတိုင်းလိုက်နာကျင်.သုံးဖို. လိုပါတယ်။ အနိုင်ဆုံးအလေးတွေနဲ. အကြိမ်တိုးပြီးကစားနိုင်အောင် ကြိုးစားပါ။ ဒါမှလည်းကိုယ်ခန္ဒာ ဖွံဖြိုး ကြီးထွားမှုနဲ. ခွန်အားသန်စွမ်းမှု တို.အတွက် လိုအပ်တဲ. ခွန်အားစိုက် လေ.ကျင်.မှု အင်တန်းစစ်တီးနဲ. အမြဲ ပြည်.စုံမှု ရှိနေမှာပါ။ အလေးဝန် တိုးပြီးကစားနိုင်မယ် ဆိုရင်တော. အင်တိုက် အားတိုက် လေ.ကျင်.မှုမှာ ကြွက်သားတွေကလက်ခံလိုက်နာတတ်လာမယ်။ ကြီးထွားလာမယ်လို.  ကျွန်တော် ယုံကြည်ပါတယ်။ ဒီလောက်ဆိုရင် စာဖတ် ပရိသတ်ကြီးလည်းချန်ပီယံဒိုရိယန်ရိတ်စ်ရဲ. ဆိုလိုတဲ. သဘောတရားကိုနားလည် သဘောပေါက် လောက်မယ် ထင်ပါတယ်။ ကျွန်တော်တို. ကာယဗလအားကစားဟာလေ.လာလို. မကုန်နိုင်တဲ. အားကစားတစ်ခုလို. ဆိုရင်လည်းမမှားပါဘူး။ ဒီဆောင်းပါးမှာဒိုရိယန်ရိတ်စ်ဟာ အလေးဝန်တိုးပြီး လေ.ကျင်.ခြင်းဟာအကျိုးရှိတယ်လို. တင်ပြထားပါတယ်။ နောက် အလျဉ်းသင်.ရင် ချန်ပီယံတစ်ချို.ရဲ. သူတို. ယုံကြည် ကျင်.သုံးတဲ. လေ.ကျင်.ရေးသဘောတရားအချို.ကိုဆက်လက် တင်ပြပေးပါတယ်။
 အောင်အောင်(လှိုင်)

Email---aungaung.aung24@gmail.com




No comments:

Post a Comment