arial" action="like" colorscheme="light">

Monday, September 28, 2015

ကျွန်တော်သာခရိုနီကြီးဖြစ်ခဲ့ရင်----


တစ်နေ့ကသူငယ်ချင်းတစ်ယောက်နှင့်လက်ဖက်ရည်ဆိုင်ထိုင်ရင်းFace book page အကြောင်းစကားစပ်မိရာမှာ သူငယ်ချင်းက မေးလာသည် မင်းတို့ page မှာ like ဘယ်လောက်ရပြီလဲတဲ့မေးလာတော့ ကျွှန်တော်ကလည်း အရိုးခံဖြင့် ၆၀၀၀ ကျော်ပြီ ပြောလိုက်တော့ တ၀ါးဝါး ဖြင့် အတူထိုင်နေသူ ကျန် ၃ယောက်က ပြက်ရယ်ပြုကြသည်။ဘာဖြစ်လို့များလဲ မေးတော့ မင်း စဉ်းစားကြည့်လေ မင်းတို့ အပင်ပန်းခံပြီး ရေးတယ် မင်းရယ် ကျန် ၂ယောက်ဖြစ်တဲ့သူ( ကိုနိုင်ဦး ကိုစိုင်းသီဟ ကျော်ဆန်း)တို့ မင်းတို့ကို ဘယ်သူတွေ အထင်ကြီးသလဲတဲ့ မင်းတို့ ကော့မင့် ဘယ်လောက်ရလဲ ဆိုပြီး သူ့ဖုန်းမှ လောင်းကစား Page တစ်ခုကို ဖွင့်ပြသည်(နာမည်တော့ မပြောတော့ပါ) မင်းဒီမှာတွေ့လား--- like လုပ်ထားသူ ၇ သောင်းကျော်တယ် ပို့စ်တစ်ခုတင်ရင် ကော့မင့်အနည်းဆုံး ၄၀ နှင့် ၅၀ ရှိတယ်။မင်းမယုံရင် ငါမနက်ကတင်ထားတာ လောင်းကစား နဲ့ပတ်သက်တဲ့ ပုံလေးတစ်ပုံ တွေ့ပလား Like 600 ကျော်တယ် ကော့မင့် ၄၀ ဟုတ်တော့လည်း ဟုတ်သည် သူပြောနေသည်တွေကအမှန်တွေ။မင်းတို့ နှစ်တွေ အများကြီး ပေးဆပ်ခဲ့တဲ့ မင်းတို့ ဒုက္ခ ခံခဲ့တာတွေက ငါ မနက်က တင်လိုက်တဲ့ ပို့စ် တစ်ခုလောက်တောင် တုန့်ပြန့်မှုမရဘူး။မင်းတို့ ကာယဗလလောကကြီး မတိုးတက်တာလည်း မပြောနဲ့ လူကြိုက်နည်းတယ်ဆိုတာလည်း မပြောနဲ့ လူငယ်အများစုက ဂိမ်းနဲ့ လောင်းကစားနွယ်တဲ့ အားကစားကိုသာ သဲသဲမဲမဲ နှစ်ခြိုက်ကြတယ်။လူငယ်တွေ စိတ်ပါလာအောင် ကိုယ်ကာယလေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိလာအောင် ဟောပြောပွဲတွေ ပြိုင်ပွဲတွေ မြို့နယ်အဆင့် ပြိုင်ပွဲတွေ ပုံမှန်ကျင်းပတာလည်းမတွေ့ဘူး။မင်းတို့--သွားကြည့်တဲ့ ကာယဗလ ပြိုင်ပွဲတွေမှာ ပေးတဲ့ ဆုကြေးကလည်း ပထမဆုတောင်မှ မက်လောက်စရာမရှိဘူး မင်းတို့ဆီက ပြိုင်ပွဲဝင် တစ်ယောက် ပြောတာ ငါကြားလိုက်တယ် ဆေးသောက်ခ တစ်လစာတောင် မကြေဘူးတဲ့။စပွန်ဆာ နည်းလို့လားတဲ့---ကျွန်တော့ကို မေးလာတယ်--- သူတို့ပြောတာတွေက အမှန်တွေချည်းမို့-- ငါလည်း ဘယ်သိမလဲကွ စပွန်ဆာနည်းတာလား---- စပွန်ဆာ မရှိတာလားဆိုတာတော့----ဆိုပြီး ဆင်ဝှေ့၇န်ရှောင်ဖြေလိုက်သည်။
ဟုတ်ပါသည်---ကာယဗလအားကစားသည် ကျွန်တော်တို့ ဆိုလျင်လည်း ၂၀၀၈ အကုန်လောက်ကတည်းကMyanmarFitnessတွင်ဒေါက်တာနိုင်ေ၀၀င်းနှင့်လက်တွဲပြီး ကိုနိုင်ဦး နှင့် ကျွန်တော်အပါအ၀င် ၃ယောက် တက်ညီလက်ညီ ကြိုးစားခဲ့ကြသည်။ဆောင်းပါးများလည်း မြိုင်မြိုင်ဆိုင်ဆိုင် ရေးသားခဲကြသည်။အကျိုးအမြတ်ကတော့ ထိုအချိန်က Facebook လည်း ယနေ့အချိန်လိုခေတ်မစားသေးပေ။Comment ပင်ဖြစ်သည်။စာဖတ်သူများနှင့် ကွှန်တော်တို့ကြားတွင် ဆက်သွယ်မှုသည် Comment ပင်ဖြစ်သည်။ကျွန်တော်တို့အတွက် အားဆေးသည်လည်း စာဖတ်သူများ၏ Comment ရေးသားမှုများကိုပြန်လည် ဖတ်ရူရင်းနှင့်ပင် ဆက်လက်ချီတက်ခဲ့ ကြသည်။နောက်ပိုင်းတွင် ကိုနိုင်ေ၀၀င်း အလုပ်မအားလပ်တော့၍ မြန်မာဖစ်တနက်စ်ဆိုက် ကိုဖျက်သိမ်းပြီး ကိုနိုင်ဦးနှင့် ကျွန်တော် www.muscleprofessor.blogspot.com တွင် ဆက်လက်ရေးသားခဲ့သည်။ထိုမှတစ်ဖန် ယနေ့ကဲ့သို့ Muscleprofessor Page အဆင့်သို့တက်လှမ်းလာခြင်းဖြစ်သည်။နှစ်တွေအများကြီး ပေးဆပ်ခဲ့ပါသည် ၀ါသနာလည်း ပါ၍ တစ်ဖက်ကလည်း လေ့လာရင်း မိမိကဲ့သို့ ၀ါသနာပါသူများသိရှိစေရန်ရည်ရွယ်ပါသည်။တစ်ခါတစ်ရံ အတိုက်အခံများ ဘေးထိုင်ဘုပြောသူများလည်း ကျွှန်တော်တို့ ၃ ဦး ကြုံခဲ့ရသည်။တစ်ယောက်နှင့် တစ်ယောက် အားပေးရင်း ဆက်လက် ချီတက်ခဲ့ကြသည်။ယနေ့ထိလည်း နောက်ကွယ်တွင် အချို့သော သူများက အမျိုးမျိုးပြောကြသည်ကို ကျွန်တော်တို့ နားတွင် ပြန်ကြားနေရသည်။သို့သော်လည်း ဂရုမစိုက်ပါ။ကျွန်တော်တို့ဘယ်သူ့ဆီကမှ စာမူခ ယူပြီး ရေးနေခြင်းမဟုတ် ဘယ်အာဏာပိုင် အဖွဲ့အစည်း၏ လမ်းညွှန်မှုအောက်တွင်မှ လျောက်နေခြင်းမဟုတ် အကျိုးအမြတ်မရှိသည့် ၀ါသနာအရင်းခံ စာရေးသမား သက်သက်သာဖြစ်သည်။
ကျွန်တော်ငယ်ငယ်က အိမ်နီးနားချင်းတစ်ဦးလည်းဖြစ် ကာယဗလကိုလည်းဝါသနာပါသော ဦးလေးတစ်ယောက်၏မိတ်ဆက်ပေးမှုဖြင့် ကျွန်တော်အိမ်နှင့် ၂မှတ်တိုင်သာဝေးသော ဘာတာမှတ်တိုင် လှိုင်စက်မှု ၁ရိပ်သာတွင် နေထိုင်သော ဦးတင်မောင်ဆွေ (ကျောက်ဘီးလူး)နှင့် ခင်မင်ခွင့်ရခဲ့သည်။လူကလည်း ခပ်ငယ်ငယ် ဆိုတော့ ကာယဗလအကြောင်း ဦးတင်မောင်ဆွေတို့ ပြောဆိုနေကြလျင် ဘေးနားမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ခဲ့ရသည်။ မှတ်မှတ်ရရ တစ်နေ့ ကျွန်တော်တို့ သွားလည်တော့ ဦးတင်မောင်ဆွေ နှင့် စကားစမြည်ပြောရင်း ကျွှန်တော်နှင့် ပါလာသူ ဦးလေးက ဆရာ ကိုယ်ပိုင်ထုတ်တဲ့ ကာယဗလစာစဉ်က နံပတ် ၅ နဲ့ ဆက်မထွက်တော့ဘူးလားမေးတော့ ငါ နံပတ် ၆ အဆင့်သင့်ပဲ ဒါပေ့မယ် ရှုံးလို့ မထုတ်ဖြစ်တာကွ။ဖတ်တဲ့သူ နည်းတယ် ငါတို့က ၀ါသနာကလည်းပါတော့ မရေးရလည်း မနေနိုင်ဘူးဆိုတော့ ရေးတော့ရေးချင်ပေ့မယ် ခဏရပ်ထားရတယ်။ သို့ပါသော်လည်း ဆရာ့လိုအင်ပြည့်ခဲ့ပါသည် ကာယဗလအဖွဲ့ချုပ်ကို ဦးကျော်ဝင်း ဥက္ကဌ အဇြစ်တာဝန်ယူစဉ်တွင် ဆရာဝါသနာပါသည့် ကာယဗလစာပေများရေးသားနိုင်ရန် ကာယဗလ ၀ါသနာရှင်များလည်း ဗဟုသုတရနိုင်ရန်ရည်ရွယ်၍ အဖွဲ့ချုပ်မှ ၂လတစ်ကြိမ် ကာယဗလဂျာနယ်တစ်စောင်ထုတ်ဝေခဲ့သည် အယ်ဒီတာချုပ်အဖြစ် ဆရာဥင်္ိးတင်မောင်ဆွေ ကိုတာဝန်ယူစေခဲ့သလို အဖွဲ့ချုပ်တွင်လည်း ဒုတိယဥက္ကဌ နည်းပြချုပ်ရာထူးများပေးအပ်ခဲ့သည်။ထိုခေတ်ကနာမည်ကျော် မောင်များလည်း မွေးထုတ်ပေးနိုင်ခဲ့သည် ကိုထွန်းထွန်းအောင် ကိုစိုးမိုးအောင် ကိုအာနိုး ကိုခိုင်လင်း ကိုအောင်နိုင် စသည့် နိုင်ငံတကာဆုတံဆိပ်ရ မောင်များပေါ်ထွန်းခဲ့သလို အခြားမောင်များလည်းထွက်ပေါ်ခဲ့သည်။ ကာယဗလရွှေခေတ်ဟု ဆိုလောက်အောင်ပင် ထိုက်ထိုက်တန်တန်နှင့် ရွှေတံဆိပ်များ တိုက်ခန်းများပင် ပေးအပ်ခဲ့သည်ကို ကျွန်တော် ခပ်ငယ်ငယ်ပင်ဖြစ်သော်လည်း ယနေ့တိုင်မှတ်မိနေသည်။အားရကျေနပ်ဖွယ်ကောင်းလှပါသည်။
ထိုခေတ်များကိုပြန်လည် တောင့်တမိပါသည် ။ကိုယ်တိုင်လည်း ကာယဗလအားကစားကိုလေ့လာလိုက်စားပြီး ၀ါသနာပါသော ဦးကျော်ဝင်း(ခ ) ဦးဗလကြီး ကဲ့သို့ ကာယဗလ၀ါသနာပိုး ဥက္ကဌဖြစ်ခြင်းသည် ထိုခေတ်က မောင်များ ကံကောင်းသည်ဟုပင် ထိုအချိန်က ပြောစမှတ်ပြုကြသည်။မြို့နယ်တိုင်းတွင်လည်း ကာယဗလ ကာယအလှပြိုင်ပွဲများ အဖွဲ့ချုပ်မှလည်း အလေးပြားများကို ဈေးသက်သက်သာသာနှင့် ရောင်းချပေးသည်။ကာယဗလပြိုင်ပွဲများကိုလည်း အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပေးခဲ့သလို အောင်မြင်မှုများထိုက်ထိတုက်တန်တန်ရရှီခဲ့သည်။အပြည်ပြည်ဆိုင်ရာ ကာယဗလအဖွဲ့ချုပ်မှချီးမြှင့်သည် ရွှေတံဆိပ် ငွေတံဆိပ်ဆု နှင့် အခြားဆုတံဆိပ်များကိုလည်း ဥက္ကဌအပါအ၀င် အမှုဆောင်များရရှိခဲ့သည်။ ကျွန်တော်အခုရေးပြ နေသည်များသည် ပုံပြင်မဟုတ်ခဲ့ပါ ထိုခေတ်ကို မှီခဲ့သည် မောင်ဟောင်းများသိကြပါမည်။ကိုထူးအောင် အပါအ၀င်ပေါ့။ ထိုကြောင့် ယနေ့အချိန်နှင့် ယှဉ်လိုက်လျင်တော့ ကွာနေပါသည်။စပွန်ဆာ---စပွန်ဆာလို တကြော်ကြော်သာ လိုက်ခေါ်ချင်ပါသည်။ ကျွှန်တော်သာ ခရိုနီကြီးဖြစ်ခဲ့ရင် ကျွန်တော်ဝါသနာပါသော ကာယဗလနှင့် ကာယကြံ့ခိုင်မှုဖွံ့ဖြိုးတိုး တက်ဖို့ စပွန်ဆာပေးလိုက်ချင်ပါတော့တယ်ဗျာ။

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment