ဆောင်းပါးခေါင်းစဉ်ဖတ်ပြီးတော့စဉ်းစားစရာလေးတွေ၊သိချင်တာလေးတွေဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။
အဲဒီလိုဆွေးနွေးတင်ပြချင်လို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ။
ကျွန်တော်တို့ ကျန်းမာလို၍ကစားနေသော၊fitness and bodybuilding က၊ကျွန်တော်တို့ ကိုအုတ်ဂူအတွင်း
သို့ မြန်မြန်မပို့ ဆောင်စေသင့်ပါဘူး။
နှလုံးသန်စွမ်းအောင်လေ့ကျင့်တဲ့၊ကာဒီရိုလေ့ကျင့်ခန်းတွေက၊ကျွန်တော်တို့ နှလုံးကိုစောစောမရပ်
သွားစေသင့်ပါဘူး။
ကျွန်တော်တို့ သန်စွမ်းအောင်လေ့ကျင့်တဲ့ဒမ်ဘယ်တွေ၊ဘာဘယ်လ်တွေက၊ကျွန်တော်တို့ ကို၊သေမင်းနဲ့ စစ်ခင်း
ရလောက်အောင်တော့၊မသန်စွမ်းစေနိုင်ပါဘူး။
မိသားစုနဲ့ အတိုက်အခံလုပ်ပြီး၊ကျွန်တော်တို့ သွားနေတဲ့ gym တွေက၊မိသားစုတွေအတွက်နာကျင်စရာ
တွေထပ်မံမဖြစ်စေသင့်ပါဘူး။လုံးဝမဖြစ်စေသင့်ပါဘူး။
ဒါဆိုဘာလုပ်ကြမလဲ?အဖြေကရှင်းပါတယ်။ ကျွန်တော်ပထမဦးဆုံးပြောချင်တာက
# Educate & Dominate #ဆိုတာပါပဲ။
ကျွန်တော်တို့ fitness and bodybuildingအားကစားနယ်ပယ်မှာ၊တွင်ကျယ်စွာအသုံးပြုနေကျတဲ့ဝေါဟာရ
တစ်ခု၊ကစားသမားတိုင်းဝံ့ကြွားစွာသုံးတဲ့အသုံးအနှုံးတစ်ခုကတော့ hardcore ဆိုတာပါပဲ။Hardcore ကိုနားလည်မှုအနည်းငယ်လွဲနေသေးတဲ့ကျွန်တော်တို့ တိုင်းပြည်မှာ၊ကိုယ့်ကိုကိုယ်လက်တွေ့ ကျလှပါပြီဆိုသော၊ဘာချန်ပီယံ၊ညာချန်ပီယံဆိုသောနည်းပြများအပါအ၀င်၊နည်းပြအတော်များများက၊လေ့ကျင့်ခန်းလုပ်တာမတိုးတက်ရင်၊အလေးထပ်တိုး၊အကျော့ထပ်တိုး၊လေ့ကျင့်ခန်းတစ်ခုကို၊ခြောက်ကျော့ကစား၊ပိုပိုပြီးကစား၊ပြင်းပြင်းထန်ထန်ကစားစသည်ဖြင့်ညွှန်ကြားတတ်ကြသည်။အမျိုးသမီးကစားသမားများကိုလည်း၊အဆီချလိုသည်ဖြစ်စေ၊ခန္ဓာကိုယ်ထွားကျိုင်းလိုသည်ဖြစ်စေ၊ရလာဒ်မတိုးတက်လာပါက၊ထိုကစားသမား၏အားနည်း
ချက်ဟုဆိုကာ၊ပိုပို၍မောင်းတတ်ကြသည်မှာမျက်စိပျာဝေ၊မူးလဲသည်အထိကစားဖူးသူတိုင်းအသိပင်ဖြစ်သည်။ထိုနည်းပြများသည်ပြသနာတစ်ခု၏အဖြေကိုဖွေရှာရာတွင်မိမိထံမှမစတင်ဘဲ၊ကစားသမားများတစ်ဖက်သားထံမှအဘယ်ကြောင့်စတင်ရပါသနည်း။ပြသနာတော်တော်များများ၏အဖြေမှာကစားသမားများကြောင့်မဟုတ်ဘဲ၊မိမိတို့ ကိုယ်ကိုလက်တွေ့ ကျလှပါသည်၊စာတွေ့ မလိုဟုဆိုသောနည်းပြဆိုးများကြောင့်ဖြစ်နေတတ်သည်။
The Centers of Disease Control မှလေ့လာတွေ့ ရှိချက်များအရ-
ကျန်းမာသန်စွမ်းလိုသော၊အရွယ်ရောက်သူများ၊အနေနှင့်တစ်ပါတ်လျင်၊အလေးဖြင့်လေ့ကျင့်ကစားသော anaerobic လေ့ကျင့်ခန်းနှစ်ကြိမ်၊သုံးကြိမ်နှင့်ကိရိယာလွတ်၊အသက်ရှုအဖွဲ့ အစည်းအတွက် aerobic လေ့ကျင့်ခန်းများကို၊စုစုပေါင်းကြာချိန်၊သုံးနာရီအများဆုံးသာလေ့ကျင့်သင့်ပါသည်ဟုအကြံပေးတင်ပြ
ထားပါသည်။ပို၍ရှင်းလင်းအောင်၊တင်ပြရမည်ဆိုပါက၊တစ်ပါတ်လျင်လေ့ကျင့်ခန်းပြုလုပ်ချိန်၊သုံးနာရီထက်
မပိုစေရန်ဖြစ်ပါသည်။သွေးတိုး၊နှလုံး၊ဆီးချိုရောဂါဝေဒနာသည်များအနေနှင့်၊လေ့ကျင့်ခန်း၏ပြင်းအား(intensity)ကိုအထူးချိန်ဆလေ့ကျင့်သင့်ပါသည်။
လူတွေသုံးနေကြသော၊Hardcore
ဆိုသည့်ဝေါဟာရသည်၊ခန္ဓာကိုယ်ကိုအလွန်အကျူးသက်ရောက်စေသည့်
မည်သည့်ရုပ်ခန္ဓာလှုပ်ရှားမှုမျိုးကိုမဆို၊ဆိုလိုပါသည်။အချို့ ညီငယ်များသည်ကစားချိန်တစ်ချိန်တည်းတွင်ပင်
လျင်၊ကြာချိန်နှစ်နာရီနီးပါးမျှရှိနေတတ်သည်ကိုတွေ့ နေရပါသည်။ထိုညီငယ်များကိုယ်တိုင်က၊ထိုမျှကစားသော်
လည်းရလာဒ်ကောင်းများကိုမိမိတို့ ကိုယ်တိုင်မြင်တွေ့ နေရသည်ဟုစောဒကတက်လာပါက၊ကျွန်တော့်အနေနှင့်
တစ်ခုသာအဖြေပေးလိုသည်မှာ၊ကစားချိန်ကိုအနည်းငယ်စီလျော့ချကြည့်လိုက်ပါ။ညီငယ်တို့ ပုံမှန်စားသောက်
နေသော life style ဖြင့်ပင်ခန္ဓာကိုယ်ပိုမို၍ထွားကျိုင်းလာမည်ကိုမျက်ဝါးထင်ထင်တွေ့ ရမည်ဟုအာမဘန္တေခံ
ပါ၏။
ကျွန်တော့်ယခင်စာအုပ်များနှင့်၊ဆောင်းပါးများတွင်ကျွန်တော်အမြဲတင်ပြလေ့ရှိသည်ကိုကျွန်တော့်ဆောင်းပါး
များစွဲမြဲစွာဖတ်သူတို့ သတိထားမိမည်ဖြစ်သည်။အမှားအများဆုံးမှာ-လေ့ကျင့်မှုလွန်ကဲခြင်း (over training)နှင့်
လေ့ကျင့်မှုစံမမှီခြင်း(under training)ပင်ဖြစ်သည်။ကျွန်တော့်အမြင်လေ့ကျင့်မှုစံမမှီခြင်းက၊အချိန်ကုန်၊လူပမ်း
ဖြစ်ရုံထက်ပို၍ဘာမှဆိုးရွားစွာထိခိုက်မှုမရှိစေနိုင်ပေမဲ့၊လေ့ကျင့်မှုလွန်ကဲခြင်းက၊ဇွဲရှိသူများအတွက်ရုပ်ပိုင်းဆိုင်
ရာမသိသာသော်လည်း၊ခန္ဓာကိုယ်တွင်းဟိုမုန်းစနစ်၊အအိပ်အပေါ်သက်ရောက်မှု၊ကြွက်သားနှင့်ခွန်အားဖြစ်တည်
မှုအပေါ်ဆိုးရွားစွာသော၊သက်ရောက်မှုများဖြစ်ပေါ်စေနိုင်ပါသည်။ကျွန်တော်တို့ နိုင်ငံမှ၊ညီငယ်ကစားသမားများ
အနေနှင့်၊ဇွဲလုံ့ လ၀ီရိယကောင်းလွန်း၍ထင်သလောက်ရလာဒ်မထူးကြခြင်းဟုကျွန်တော်အကြံပြုလိုပါသည်။
ခန္ဓာကိုယ်ကြီးထွားလိုသူများသည်၊
၁-မှန်ကန်တိကျသောအသိပညာဗဟုသုတ(Knowledge)
၂-စနစ်တကျလမ်းညွှန်ပြသနိုင်သောနည်းပြ(Qualified trainer)
၃-စွဲမြဲစွာ၊ကြိုးစားလေ့ကျင့်နိုင်သည့်စိတ်ဓါတ်၊ဇွဲ
စသည့်အချက်များပြည့်စုံပါက၊လုံလောက်ပြီဖြစ်ပါသည်။
အထက်ပါအချက်သုံးချက်ကိုတစ်ချက်စီဆွေးနွေးလိုပါသည်။စာဖတ်သူများကလည်းမိမိတို့ ၏အမြင်များကို
လွတ်လပ်ပွင့်လင်းစွာဆွေးနွေးနိုင်ပါသည်။ကျွန်တော့်အနေနှင့်လည်းတစ်ချက်ခြင်းစီကို၊အလျဉ်းသင့်သလို
ဆောင်းပါးရေးကာဆွေးနွေးတင်ပြသွားပါဦးမည်။စာဖတ်သူများကလည်း၊မိမိတို့ အမြင်လိုအပ်သည်ထင်သည့်
အချက်များကိုလည်းထည့်သွင်းဆွေးနွေးနိုင်ပါသည်။
လေးစားလျက်-
နိုင်ဦး-၁၁၉

ကျေးဇူးတင်ပါတယ် ဗျာ Facebook က ခင်ဗျားတို့ Apk ကlink သေနေပီး ...blog မှာလည်းဘာမှမတင်တော့ Facebook အမြဲမသုံးတဲ့ ၊သုံးဖို့အဆင်မပြေတဲ့ ကျနော်တို့လိုနယ်က ပရိတ်သတ်တွေအတွက် Apk လေးက အားကိုးစရာပါ...ပီးတော့ Facebook ဆိုတာတကယ်တော့ရေပေါ်ဆီပါ ဖတ်ပီးမေ့မေ့ပျောက်ပျောက်နဲ့ တခြားဖတ်စရာတွေလည်း အများသားဆိုတော့ ...Blog ဆိုတာတော့ သီးသီးသန့်သန့်ပဲ ပီးတော့ Referenceလုပ်ရတာလည်းခန့်ခန့်ရန့်ရန့်နဲ့ ဘယ်လောက်ကောင်းလည်းဗျာ...Facebook မှာလည်းတင်တာတင်ပေါ့ ဒါပေမယ့် Facebook မှာတင်တာကို Blog မှာလည်းတပြေးညီတင်ပေးဖို့တောင်းဆိုပါတယ်... Blog မှာ ဆောင်းပါးတွေ မဖတ်ရတာ ၄ လကျော်ပြီဗျ... Blog ပရိတ်သတ်တွေလည်းရှိသေးတယ်ဆိုတာ သတိယပေးပါ...Thanks...
ReplyDeleteဟုတ်ပါပြီဗျာ။အခုလိုကောမင့်ရေးအသိပေးတာကျေးဇူးပါ။နောင်ကိုလည်း
Deleteဖေ့စ်ဘုတ်နဲ့ တပြေးညီပြန်လည်တင်ဆက်ပေးပါ့မယ်ဗျာ။
လေးစားလျက်
နိုင်ဦး-၁၁၉
ကျွန်တော်ကစားတာက၅ရက်ကစား၂ရက်နားပါ
ReplyDeleteတစ်နေ့ကို၁နာရီဲနဲ့ငါးရက်ဆိုတော့ငါးနားရီဖြစ်နေတော့အဆင်ပြေပါ့မလား