arial" action="like" colorscheme="light">

Sunday, November 17, 2013

ကယ်လိုရီလွယ်လွယ်တွက်ကြစို့ 

လူသားတစ်ဦးအတွက် အာဟာရသည် အရေးကြီးသောနေရာမှ ပါဝင်နေသည်။သင်နေစဉ်လှုပ်ရှားမှုတိုင်းတွင် ကုန်ဆုံးသွားသောကယ်လိုရီများကို ပြန်လည်ဖြည့်တင်းပေးရန် အထူးအရေးပါသည်။ လုံလောက်မျှတမှုမရှိသော အာဟာရဖြည့်တင်းမှုမှသည်မလိုလားအပ်သောရောဂါများဝင်ရောက်နိုင်သည်။ထို့အတူပင်သာမန်လူသား
များအနေနှင့် အာဟာရအရေးပါသလို ကိုယ်တွင်းစွမ်းအင်များစွာကိုအသုံးချပြီးလေ့ကျင့်က
စားကြရသောအားကစားသမားများအတွက်ဆိုရင်တော့ပြောဖွယ်ရာမရှိပေ။အာဟာရနှင့်ပတ်သက်ပြီးအ
မျိုးမျိုးသောအယူအဆများနည်းလမ်းများလည်း တစ်ကျောင်းတစ်ဂါထာတစ်ရွာ
တစ်ပုဒ်ဆန်းပြောဆိုကြသည်များရှိသည်။နောက်ဆုံးအဖြေကတော့မှန်ကန်သည့်နည်းလမ်းဖြင့်စားသောက်
တတ်ရန်သည်အဓိကဖြစ်သည်။အာဟာရ အကြောင်းမပါဘဲမည်သည်. ကိုယ်ကာယတည်ဆောက်မှုကိုမှ ပြုလုပ်၍ မရပေ။ အကြောင်းမှု ကျွန်ုပ်တို. စားသောက်မှုပေါ် မူတည်ပြီး ကျွန်ုပ်တို. ကြီးထွားရှင်သန် နေရသောကြောင်. ဖြစ်သည်။ ကျွန်ုပ်တို. စားသောက်နေသောအာဟာရများသည် ကျွန်ုပ်တို. ကြီးထွားမှုကိုသာမကခွန်အားစွမ်းအင် ဟူသမျှကိုလည်း ထုတ်ဝေ ပေးလျှက် ရှိသည်။ ကားတစ်စီးသည် ဓာတ်ဆီမရှိလျင် မပြေးလွှား နိုင်သကဲ.သို. ကျွန်ုပ်တို. သည်လည်းအာဟာရမရှိဘဲနေ.စဉ် ရှင်သန် နိုင်စွမ်းရှိဖို. မဖြစ်နိုင်ပေ။ စားသုံးလိုက်သောအစားအစာများသည် နောက်ဆုံးအနေနှင်. ပါစကတေဇောဓာတ်နှင်. ရောစပ်လျှက် ခန္ဒာကိုယ် အတွက် လိုအပ်သောစွမ်းအင်များထောက်ပံ့ရန် ဓာတ်ဆီကဲ.သို. လောင်ကျွမ်းပေးရသည်။ လေ.ကျင်မှု သို.မဟုတ် လုပ်ကိုင် လုပ်ရှားမှု များကြောင်. ပျက်စီးယို.ယွင်းသွားရသော ခန္ဓာကိုယ် တစ်သျှူး မျှင်များအား ပြန်လည် တည်ဆောက် ပေးရန်အတွက် ခန္ဓာကိုယ်သည် နောက်ဆုံးအားကိုးစရာအဖြစ် အစာအာဟာရကိုပင် အားကိုးရသည်။ ခန္ဓာကိုယ်သည်
 အနားယူနေသောအခါတွင် ကလပ်စည်းခေါ် ခန္ဒာကိုယ်ရှိဓာတ်အိမ်စုများပျက်စီးနေသလိုပျက်စီးသွားသောကလပ် စည်းများအား ပြန်လည် တည်ဆောက်ရန် ကလပ်စည်းအသစ်များလည်းအသင်. စုဝေးနေသည် ဖြစ်သည်။ ထိုဖြစ်စဉ်သည် ခန္ဓာကိုယ် အတွက် မွေးသည်မှ သေသည်. အတိုင် မရပ်မနားလှုပ်ရှားနေသော ဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။
ကာယဗလ လေ.ကျင်.သူတစ်ဥိးအဖို. သူစားသောက်သောအစားအစာသည် သူ လေ.ကျင်.သောအလေးများနှင်. တန်းတူပင် ဖြစ်သည်။ အကြောင်းကားမှန်ကန်သောအစာအာဟာရမရှိလျင် သူသည် ပင်ပင် ပန်းပန်း လေ.ကျင်.ရန် အတွက် လုံလောက်သောစွမ်းအင်များမရနိုင်ပေ။ ထို.အတူတစ်သျှူးမျင် အသစ်များ ပြန်လည် တည်ဆောက် နိုင်မည်. ကုန်ကြမ်းလည်းသူရလိမ်.မည် မဟုတ်ပေ။ ကောင်းပြီဒါဆိုလျင် အကောင်းဆုံးအစားအာဟာရဆိုတာဘာလဲ။ ဆိုလိုသည်မှာအစားအစာများသည် ခေတ်မှီသောကုန်ထုတ် နည်းပညာများဖြင်. ပြုပြင် ဖော်စပ် ထားသောအစားအစာမဟုတ်သည်. သဘာဝ အစားအစာကိုဆိုလိုသည်။ သင်၏ အစားစားသောက်ပုံတွင် လူကိုကောင်းမွန်စွာအကျိုးပြုမည်. အာဟာရဓာတ် အစားအစာများ ပါဝင်နေသင်.ပြီးတစ်ရက်လျှင် တစ်မျိုးတည်းသို.မဟုတ် နှစ်မျိုးတည်းပါသောအစားအစာဖြင်.သာရပ်တည် မနေသင်.ပေ။ အာဟာရအမျိုးအမည် စုံလင်စွာစားသောက် သင်.ပေသည်။
ခန္ဓာကိုယ် အတွက် နေ.စဉ် လိုအပ်သောအာဟာရဓာတ်များနှင်. ပတ်သက်၍ သင်.အနေနှင်. ဖတ်ရှုပြီး ဖြစ်နိုင်ပါမည်။ မြန်မာဆိုရိုးအသုံး အနှုန်းတွင် အစားအသောက် အာဟာရနှင်. စပ်လျဉ်း၍ စားနိုင်မှ အားရှိမယ် ဆိုသောစကားတစ်ခွန်းရှိသည်။ အထူးသဖြင်. ကာယဗလအားကစားသမားများအတွက် ကတော. သွေးထွက် အောင် မှန်နေပေသည်။ ကာယဗလ လေ.ကျင်.မှု ပြင်းထန်စွာ ပြုလုပ် ပြီးသည်. အခါတိုင်းကိုယ်ခန္ဒာ အတွင်းရှိ ဇီဝ ကလပ်ခန်းများပျက်စီးမှု ဖြစ်နေသည်။ ထိုဖြစ်စဉ်ကို ကြွက်သားများ ဇီဝ ရုပ်ပျက်ခြင်း (Muscle catabolism) ဟုခေါ်သည်။ ထို.သို ဇီဝ ရုပ်ပျက်ခြင်းသည် ကာယဗလ ကြွက်သားများဖွံဖြိုး ကြီးထွားမှု အတွက် အဟန်.အတား ဖြစ်စေ နိုင်သည်။ ထို.ကြောင်. ဇီဝ ရုပ်ပျက်ခြင်းကိုကောင်းမွန်စွာဟန်.တား နိုင်ဖို.အတွက် လိုအပ်နေတာဘာလို. သင်ထင်လဲ? အာဟာရပဲပေါ.ဗျာ။ အာဟာရကောင်းမွန်စွာစားသောက်ပြီးကောင်းမွန်စွာအနားယူတတ်ဖို. လိုအပ်ပါတယ်။ အစားအသောက် အာဟာရကိုကောင်းမွန်စွာစားသောက်ခြင်းသည် ပဓာန ဖြစ်သည်။ ကာယဗလသမားတစ်ဦးသည် တစ်နေ.တာအတွက် လိုအပ်ချက် ကယ်လိုရီမည်မျှ စားသောက် ရမည်ကိုနားလည်ရန် လိုအပ်သည်။ လူတစ်ယောက် အတွက် ကယ်လိုရီလိုအပ်ချက်သည် တစ်ယောက်နှင်. တစ်ယောက် မတူညီ နိုင်ပေ။ ဘာကြောင်.နည်း။ တစ်နေ.တာကယ်လိုရီလိုအပ်ချက် သည် လူတစ်ဦး၏ အသက် အရွယ်၊ လိင်၊ မျိုးရိုးဗီဇ၊ ကိုယ်ခန္ဓာတွင် အဆီအနည်းအများတည်ဆောက် မှုနှင်. မိမိ ပြုလုပ်ရသောအားကစား လေ.ကျင်.မှု အပြင်းအပျော. ပေါ်တွင်လည်းမူတည်နေသည်။ လှုပ်ရှားမှု ပြုနည်းသူတစ်ဦးသည် ကယ်လိုရီနည်းနည်းသာလိုအပ်သလိုများသူသည် ကယ်လိုရီများများလိုအပ်သည်။ ခွန်အားသုံးပြီးလေ.ကျင်. ရသော ကျွန်တော်တို.လိုကာယဗလ လေ.ကျင်.သူတွေ ဆိုရင်တော. ကယ်လိုရီလိုအပ်မှု ဟာအတိုင်းထက် အလွန် ဆိုသလိုပါပဲ။ ယေဘူယျအားဖြင်. လူတစ်ယောက်သည် ငြိမ်သက်စွာနေချိန်အတွက် ကယ်လိုရီလိုအပ်မှု အပြင် လှုပ်ရှားမှု၊ အလုပ် လုပ်မှု၊ အားကစား လေ.ကျင်.မှု၊ တို.အတွက် ကိုထပ်မံလိုအပ်သောကယ်လိုရီတို.နှစ်ခုပေါင်းခြင်း ဖြစ်သည်။
အားကစားသမားများအတွက် ကယ်လိုရီတွက်ချက်မှု အမျိုးမျိုးရှိပါသည်။ ကယ်လိုရီလိုအပ်ပုံ၊ တွက်ပုံတွက်နည်းဖော်မြူလာအမျိုးမျိုးရှိပေသည်။ ယခုဆောင်းပါးတွင် ဖော်ပြ ထားသောတစ်နေ.တာကယ်လိုရီလိုအပ်မှု တွက်နည်းမှာအမေရိကန် ပြည်ထောင်စုဂျော်ဂျီယာ ပြည်နယ်၊ ဒုလုသ်မြို.ရှိ  ခွန်အားအိမ် အားကစားရုံ  (Power house Gym) မှ ပုဂ္ဂလိကနည်းပြဆရာနှင်. အာဟာရသုတေသီဘော်ဘီအာလ်ရစ်ခ်ျ (bobby Alridge)ကလမ်းညွှန်ထားသည်. ဖော်မြူလာတစ်ခုဖြစ်သည်။ သူ၏ ဖော်မြူလာအရလူတစ်ဦး၏ အနားယူချိန်တွင် လိုအပ်သည် . (B.M.Rခေါ်  Basic Metabolic Rate) အခြေခံ ဇီဝဖြစ်ပျက်မှု နှုန်းကိုရှေးဦးစွာတွက်ချက် ရပါသည်။ ထို.နောက် အားကစားရုံတွင် လေ.ကျင်.မှု အပြင်းအထန်ပေါ် မူတည်ပြီး B.M.R  ၅% မှ ၂၀-၃၀% အထိထပ်၍ ဖြည်.စွက် ပေါင်းစပ် ပေးရသည်။
အဆင်.(၁)။ အဆိုပါ ကိန်းကိုအသေမှတ်ထားပါ။ ၆၆.၅
အဆင်.(၂)။ ကိုယ် အလေးချိန် ပေါင်ကို ၁၃.၈ဖြင်. မြှောက်ပါ။ ထိုရလဒ်ကိုအဆင်.(၁)မှ  ကိန်းသေ ဖြစ်သည်. ၆၆.၅နှင်. ပေါင်းပါ။
အဆင်.(၃)။ အရပ်အမြင်.ကိုလက်မဖွဲ.ပြီး ၅.၀ဖြင်. မြှောက်ပါ။ ရလာသည့် အဖြေကိုအဆင်.(၁) နှင်. (၂) ပေါင်း၍ ရထားသည်. အဖြေနှင်. ထပ်ပေါင်းပေးပါ။
အဆင်.(၄)။ မိမိအသက်ကို ၆.၈နှင်. မြှောက်ပါ။ ရလာသည့် အဖြေကိုအဆင်. (၁) (၂) (၃) ပေါင်း၍ ရထားသည်. အဖြေနှင်. ထပ် ပေါင်းပေးပါ။
ဥပမာ။
အဆင်.(၁)   (+)   အဆင်.(၂)
—————-
ရလဒ်အဖြေ

(+)      အဆင်.(၃)
—————–
ရလဒ်အဖြေ

(+)အဆင်.၎
—————–
တစ်နေတာကယ်လိုရီလိုအပ်မှု အဖြေ
ထိုအဖြေသည် သင်. လိုအပ်သောတစ်နေ.တာကယ်လိုရီလိုအပ်မှု ဖြစ်သည်။ နောက်ဆုံးအနေနှင်. တစ်နေ.တာခွန်အားသုံးစွဲမှု အတွက် တွက်ချက် ပုံလေးတင်ပြ ပေးလိုက် ပါတယ်။ အပေါ်တွင် တွက်ချက်၍ ရရှိခဲ.သောအဖြေတွင် လှုပ်ရှားမှု နည်းလျင် ၅% ပေါင်းပါ။ လှုပ်ရှားမှု များလျင် ၁၀% ပေါင်းပါ၊ လှုပ်ရှားမှု ပြင်းထန်လျင် ၂၀% ပေါင်းပါ။ ဥပမာ။ တစ်နေ့တာကယ်လိုရီလိုအပ်ချက်သည် ၄၀၀၀ ဆိုပါစို.။ သင်သည် လှုပ်ရှားမှု ပြင်းထန်သူ ဖြစ်ပါကထို ၄၀၀၀ ကယ်လိုရီတွင် နောက်ထပ် ၂၀ ရာခိုင်နှုန်း ၈၀၀ ကယ်လိုရီထပ် ပေါင်းပေးရမည် ဖြစ်သည်။ နောက် အလျဉ်းသင်.ပါကတစ်နေ.တာကယ်လိုရီလိုအပ်ချက် နှင်.အညီမည်သို. စားသောက် ရမည် ဆိုသည်ကိုတင်ပြ ပေးပါမည်။ ထို.ကြောင်. ကာယဗလသမားများအနေနှင်. အာဟာရသည် ၈၀ ရာခိုင်နှုန်း လေ.ကျင်.မှုသည် ၂၀ ရာခိုင်နှုန်း ဆိုသည်. ဆောင်ပုဒ်ကိုလက်ကိုင် ထားကျင်.သုံးပြီးအောင်မြင်မှု အပေါင်းသရဖူဆောင်း၍ မိမိလိုချင်သောပန်းတိုင် အရောက် လျှောက်လှမ်း နိုင်ကြပါစေလို. ဆန္ဒပြုလျက်။
တင်ဆက်သူ---အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com


No comments:

Post a Comment