arial" action="like" colorscheme="light">

Sunday, November 24, 2013

ဆယ်ကျော်သက်များနှင့်ကာယဗလလေ့ကျင့်ခြင်း

တိုးတက်လှပါပြီဆိုသော ယနေ့ ခေတ်လူအများကြားတွင်ပင်လျင် ကာယဗလနှင့်ပါတ်သက်၍
လွဲမှားစွာယူဆနေသော အမှားကြီးတစ်ခုမှာ ဆယ်ကျော်သက်များကာယဗလ လေ့ကျင့်လျင်
အရပ်ရှည်နှုန်းနှေးကွေး သွားမည်ဟုအထောက်အထားမဲ့ ယုံကြည်နေကြခြင်းပင်ဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားကို လိုက်စားခုံမင်လှသောမိဘ များပင်လျင်မိမိတို့ ၏ သားသမီးများကို
ကရာတေး၊ဘောလုံး၊ရေကူး၊ တင်းနစ်၊တိုက်ကွမ်ဒိုစသော အားကစားနည်းများကိုအင်တိုက်
အားတိုက်အားပေးလေ့ကျင့်သင်ယူ စေသော်လည်း ကာယဗလဟူသောအသံကိုကြားသည် နှင့်နှာစေး
သွားတတ်ကြသည်ကအမြဲတမ်း အမှန်တရားတစ်ခုလိုပင်ဖြစ်နေသည်။
ကျွန်တော့်ထံဆက်သွယ်မေးမြန်းကြသူ များကလည်းဆယ်တန်းအောင်ပြီးသည့် အရွယ်အထိ
(အသက်၁၇-၁၈အရွယ်များပင်လျင် )အလေးမပါကအရပ်မထွက်နိုင်တော့ဟုမှတ်ထင်ထားကြ
သူအလွန်များလှသည်ကို သတိထားမိပါသည်။ထိုသူများအားလုံး အတွက်အဖြေတစ်ခုတည်း ပေးလိုက်ချင်သည်ကတော့ ***အလေးမခြင်းသည်အရပ်ရှည်မှုအပေါ်ကိုမည်သို့ သောဆိုးကျိုးမျှမ
သက်ရောက်စေနိုင်ပါ***ဟူသောအဖြေပင်ဖြစ်ပါသည်။အလေးများဖြင့်လေ့ကျင့်ခြင်း (ကာယဗလအား
ကစား)သည် ကလေးငယ်များနှင့်ဆယ်ကျော်သက်များ အတွက်အခြားသောအားကစားနည်းများထက်
ပို၍ဘေးကင်းကြောင်းကိုလည်းရဲရဲကြီးအာမခံရဲ ပါသည်။
ကာယဗလလေ့ကျင့်ခြင်းသည် အရပ်ရှည်ခြင်းအပေါ် မည်သို့ မျှမသက်ရောက်နိုင်ပါ။အရပ်ရှည်ခြင်း
သည်မိဘမျိုးရိုးဗီဇ၊ ကိုယ်တွင်းဟိုမုန်း၊ အာဟာရနှင့်နေထိုင်မှုဘ၀ပုံစံ များအပေါ်တွင်သာအပြည့်
အ၀တည်မှီပါသည်။မိဘနှစ်ဦးတွင် တစ်ဦး၏မျိုးရိုးသည်အရပ်ပု နေပါကထိုကလေးငယ်သည် အရပ်ပု
ရန်လေးဆယ်ရာခိုင်နှုန်း ပိုမိုနီးစပ်သည်။ကာယဗလမောင်များတွင် အရပ်ပုသူများကိုလက်ညှိုးထိုး ပြီး
ကာယဗလလေ့ကျင့်ခြင်းကြောင့်အရပ်ပုခြင်းဟု ဝေဒနာနှင့်မပြောပါနှင့်။ကျွန်တော်ကလည်း ကာယဗလမောင်များတွင် အာနိုးရွှာဇင်နက်ဂါး၊ လူဖာရစ်နို၊ ဘီလ်ပါလ်း၊လီးဟေနီ၊ ဂွန်တာရှလီးယား
ကမ့်၊ ရွန်နီကိုလ်းမင်း ၊ဒင်းနစ်ဝုဖ်စသည့် အရပ်ရှည်သောကာယဗလ မောင်များကိုလည်းဒေတာဖြင့်
ပြကာချေပမည်ဖြစ်သည်။ ထို့ အပြင်မှတ်သားထားရမည်မှာ၊အာနိုးသည်အသက် ၁၆-နှစ်အရွယ်တွင်
မောင်ဥရောပဘွဲ့ ရကာ၊ အသက်နှစ်ဆယ်အရွယ်တွင် မောင်အိုလံပီယာချန်ပီယံ ဖြစ်နေပြီဖြစ်သည်။
သူသည်ခြေသလုံးကြွက်သား အားနည်းခြင်းကိုဖြည့်ဆည်းရန်အတွက် ပေါင် ၁၀၀၀-မျှသောအလေး
ကိုထမ်း၍ခြေဖျားထောက်ကြွ လေ့ကျင့်ခဲ့သော်လည်း သူ့ အရပ်ခြောက်ပေနှစ်လက်မ ရှိခဲ့သည်။
အာနိုး၏ပြိုင်ဖက်လူဖာရစ်နို သည်ဆယ်ကျော်သက်အရွယ်ကတည်းက ကာယဗလလေ့ကျင့်ခဲ့
သူဖြစ်သည်။ကမ္ဘာ့အသန်မာဆုံးကာယဗလ ချန်ပီယံဂျွန်နီဂျက်ဆင်သည် အသက်ဆယ့်နှစ်နှစ်
အရွယ်ကတည်းကအလေးမခဲ့ခြင်း ဖြစ်သည်။အမေရိကန်ဂလေဒီယေတာ ဆုရ Mike O’ Hearan သည်လည်းဆယ်ကျော်သက် ကတည်းကအလေးဖြင့်လေ့ကျင့်ခဲ့သော်လည်း အရပ်ခြောက်ပေခွဲနီးပါး
ရှိသူဖြစ်သည်။
ကဲမိတ်ဆွေ အလေးမခြင်းကဆယ်ကျော်သက်များကို အရပ်ရှည်နှုန်းနှေးကွေးစေသည် ဆိုတဲ့ယုံတမ်း
စကားကိုသင်အထောက်အထားဖြင့် ပြောနိုင်လျင်နားထောင်လိုပါသေးသည်။
References:
http://www.healthychildren.org/English/healthy-living/fitness/Pages/Weight-Training-Age-and-Development.aspx
http://www.medicalnewstoday.com/articles/209267.php
http://pediatrics.aappublications.org/content/126/5/e1199.abstract
http://bodybuilding.about.com/od/bodybuildingfaq/f/stuntgrowth.htm
လေးစားလျက်---


တင်ဆက်သူ-
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com

No comments:

Post a Comment