arial" action="like" colorscheme="light">

Thursday, November 21, 2013

အမေးရှိသူတိုင်း အဖြေသိနိုင်ကြပါစေ

 
 မြန်မာပြည်တွင်ကာယဗလအားကစားကိုလေ့လာလိုက်စားသူတိုင်းသညနေ့စဉ်နှင့်အမျှလေ့ကျင့်က
စားနေကြသော်လည်းအချို့သည်သိသာထင်ရှားသည့်တိုးတက်မှုမရရှိနိုင်ပဲအချိန်ကုန်ငွေကုန်လူပင်ပန်းနှင်
့နောက်ဆုံးတွင်အလကားပါကွာဆိုသည့်စကားလုံးနှင့်ကာယဗလအားကစားကိုအပြစ်ရှာလာလမ်းကိုပြန်ခဲ့ကြ
သူများ၊တစ်လ နှစ်လနှင့်ဇွဲမရှိအခုရေတွင်းတူးအခုရေကြည်သောက်ချင်သူများသာပေများလာကြသည်။
သင်မယုံလျင်ဂျင်မ်တစ်ခုကိုသွားပြီးလေပလာကြည့်ပါတကယ်ဝါသနာပါသူထက်သူများကိုအားကျပြီး
လာရောက်ကစားသူ၊အိမ်ကအဖေအမေကပိန်လွန်းတယ်ဆိုလို့လာကစားတာစိတ်မပါပါဘူးဟုဆိုသူ၊နောက်
ဆုံးအဆင့်သင်္ကြံန်နားနီးလို့လာကစားသူတောင်မှရှိသည်အဘယ်သို့သောရည်ရွယ်ချက်နှင့်ကစားပါစေမိ
မိလေ့ကျင့်ကစားမည့်အားကစားအပေါ်တွင်လေ့လာစူးစမ်းမှုနှင့်ကြိုးစားအားထုတ်မှု၊စည်းကမ်းလိုက်နာမှုဆို
သည့်နောက်တွင်တိုးတက်မှုကတော့အနည်းနှင့်အများသင့်ကိုစောင့်ကြိုနေပါသည်။
 တစ်ချို့လူသစ်လေးများ
သည်မိမိတို့ဂျင်မ်ရှိနည်းပြများကိုစူးစမ်းလေ့လာမှုဖြင့်မေးမြန်းကြသည်သို့သော်လည်းနည်းပြများကိုယ်
တိုင်တောင်လူသစ်လေးများကိုရှင်းလင်းသေချာစွာမရှင်းပြတတ်သည်မှာလည်းကာယဗလလောကဧ။်ဆိုး
ဝါးသောလက္ခဏာတစ်ရပ်ဖြစ်သည်။ဘာမေးမေးယုန်ကလေးနှာစေးသလိုသာနေတတ်ကြသည်မှာလည်း
ရန်ကုန်မြို့ရှိဂျင်မ်တိုင်းနည်းပြတိုင်းလိုလိုပင်ဖြစ်သည်မသိတာလားမသိချင်ယောင်ဆောင်တာလားဆို
တာတော့ဘုရားသခင်နှင့်ကာယကံရှင်ကိုယ်တိုင်သာသိပါလိမ့်မည်။နည်းပြများကိုဝေဖန်နေခြင်းမဟုတ်ပါ
အမှန်ဘက်မှထောက်ပြနေခြင်းသာဖြစ်သည်တစ်လောကကျွန်တော်ကစားနေကျဂျင်မ်တွင်လူသစ်ကောင်လေး
တစ်ယောက်ကိုနည်းပြသက်၎လသာရှိသောအသက်၂၀ကျော်ခန့်နည်းပြတစ်ယောက်ကမဟားတရားတစ်
ဖက်လျင်ပေါင်၂၅ခန့်နှင့် နှစ်ဖက်ပေါင်းပေါင်၅၀ခန့်ရှိသည်အလေးများဖြင့်မတ်တတ်ရပ်ဘားရှည်
လက်မောင်းကွေးကို(၁၀)ကြိမ်၎ကျော့ခန့်ကစားခိုင်းသည်။ကောင်လေးခဗျာတစ်ခါမှမကစားဘူးသည့်ဒီနေ့မှ
အလေးစကစားပါသည်ပေါင်၅၀ခန့်ကို၁၀ကြိမ်၎ကျော့ဆိုတော့စဉ်းစားကြည့်ပါ။ကောင်လေးကမေးပါသည်
ဆရာအလေးများနေတယ်မနိုင်ဘူးဆိုတော့များရင်ငါလိုက်ပေးမယ်မင်းနိုင်အောင်မဒါမှကြွက်သားကြီးထွား
သည်တဲ့။သြော်ဘယ်လိုနည်းပြအစဉ်အဆက်ရဲ့လက်သုံးစကားတွေလည်းတော့မသိပါ။ဒီလိုမျိုးအမှားပေါင်း
ဒီတစ်ခုထဲမှမဟုတ်ပါနေ့စဉ်နှင့်အမျှဂျင်မ်သွားတိုင်းကျွန်တော်ကြုံတွေ့နေရသည်ပုံစံမကျသည့်လေ့ကျင့်မှုများ ၊များပြားလွန်းသည့်အကြိမ်ရေအကျော့ရေ နှင့်အလေးပြားများကြားမှာကြာလာတော့လူသစ်ကလေးများသည် ဗူးသီးနုနုအမွေးသပ်သလိုကြုံလှီလာသူများကြွက်သားကြီးထွားမှုမရှိပဲအမြှောင်းမြှောင်းအထစ်ထစ်နှင့် လေ့
ကျင့်မှုလွန်ကဲခြင်းဘက်ကိုဦးတည်လာကြသည်။
 ဒီလိုအမှားမျိုးသည်မြန်မာနိုင်ငံတွင်မဆန်းတော့ပေသို့သော်
ထိုအမှားကိုကျော်လွန်နိုင်ရန်လေ့ကျင့်သူအားကစားသမားများကိုမှန်ကန်သည့်နည်းလမ်းများ၊ပုံစံများ၊အဖြေ
များသည်နည်းပြတိုင်းသိထားသင့်သည်၊လေ့လာသင့်သည်ဟုကျွန်တော်ထင်မြင်မိသည်။အောင်ဆွေနိုင်ကိုမ
သိရင်နေပါ ဂျေကတ်တလာကိုမသိရင်နေပါမောင်အိုလံပီယာဘယ်အချိန်ကစတည်ထောင်သလဲသိဖို့မလိုပါ
ဒါတွေသည်ရေပေါ်ဆီသာဖြစ်သည်။နည်းပြတစ်ယောက်အနေနှင့်သိထားသင့်သည်မှာလေ့ကျင့်မှု၊အာဟာရ ၊နည်းစနစ်ဆိုင်ရာများကာယဗလဗဟုသုတများသာအဓိကဖြစ်သည်။မြန်မာပြည်တွင်လေ့လာစရာစာအုပ်စာ
တမ်းရှားပါသည်မှာမှန်ပါသည်သို့သော်လည်းလက်လှမ်းမှီရာဝါသနာတူတစ်ယောက်နှင့်တစ်ယောက်မျှဝခြင်း၊
အွန်လိုင်းပေါ်တက်၍မိမိတို့နှင့်သင့်တော်သောစာအုပ်စာတမ်းများရှာဖွေဒေါင်းလော့ဆွဲခြင်းဖြငမိမိတို့၏အ
သိဥာဏ်ကိုမြင့်တင်နိုင်ကြသည်။ဘာမှမလုပ်ရင်ဘာမှမဖြစ်နိုင်ပေ။ထို့ကြောင့်မေးခွန်းရှိရင်အဖြေသိသော
သူဖြစ်နိုင်စေရန်လေ့လာကြပါ၊နည်းပြအလုပ်နှင့်အသက်မွေးသူများအနေနှင့်နည်းပြတစ်ယောက်၏ဂုဏ်သိ
က္ခာကိုမြှင့်တင်နိုင်ရန်ကြိုးစားပါ။ပြိုင်ပွဲဝင်ရန်အထိရည်ရွယ်ထားသည့်ဝါသနာရှင်ညီငယ်လေးများသည်လည်း
မိမိမေးမြန်းသူသည်မိမိသိချင်သောအဖြေကိုမှန်ကန်စွာပေးစွမ်းနိုင်သည်နည်းပြတစ်ယောက်ဖြစ်ကြောင်း
သက်သေပြနိုင်သူနှင့်တွေ့နိုင်ရန်ကြိုတင်၍လေ့လာပြီးမှမိမိရည်ရွယ်ချက်ကိုအကောင်အထည်ဖော်၍မိမိကိုယ်
ကာယကိုယုံကြည်စွာအပ်နှံပါကာယဗလသည်ပန်းပုရုပ်တစ်ခုထုသည်နှင့်တူသည်အရည်အသွေးညံ့ဖျင်းသော
ပန်းပုဆရာလက်ထဲမှပန်းပုရုပ်သည်လည်းလက်ရာမကောင်းနိုင်ပေ။နောက်မှပြန်ပြင်ရခြင်းသည်ပုံထွက်
မကောင်းပေထို့အတူပင်ကာယဗလတွင်စတင်အခြေချကစားစဉ်ကတည်းကကောင်းမွန်စွာပုံသွင်းကစားခြင်း
ခံရသူသည်အနာဂတ်အတွက်ချန်ပီယံလောင်းဖြစ်နိုင်သည်အလားအလာအများကြီးရှိသည်။ယခုဆောင်းပါး
ပါမေးခွန်းသုံးခုသည်ရံဖန်ရံခါဆိုသလိုလေ့ကျင့်သူများကြားတွင်ဒွိဟဖြစ်စရာလေးများဖြစ်ပေါ်တတ်ကြ
သည်မေးခွန်းလေးများဖြစ်သည်။
့(၁)။ လေ.ကျင်.မှု အစီအစဉ်တစ်ခုကိုဘယ်လောက် ကြာကြာကစားသင်.သလဲ
(၂)။ ကာယဗလသမားများရေနေ.စဉ် ဘယ်လောက် သောက်သင်.သလဲ
(၃)။ အောက်ပိုင်းအပြည်.ထိုင်ခြင်းနှင်. တစ်ဝက်ထိုင်ခြင်းဘာကွာခြားသလဲ
ဆိုတဲ. မေးခွန်း(၃)ခုပါ။ ကျွန်တော် လေ.လာဖူးသလောက် ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။

(၁)။ ။လေ.ကျင်.မှု အစီအစဉ်တစ်ခုကိုဘယ်လောက်ကြာကြာကစားသင်.သလဲ
လေ.ကျင်.မှု အစီအစဉ် တစ်ခုဟာတစ်ယောက်အတွက် ကောင်းပေမယ့် နောက်တစ်ယောက်အတွက် အကျိုးမပြုနိုင်ပါဘူး။ ကာယဗလသမားတွေလည်းတစ်ယောက်နှင်. တစ်ယောက် မတူညီကြပါဘူး။ အဲဒါကြောင်. လေ.ကျင်မှု အစီအစဉ် တစ်ခုဟာဘယ်ဟာအကောင်းဆုံး၊ ဘယ်ဟာအမှန်ဆုံးဆိုတာဘယ်သူမှ တပ်အပ် မပြောနိုင်သလိုတရားသေဖြေဖို. ခက်ပါတယ်။ ယေဘူယျ အားဖြင်. ကာယဗလသမားအားလုံးနှင်.အကြုံး ၀င်တဲ. လမ်းညွှန်မှုကိုသာပေးနိုင်ကြပါတယ်။ ယေဘူယျ အားဖြင်. ကာယဗလသမားတစ်ဦးဟာဆိုရင် လေ.ကျင်မှု အစီအစဉ် တစ်ခုကိုရက်သတ္တပတ် ၆-ပတ် (တစ်လခွဲမှ နှစ်လအတွင်း) အထိစွဲစွဲ မြဲမြဲကစားသင်. ပါတယ်။ တစ်ချို.လည်း (၃) လအထိတောင် ကစားကြသူတွေရှိပါတယ်။(၁)  လောက်ကစားပြီးမတက်ဖူးထင်လို. ပြောင်းကစားတာမျိုးမလုပ်သင်.ပါဘူး။ အဲဒီလိုပါပဲကိုယ်နဲ.အကျိုးပြု တယ် ဆိုပြီးတော.လည်း (၃) လ ထက်ပိုပြီးရေရှည် မကစားသင်.ပါဘူး။ လေ.ကျင်.မှု အစီအစဉ် တစ်ခုဟာကိုယ့်အတွက်အကျိုးပြုရင် (၃) လထက်ပိုမကစားသင်.ပါဘူ.လို.အကြံပေးလိုပါတယ်။ လေ.ကျင်မှု အစီအစဉ် အသေးစိတ်ကိုစာအုပ် တစ်အုပ် နှင်. မှတ်တမ်းထားပါ။ ကိုယ်.ရဲ. တိုးတက်မှု အခြေအနေကို ပြန်လည် သုံးသပ်ကြည်.ပါ။ ကိုယ်နဲ. အသင်.တော်ဆုံး လေ.ကျင်.မှု အစီအစဉ် တစ်ခုကိုနားလည် တတ်ကျွမ်းသောနည်းပြတစ်ယောက်ထံမှာ ဖြစ်စေဒါမှမဟုတ် ကျွန်တော် တို. ဆိုဒ် မှ လေ.ကျင်.မှု သဘောတရားများကိုအခြေခံကျကျ နားလည်သော ကိုနိုင်ဦး ထံမှာလည်းတောင်းယူ နိုင်ပါတယ်။ ကိုနိုင်ဦးကိုယ်တိုင်လည်းလေ.ကျင်မှု အစီအစဉ်တွေကိုတင်ဆက်ပေးနေတာ ဖြစ်တဲ.အတွက် လေ.လာပြီးစမ်းသပ် လေ.ကျင်နိုင်ပါတယ်။ ကိုယ်နဲ. အသင်.တော်ဆုံးလေ.ကျင်မှု အစီအစဥ် တစ်ခုကိုအဖြေထုတ်ယူပါ။ ကျွန်တော် တို.လိုသာမန် လေ.ကျင်သူတွေ မပြောနှင်. ယနေ.ဆုကြေးစားမောင်အိုလံပီယာတွေတောင်မှ လေ.ကျင်.မှု အစီအစဉ်တွေက်ု ပြန်လည်သုံးသပ် အဖြေရှာပြီးလိုအပ်သလို ပြု ပြင် ပြောင်းလဲကစားခြင်း၊ အလေးတိုးအလေးလျှော. ကစားခြင်း၊ စတာတွေကိုမကုန်ဆုံး နိုင်တဲ. ပညာရပ် တစ်ခုအနေနဲ.အမြဲမျက်ခြည်မပြတ် စူးစမ်းသုံးသပ်နေကြတယ် ဆိုတာတင်ပြပေးလိုက်ပါတယ်။
(၂)။ကာယဗလသမားများရေနေ.စဉ် ဘယ်လောက်သောက်သင်.သလဲ
လူတိုင်းဟာရေကိုနေ.စဉ် သောက်သင်. သောက်ထိုက်တဲ.အတိုင်းအတာ နှင်.အညီလုံလောက်အောင်
 သောက်ရပါမယ်။ ယနေ. လူအများစုဟာရေကိုအရေးပါတဲ. အာဟာရတစ်ခုအဖြစ် အသိအမှတ် မပြုတတ်ကြပါဘူး။ ဒါပေမဲ. အသက်ရှင်ဖို.အတွက် အောက်ဆီဂျင်ပြီးရင် ရေဟာဒုတိယအရေးကြီးဆုံးပါပဲ။ ရက်ပေါင်းများစွာအစာမစားဘဲနေနိုင်ပေမယ် ရေကိုရက် အနည်းငယ် မသောက်ပဲမနေနိုင်ပါဘူး။ ဒါကြောင်.လည်းရှေးလူကြီးတွေကထမင်းအသက် (၇) ရက် ရေအသက် တစ်မနက် လို. တင်စားခဲ.ကြတာ ဖြစ်တယ်။ ကိုယ်ခန္ဒာ အလေးချိန်ရဲ.(၄) ပုံ (၃) ပုံဟာရေတွေ ဖြစ်ပါတယ်။ လူကြီးတစ်ယောက်ရဲ. ကိုယ်ခန္ဒာမှာ ပျှမ်းမျ ရေ (၁၀) ဂါလံလောက် ပါဝင်ပါတယ်။ ရေရဲ. အစွမ်းသတ္တိဟာကျေချက် ထားသမျှ အာဟာရများ၊ ဗီတာမင်များ၊ သတ္တုဓာတ်များတို.ကိုအရည်ဖျော်ပြီးသွေးကြောများအတွင်း ၀င်နိုင်ရေးအတွက် လုပ်ဆောင် ပေးပါတယ်။ ရေဓာတ်ဟာကိုယ်ခန္ဒာ ရဲ. အပူချိန် ကိုလည်းထိန်းချုပ်ပေးပါတယ်။ ကိုယ်အတွင်းမှာရေဓာတ်နည်းလွန်းရင် ၊ကြွက်သားများအားယုတ်ပြီး ကြွက်တက်ခြင်းနှင်. မောပန်းလွယ်ခြင်းတို. ဖြစ်နိုင်သလို ကြွက်သားကလပ် စည်းများအတွင်းရေဓာတ်မရှိ တဲ.အခါမှာ ကြွက်သားမျှင်များတည်ဆောက်မှုနှင်. ကြွက်သားများခွန်အားပြည်. အလုပ်လုပ် ဆောင်မှု ကိုထိခိုက်စေပါတယ်။ ရေမရှိရင် အဆိပ်အတောက်ဖြစ်စေတဲ.ဓာတ်များကိုယ်တွင်းသွေးကြောကြီးများထဲမှာ စုဝေးနိုင်စေပါတယ်။ အဲဒီအခါမှာသွေးပမာဏလျှော.ကျပြီးအောက်ဆီဂျင် နှင်. အာဟာရများကိုယ်တွင်းပို.ဆောင်ပေးနိုင်စွမ်းကိုထိခိုက်စေပါတယ်။ ၀မ်းချုပ်မှု ကိုကာကွယ်ပေးပြီး ၀မ်းတွင်းမှ အညစ်အကြေးများကို ပြင်ပသို. ရောက်အောင်လည်းဆောင်ရွက်ပေးပါတယ်။ အမေရီကန် ပြည်ထောင်စုဘေလာဆေးကောလိပ်မှ ဆေးပညာရှင် ဆီးပါမောက္ခ ဒေါက်တာဒေါ်နယ်ဂရစ်ဖစ် ရဲ. အဆိုအမိန်.အရရေကိုအလုံအလောက် မသောက်ရင် ဆီးသွားနဲနိုင်ပါတယ်၊ ဆီးသွားနည်းခြင်းဟာကျောက်ကပ်မှာကျောက်တည်စေနိုင်တဲ. အန္တရာယ်ကိုအားပေးမှု ဖြစ်စေနိုင်တယ်လို. ဆိုထားပါတယ်။ ရေသောက်နည်းခြင်းဟာ ၀မ်းဗိုက်အတွင်း အစာချေဖျက်မှု ပြသာနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။ နှလုံး နှင်. သွေးကြောအဖွဲ. အလုပ် လုပ်ဆောင်မှု ကိုလည်းထိခိုက်စေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်အမြစ်နှင်. ကြွက်သားများနာကျင်ကိုက်ခဲ ခြင်းတို.ကို ဖြစ်စေနိုင်တယ်လို. ဆိုပါတယ်။
ကျန်းမာရေးပါရဂူများရဲ. အဆိုအရကိုယ်အလေးချိန် (၁၅၄) ပေါင်ရှိတဲ. ပျမ်းမျှ အမျိုးသားတစ်ဦးဟာနေ.စဉ် ရေဖန်ခွက် (၁၂)ခွက် ခန်.သောက်ဖို. လိုအပ်ပါတယ်။ ကိုယ်အလေးချိန် (၁၂၀) ရှိတဲ.ပျမ်းမျှ အမျိုးသမီးတစ်ဦးဟာနေ.စဉ် ရေ (၈) ခွက် ခန်. သောက်နိုင်ပါတယ်။ အလွယ် တွက်မယ်ဆိုရင်တော. ကိုယ်အလေးချိန်၁၅ ပေါင် ကိုရေတစ်ဖန်ခွက် သောက်သင်. တယ် လို. ဆိုပါတယ်။ နောက်တစ်ခု က ရေဆိုတိုင်းကဖိန်းဓာတ်ပါတဲ. ကော်ဖီနှင်. အရက် တို.လိုအရည်မျိုးသောက်တာနှင်. မတူကြောင်းအဲဒီဖျော်ရည်နှင်. ယမကာများကိုသောက်သုံးခြင်းဖြင်. ရေသောက်စရာမလိုဘူး၊ ရေကိုလျှော. သောက်၇မယ်လို. ထင်နေခြင်းဟာမှားယွင်းကြောင်းဆိုထားပါတယ်။ ယင်းသို. အရက်ပါတဲ. ဖျော်ရည် ယမကာများနှင်. ကဖိန်းဓာတ် ပါ အရည်များကိုသောက်သုံးခြင်းဟာကိုယ်ခန္ဓာ အတွင်းမှ ရေအားဆုံးရှုံးမှု ကို ပါ လှုံ.ဆော် ပေးတယ်လို. ဆိုထားပါတယ်။ နောက်ဆုံးအနေနဲ. အကြံပေးလိုသည်မှာကာယဗလသမားများဟာတစ်နေ. ကိုရေ (၈) ခွက် မှ (၁၂) ခွက် ခန်. ပုံမှန် သောက်သုံးသင်.ပါတယ်။ ပြင်းပြင်းထန်ထန် လေ.ကျင်. လို. ချွေးထွက် များတဲ. နေ.ဆိုရင် ပို ပြီးသောက်သင်.ပါတယ်။ ပြိုင်ပွဲ ၀င် ကာယဗလသမားများအနေနဲ. ပြိုင်ပွဲ ၀င်ခါနီး တစ်ရက်နှစ်ရက် အလိုမှသာရေကိုအနည်းငယ် လျှော. သောက်ကြရပါတယ်။ ကြွက်သားများစိုပြေ မှု လျှော.မှာစိုးပြီးလျှော. မသောက်သူများလည်းရှိပါတယ်ဆိုတာတင်ပြရင်းရေဟာလူတစ်ယောက်အတွက် ဘယ်လောက် အရေးကြီးတဲ. အာဟာ ရ တစ်ခု ဖြစ်တယ် ဆိုတာေ၇းသား လိုက်ပါတယ်။
(၃)။ အောက်ပိုင်းအပြည်.ထိုင်ခြင်းနှင်. တစ်ဝက်ထိုင်ခြင်းဘာကွာခြားသလဲ
အောက်ပိုင်းအပြည်. ထိုင်ခြင်းနဲ. တ၀က် ထိုင်ခြင်းတို. ဟာ နှစ်မျိုးစလုံးကောင်းပါတယ်။ ကြွက်သားထိရောက်မှုကတော.နည်းနည်းကွာခြားပါတယ်။ အောက်ပိုင်းအပြည်.ထိုင်ခြင်းကပေါင်ရှေ.နောက် ကြွက်သားအားလုံး နှင်.တင်ပါး ကြွက်သားတွေကိုထိရောက်စေပြီး တစ်ဝက် ထိုင်ခြင်း က ပေါင်ရှေ. ပိုင်း ကြွက်သားတွေကိုထိရောက်စေပါတယ်။ အောက်ပိုင်းအပြည်. ထိုင်ခြင်းဟာအောက်ပိုင်းတစ်ခုလုံးအတွက် အထွေထွေ လေ. ကျင်.ခန်းတစ်ခုဆိုရင်လည်းမမှားသလိုကာယဗလသမားအားလုံးအတွက် မကစားမဖြစ် ကစား၇မယ်. ကြွက်သားနှင်. ခွန်အားတိုး လေ.ကျင်.ခန်းတစ်ခု ဖြစ်ပါတယ်။ လူသစ် ကာယဗလသမားများနှင်. အောက်ပိုင်း ကြီးထွားလိုသူများမုချ ကစားရမယ်. လေ.ကျင်.ခန်းတစ်ခု ဖြစ်ပါတယ်။
ပေါင်လုံးနှင်. တင်ပါးဆုံ ကြီးသူများ၊ ပေါင်ရှေ. ကြွက်သားပြည်. အောင် ကစားချင်သူများအတွက် တစ်ဝက် ထိုင်ခြင်းကိုပိုကစားသင်.ပါတယ်။ ပေါင်လုံးနဲ. တင်ပါးဆုံလိုတာထက်ပိုကြီးမှာကြောက်တဲ. ဟာကြူလီမင်းသားကြီးစတီးဖ်ရီးဖ်ကတော. (နဂိုကလည်းပေါင်လုံး ကြွက်သားတွေ ပြည်.သူဆိုတော.) တစ်ဝက် ထိုင်ခြင်းကိုတစ်ခါတစ်ရံမှသာကစားတယ်လို. ဆိုပါတယ်။ အောက်ပိုင်းအပြည်. ထိုင်ခြင်းဟာဒူးခေါင်းကိုထိခိုက်စေတယ် ဆိုတာ လေ.ကျင်.ခန်း ပြု လုပ်ပုံမမှန်ခြင်း၊ မနိုင်တနိုင် အလေးတွေ ကိုဆောင်.ပြီးထိုင်ထခြင်း၊ ခါးကုန်းပြီးထခြင်းစတာတွေကြောင်. ဒူးနာခါးနာ ဖြစ်တာတွေ ဖြစ်တတ်ကြတာပါ။ ပြီးတော. ဒူးနာ။ ခါးနာနေတဲ.အခါမျိုးမှာအောက်ပိုင်းအပြည်.ထိုင် လေ.ကျင်.ခန်းကိုမပြု လုပ်သင်. ပါဘူး။ အနေတော် အလေးနှင်. တစ်ဝက်ထိုင်ခြင်း ၊ ခြေတွန်းကန်ခြင်းတို. ကိုသာ ပြု လုပ်သင်.ပါတယ်။
၁။ အောက်ပိုင်းထိုင်တဲ. အခါမှာဘယ်တော.မှ အောက်ပိုင်း ကြွက်သားတွေကိုလျှော.ချပြီးအလေးဝန်ဖိအားနှင်. ထိုင်မချပါနဲ. ပေါင်ကြွက်သားညှစ်အားဖြင်.သာထိုင်ချပါ။
၂။ အောက်ပိုင်းထိုင်ရာမှာအောက်မှာထိုင်ချတဲ. အနေအထားမှာ ဖြစ်စေ ၊ အပေါ် ကို ပြန်ရောက်တဲ. အခါမှာ ဖြစ်စေအကြာကြီးထိန်းပြီးမရပ်ပါနဲ. အထိုင်အထ နှစ်ခုစလုံးမှာ ကြွက်သားညှစ်အား နှင်. သာပြု လုပ်ပါ။
၃။ အလေးကိုဘောက်ဆတ် ဘောက်ဆတ် နှင်. ထိုင်ထခြင်းမလုပ်ပါနှင်.။ ဒူးကို အန္တရာယ် ပေးနိုင်ပါတယ်။ ညှစ်အားနှင်. ဖြည်း ဖြည်းထိုင်ထ ပြု လုပ်ပါ။
၎။ အောက်ပိုင်းထိုင်တဲ. အခါမှာကျောကိုတတ်နိုင်သရွေ. တည်.တည်. မတ်မတ် ထားပြီးထိုင်ထ ပြုလုပ်ပါ။ တင်ပါးကိုနောက်ပစ်ပြီးခါးကုန်းထိုင်ထခြင်းဟာမမှန်ကန်ပါဘူး။ ဒူးနှင်. ခါးကိုနာစေပါတယ်။ အထက်ပါ အချက်တွေကိုလည်း ဖြည်.စွက် မှတ်သားပေးပါလို. အကြံပြု ရင်းအားလုံးပျော်ရွှုင်နိုင်ပါစေ။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com


No comments:

Post a Comment