arial" action="like" colorscheme="light">

Sunday, November 10, 2013

နှလုံးရောဂါသမားများစားသင့်သောအာဟာရများ

တစ်နေ့လျှင်ကော်ဖီနှစ်ခွက်ကိုပုံမှန်သောက်သုံးခြင်းဖြင့်နှလုံးရောဂါနှင့်အရက်ကြောင့်ဖြစ် သာအသည်းပျက်စီးမှုကိုကာကွယ်ပေးနိုင်စွမ်းရှိကြောင်းသိရသည်။ နှစ်စဉ်နှလုံးအားနည်းရောဂါကြောင့်အ
သက်အန္တရာယ်ထိခိုက်သူပေါင်း၄၀ရာခိုင်နှုန်းခန့်ရှိပြီးအင်ဇိုင်းဓာတ်များပြားသောအရက်သောက်
သုံးခြင်းကြောင့်အသည်းပျက်စီးသူဦးရေများစွာရှိနေ ည့်အတွက်၎င်းရောဂါများကိုကာကွယ်နိုင်
ရန်နေ့စဉ်ကော်ဖီသောက်သုံးသင့်သည်ဟုအမေရိကန်နိုင်ငံသုတေသီတစ်ဦးဖြစ်သူဒေါက်တာအိုနေလ်း
နီမီတာကပြောခဲ့သည်။ ဒေါက်တာအိုနေလ်းသည်ကော်ဖီအကြောင်းလေ့လာရန်အသက်(၂၅)နှစ်မှ(၇၀)
အတွင်းရှိအမျိုးသား၊အမျိုးသမီးများအားစမ်းသပ်မှုပြုလုပ်ခဲ့ရာမည်သည့်ကော်ဖီအမျိုးအစားမဆိုအသည်း
 ရောဂါကိုကာကွယ်နိုင်စွမ်းရှိပြီးတစ်နေ့လျှင်ကော်ဖီတစ်ခွက်(သို့)နှစ်ခွက်သောက်သုံးသူများသည် ကော်ဖီလုံး
ဝမသောက်သုံးများထက်နှလုံးအားနည်းရောဂါဖြစ်ပွားနိုင်ချေ(၁၁)ရာခိုင်နှုန်းခန့်လျော့ နည်းသည်ကိုတွေ့ရှိခဲ့သည်။ဘော်စတွန်သုတေသနပညာရှင်ဖြစ်သူဒေါက်တာမာရေးလ်မစ်တယ် မန်းကမူကော်ဖီသောက်ခြင်းကြောင့်နှလုံးအားနည်းရောဂါဖြစ်ပွားနိုင်ချေလျော့ကျခြင်းသည်ယေဘုယျ
အားဖြင့်သွေးပေါင်တိုးလာမှုကြောင့်ဖြစ်နိုင်သည်ဟုသုံးသပ်ပြခဲ့သည်။
 ထို့ကြောင့်ယခုနောက်ဆုံးသုတေသနပြုလုပ်ချက်များအရကော်ဖီသောက်သုံးခြင်းသည် နှလုံးရောဂါနှင့်အ
သည်းရောဂါကိုကာကွယ်နိုင်စွမ်းရှိသော်လည်းကော်ဖီအလွန်အကျွံသောက်သုံး ခြင်းကဆိုးကျိုးများ
ကိုဖြစ်ပေါ်စေနိုင်သည်ဟုသိရသည်။
ဒိန်ချဉ်စားသုံးခြင်းဖြင့် သွေးဖိအားမြင့်တက်မှုနှုန်းလျှော့ချနိုင်
    သတ္တုဓာတ်၊ကယ်လ်ဆီယမ်ဓာတ်၊ပရိုတိန်းနှင့်ကယ်လ်လိုရီပါဝင်သည့်ဒိန်ချဉ်အားနေ့စဉ် သောက်
သုံးပေးခြင်းဖြင့်ခန္ဓာကိုယ်တွင်းသွေးဖိအားမြင့်တက်မှုနှုန်းကိုလျှော့ချနိုင်သည်ဟုအင်္ဂလန် နိုင်ငံဆေးပညာ
ဆိုင်ရာသုတေသီများကလေ့လာတွေ့ရှိခဲ့သည် သွေးတိုးရောဂါနှင့်ပတ်သတ်ပြီးပြုလုပ်သောသုတေသနများ
အရဒိန်ချဉ်နေ့စဉ်မှီဝဲသူများသည်သွေးဖိအားမြင့်တက်မှုလျော့ကျစေပြီးသွေးတိုးရောဂါဖြစ်ပွားနိုင်ချေနည်းပါး
သည်ကိုလည်း တွေ့ရှိခဲ့သည်။ဒိန်ချဉ်တွင်သတ္တုဓာတ်၊ကယ်လ်ဆီယမ်ဓာတ်နှင့်ပရိုတိန်းဓာတ်များပါဝင်သည့်အ
 တွက်သွားနှင့်အရိုးကိုခိုင်မာစေရုံသာမကအသားအရောကြည်လင်သန့်ရှင်းစေပြီးပြည့်စုံသော အာဟာရဓာတ်ကိုရရှိစေသည့်အပြင်ကျန်းမာရေးကိုအထောက်အကူပြုနိုင်သည့်ဆေးဝါးထဲတွင် ဒိန်ချဉ်အပါအ၀င်ဖြစ်သည်။ခန္ဓာကိုယ်တွင်းသွေးဖိအားမြင့်တက်မှုနှုန်းအားကုသမှုမရှိပါကသွေး ကြောများ
ပျက်စီးစေနိုင်ပြီးသွေးကြောတွင်းအမာရွတ်များဖြစ်စေကာမူသွေးကြောတွင်းရောက်ရှိ လာသည့်ကိုလက်စထရောများနှင့်မပေါင်းစပ်ဘဲသွေးခဲဖတ်များဖြစ်ပေါ်ပြီးသွေးကြောပိတ်ဆို့ဖြစ် နိုင်စေ
သည့်အတွက်ဆေးပညာဆိုင်ရာသုတေသသီများ၏သုတေသနပြုလုပ်ချက်များအရဒိန်ချဉ်ကို
 နေ့မှီဝဲပေးခြင်းဖြင့်၎င်းကျန်းမာရေးပြဿနာများကိုလျှော့ချနိုင်ပြီးသွေးတိုးရောဂါမဖြစ်ပွားသူလူ ပေါင်း
(၂၀၀၀)ကိုဆယ်နှစ်ကြာစမ်းသပ်လေ့လာခဲ့ရာဒိန်ချဉ်ရေရှည်သောက်သုံးသူများသည်သွေး တိုးရောဂါနှင့်သွေးဖိအားမြင့်တက်မှုမဖြစ်ပွားသည့်သူသူများဖြစ်သည်ကိုတွေ့ရှိခဲ့သည်။
ကလေးငယ်၊သက်ကြီးရွယ်အိုများ၊သွေးအားနည်းသူ၊ချူချာသူနှင့်မီးဖွားပြီးကာစမိခင်လောင်းများငုံးဥစားသုံး
သင့်ကလေးငယ်၊သက်ကြီးရွယ်အိုများ၊သွေးအားနည်းသူ၊ချူချာသူနှင့်မီးဖွားပြီးကာစမိခင်များငုံးဥစားသုံး
သင့်ကြောင်း၊ငုံးဥထဲတွင်ပါဝင်သည့်အာဟာရတန်ဖိုးသည်ကြက်ဥနှစ်လုံးစာနှင့်ညီမျှပြီးငုံးဥသည်လူ့အဆုတ်နှ
င့်သရက်ရွက်တို့ကိုအားကောင်းစေသည်။ဦးနှောက်သွေးကြောရောဂါရှိသူများသည်ငုံးဥကိုပမဏများစွာမစား
သုံးသင့်ကြောင်း၊ငုံးဥတွင်ပရိုတင်း၊အဆီသံဓာတ်၊လက်စီသင်၊Vitamin-A၊VitaminB1၊B2calcium၊မီးစုန်းဓာတ်၊ဆိုဒီယမ်၊မဂ္ဂနီဆီယမ်၊ခယ်လီယမ်၊ကန့်ညို(ဆီလီနီယမ်)၊ သတ္တုဓာတ်နှင့်ကိုလက်စထရောများလုံလောက်စွာပါဝင်သည်။ငုံးဥကိုစားသုံးမည်ဆိုပါကတစ်နေ့ လျှင်(၃)လုံးမှ(၅)လုံးထိစားသုံးရန်သင့်လျော်ပြီးငုံးဥတွင်ပါဝင်သည့်Vitamin-Bသည်ဆီးချိုရောဂါကို ကူညီကုသပေးပြီးဖောရောင်ခြင်းနှင့်အူလမ်းကြောင်းနာခြင်းကိုပါကုသပေးနိုင်သည်။အဆီနှင့်ကို လက်စထရောများပါဝင်မှုကြောင့်ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်သည်။ငုံးဥတွင်ပါဝင်သည့်ဓာတ် များသည်သွေးကျစေပြီးသွေးကြောကောင်းမွန်အောင်ကာကွယ်ပေးသည်။သွေးခဲခြင်း၊သွေးဖတ် ပိတ်ခြင်းများကိုကာကွယ်ပေးသဖြင့်နှလုံးသွေးကြောရောဂါသည်များအတွက်အားဖြည့်အစာအဖြစ် စားသုံးသင့်သည်။
    ငုံးဥရှိလက်စီသင်သည်ကြက်ဥထဲတွင်ပါဝင်သည်ထက်သုံးလေးဆပိုမိုပါဝင်သဖြင့်သန္ဓေ သားနှင့်ကလေးငယ်များအတွက်အားကောင်းစေသဖြင့်ကိုယ်ဝန်ဆောင်မိခင်များငုံးဥများများစား ပေးသင့်သည်။ငုံးဥနှင့်နွားနို့ကိုတွဲဖက်စားသုံးပါကသွေးအားနည်းသူ၊ကိုယ်ခန္ဓာအင်အားချည့်နဲ့နေသူ၊အစာ
အိမ်အားနည်းနေသူများအတွက်အထူးသင့်တော်ပြီးငုံးဥဆန်ပြုတ်စားသုံးပါကသွေးတိုးသမားတို့ကိုသွေး
ကျစေပြီးအသည်းနှင့်ကျောက်ကပ်ကိုလည်းအားဖြည့်ပေးသည်။ငုံးဥနှင့်တရုတ်ကြက်သွန်မြိတ်ကြော်တွဲဖက်
စားသုံးပါကကျောက်ကပ်အားနည်းခြင်း၊ခါးနာခြင်းပန်းသေပန်းညှိုခြင်းများအ တွက်အထူးကောင်းမွန်ပြီးတီဘီရောဂါ၊အဆုတ်အားနည်းပြီးကာလကြာရှည်ချောင်းဆိုးနေသူများကို
 ဖြည်းဖြည်းချင်းကောင်းမွန်စေသည်။ငုံးဥကိုလိမ္မော်သီးနှင့်တွဲမစားသင့်ဘဲစားမိပါက၀မ်းပျက်ခြင်း၊ ၀မ်းဖောရောင်ခြင်းနှင့်အစာမကြေခြင်းတို့ဖြစ်စေပြီးငုံးဥကိုဝက်အသည်းနှင့်တွဲမစားရန်လိုအပ်ပြီးစားမိပါက
လိပ်ခေါင်းရောဂါဖြစ်ပွားတတ်ကာအမည်းစက်များထွက်ပေါ်လာနိုင်သည်။
တင်ဆက်သူ-အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com


No comments:

Post a Comment