arial" action="like" colorscheme="light">

Wednesday, November 27, 2013

မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား?

 
သင်ဟာကမ္ဘာကျော်အဆိုတော်ရှကီးရားနှင့်လက်ထပ်ထားသူသို့ မဟုတ်မြန်မာနိုင်ငံမှနိုင်ငံ
ကျော်သရုပ်ဆောင်အိန္ဒြာကျော်ဇင်နှင့်လက်ထပ်ထားသူမဟုတ်ပါကသင့်ဘ၀ရပ်တည်ဖို့ အ
တွက်ငွေကြေးကိုသင်မဖြစ်မနေရှာဖွေရမည်ဖြစ်သည်။ထို့ အပြင်သင်ဟာကာယဗလသို့ မ
ဟုတ်အားကစားတစ်ခုခုကိုလေ့လာလိုက်စားသူဖြစ်ပါကသင့်နေ့ စဉ်ဘ၀ရပ်တည်ချက်အပြင်
အားကစားသင်တန်းကြေး၊ဖြည့်စွက်အာဟာရတို့ အတွက်အပိုကုန်ကျငွေများလိုအပ်မည်ဖြစ်
သည်။ဘ၀ရပ်တည်ချက်နှင့်ဝါသနာတစ်ခုကိုရွေးမည်လား။သို့ မဟုတ်နှစ်ခုစလုံးကိုရောမရနိုင်
ဘူးလားလို့ မေးစရာရှိပါတယ်။လွန်ခဲ့သောတစ်ပါတ်ကမတွေ့ တာကြာသောကျွန်တော့်တ
ပည့်လေးတစ်ယောက်နှင့်တွေ့ ပါသည်။သူကပြည်နယ်နှင့်တိုင်းပြိုင်ပွဲဝင်ပြိုင်မည်ဟုဆိုကာ
ကျွန်တော့်ကိုပါဆင်နယ်ထရိန်နာအဖြစ်ငှားကာလေ့ကျင့်ဖူးသူဖြစ်သည်အတော်ကောင်းလာပြီးနောက်အ
လုပ်မအားဟုဆိုကာလေ့ကျင့်ခန်းကိုပင်အနားယူလိုက်သူဖြစ်သည်။
သူကကျွန်တော့်
ကိုဆရာရယ်ပြိုင်ပွဲဝင်ကာယဗလသမားတစ်ယောက်ဖြစ်ဖို့ ကဘာအလုပ်မှမလုပ်ဘဲကစား
လိုက်၊စားလိုက်နှင့်အိပ်လိုက်ပဲနေနေတာ။သူတို့ ကငပျင်းတွေ၊ဘာအလုပ်မှမလုပ်သူတွေလို့ 
ပြောတယ်။ကျွန်တော်ကတော့အလုပ်အကိုင်ရှိလို့ ပြိုင်ဖို့ မဖြစ်နိုင်တာပါလို့ ပြောတယ်။သူ့ 
စကားတွေကိုနားထောင်ပြီးနောက်ကျွန်တော်အတော်လေးကိုမခံချိမခံသာဖြစ်သွားတယ်ဗျာ။
သူ့ ကိုလည်းသိပ်သနားမိတယ်ဗျာ။လူငယ်ဖြစ်ပြီးမျော်လင့်ချက်မရှိ၊ကြိုးစားချင်စိတ်လည်းမရှိ
စိတ်ပျက်မိတယ်ဗျာ။အဲဒါနဲ့ သူ့ ကိုကျွန်တော်အချို့ သောကာယဗလချန်ပီယံများအကြောင်းများ
ကိုရှင်းပြခဲ့တယ်ဗျာ။ခင်ဗျားတို့ လည်းဝေဖန်လို့ ရအောင်တင်ပြပေးလိုက်ပါတယ်။ဒီနေ့ ခေတ်
ကစပြီးပြောမယ်ဗျာ။ဒီနှစ်မောင်အိုလံပီယာပြိုင်ပွဲမှာအဆင့်ငါးရခဲ့တဲ့ဂျာမဏီသား၊အသက် 31
နှစ်အရွယ်ဒင်းနစ်ဝုဖ်ပေါ့ဗျာ။
သူကအသက်နှစ်ဆယ်လောက်မှာကာယဗလကိုစတင်လေ့ကျင့်
ခဲ့သူပါ။လေ့ကျင့်ပြီးမကြာခင်နှစ်အနည်းငယ်အတွင်းမှာပဲအိမ်ထောင်ကျခဲ့ပါတယ်။သမီးလေး
တစ်ယောက်မွေးဖွားခဲ့ပါတယ်။အဖေဖြစ်လာပြီမို့ ဆင်းရဲ သားအိမ်ထောင်ဦးစီးပီပီရရာအလုပ်
ကိုလုပ်ပြီးသမီးနှင့်ဇနီးကိုရှာဖွေကျွေးမွေးခဲ့ပါတယ်။သူလုပ်ခဲ့တဲ့အလုပ်ကတော့ဆေးသုတ်နှင့်
ဆောက်လုပ်ရေးပဲဖြစ်ပါတယ်။တစ်နေ့ ကိုဆယ့်နှစ်နာရီ၊တစ်ပါတ်ကိုခြောက်ရက်လောက်အ
ထိကိုအလုပ်လုပ်ရပါတယ်။အလုပ်ကြမ်းလုပ်ပြီးနောက်မှကာယဗလကိုလေ့ကျင့်ရသူပါ။ထိုအ
ခြေအနေနှင်ပင်ဂျာမဏီမောင်၊ကမ္ဘာ့ကာယဗလအပျော်တမ်းချန်ပီယံစတဲ့အဆင့်မြင့်ပြိုင်ပွဲများ
ကိုအနိုင်ရကာပရော်ဖက်ရှင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်သူပါ။သူဟာ 2006-ခုနှစ်တွင်
မှာဆေးဝါးကုမ္ပဏီများမှစပွန်ဆာပေးသောကြောင့်အလုပ်မှအနားယူကာကာယဗလကိုတစ်
စိုက်မတ်မတ်လေ့ကျင့်သောကြောင့်တစ်နေ့ ထက်တစ်နေ့ အောင်မြင်မှု့ များရယူလာနိုင်သူဖြစ်
သည်။မကြာမှီတွင်လည်းဇွဲကောင်းသောသူ့ အနေနှင့်မောင်အိုလံပီယာပလ္လင်ထက်မှာချန်ပီယံ
သရဖူကိုဆောင်းနိုင်မည်ဟုယုံကြည်မိပါသည်။နောက်တစ်ဦးကရှစ်ထပ်ကွမ်းမောင်အိုလံပီယာ
ကာယဗလလောက၏အကြီးကျယ်ဆုံးကာယဗလချန်ပီယံရွန်နီကိုလ်းမင်းပဲဖြစ်ပါတယ်။သူက
တော့ကျောင်းသားဘ၀မှာပီဇာပို့ ၊သတင်းစာပို့ စသောအလုပ်များကိုလုပ်ကာကျောင်းတက်
ရင်းစီးပွားရေးတက္ကသိုလ်မှမာစတာဒီဂရီကိုရရှိခဲ့သူဖြစ်သည်။ထို့ အပြင်ကာယဗလလောက
တွင်လည်းအောင်မြင်မှု့ များစွာကိုရယူခဲ့သူဖြစ်သည်။မောင်အိုလံပီယာရှစ်ကြိမ်ရသည့်သက်
တမ်းတစ်လျောက်တွင်လည်းတက္ကဆက်ပြည်နယ်တွင်ရဲအရာရှိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်
သည်။
မောင်အိုလံပီယာခုနှစ်ထပ်ကွမ်းချန်ပီယံ၊ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုး၊
ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်အာနိုးသည်၊အမေရိကားသို့ ရောက်ခါစကသူငယ်ချင်းဖြစ်
သူဖရန်ကို ကိုလံဘူနှင့်တွဲဖက်ကာပန်းရန်သမားအဖြစ်အုတ်သယ်အုတ်စီအလုပ်သမား
အဖြစ်အသက်မွေးဝမ်းကျောင်းပြုကာပြီးမှသူငယ်ချင်းနှစ်ယောက်အလေးအတူတူမကြရ
ကြောင်းကိုသူ၏စာအုပ်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။

ထို့ အပြင်အင်မတန်ကျော်ကြားသော၊
ကာယဗလမောင်ဆာဂျီယိုအိုလီဗာသည်တစ်ညလုံးသားသတ်ရုံတွင်အမဲသတ်သမားအဖြစ်
အလုပ်လုပ်ပြီးမှမနက်အစောပိုင်းတွင်ကာယဗလလေ့ကျင့်ကာအနားယူရသူဖြစ်သည်။
ကဲ
ပရိတ်သတ်ကြီးအောင်မြင်လွန်းမကအောင်မြင်ခဲ့သောကာယဗလချန်ပီယံများသည်အလုပ်
မလုပ်ဘဲအိပ်လိုက်ကစားလိုက်သက်သက်နှင့်ချန်ပီယံဖြစ်လာသည်ဟုသင်ထင်နေပါကမှား
သွားသည်ကိုလက်တွေ့ ကျွန်တော်ပြလိုက်ပါပြီ။ထို့ အပြင်လူတို့ သည်အောင်မြင်သူတစ်
ယောက်ကိုကြည့်ကာသူ့ ကံအတော်ကောင်းတာပဲဟုပြောဆိုတတ်ကြသည်ထိုသို့ သော
အောင်မြင်မှု့ ရအောင်သူဘာတွေပေးဆပ်ခဲ့ရသလဲဆိုတာမည်သူမှသိအောင်မကြိုးစားကြ
ပါ။သို့ သော်ထိုမျှမကဘဲမိမိတို့ ဘာသာဖြစ်မြောက်အောင်မလုပ်နိုင်ဘဲဖြစ်မြောက်အောင်
မြင်နေသူများကိုမတော်မတရားဝေဖန်သူများကိုပြောချင်တာကမောင်အိုလံပီယာချန်ပီယံများ
တောင်အလုပ်ကြမ်းလုပ်ပြီးဘ၀ကိုကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ခဲ့တာမောင်အိုလံပီယာဆုရဲ့ ကျင်ငယ်
ရေလောက်မှတန်ဖိုးမရှိတဲ့ပြည်နယ်တိုင်းအဆင့်ကအလုပ်ကြမ်းလုပ်ရမှာကြောက်သလားလို့ 
မေးလိုက်ချင်ပါတယ်။


တင်ဆက်သူ-
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com


No comments:

Post a Comment